(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၅၆၉ တွဲ ရောင်းချနိုင်ခဲ့

 

နေပြည်တော်   မေ   ၈
(၅၉)ကြိမ်မြောက် မြန်မာ့ကျောက် မျက်ရတနာပြပွဲ    ဆဋ္ဌမနေ့ကို ယနေ့ နံနက်ပိုင်းတွင်   နေပြည် တော်ရှိ မဏိရတနာကျောက်စိမ်း ခန်းမ၌    ဆက်လက်ကျင်းပရာ ပြည်တွင်း၊       ပြည်ပရတနာ ကုန်သည်များဖြင့် စည်ကားလျက် ရှိသည်။ 
နံနက်ပိုင်းမှစတင်၍   ပြည် တွင်း၊ ပြည်ပရတနာကုန်သည်များ သည် မဏိရတနာ ကျောက်စိမ်း ခန်းမအတွင်း  ခင်းကျင်းပြသထား သည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာ များအလိုက် ခင်းကျင်းပြသထား သည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ    ကြည့်ရှုကြ သည်။ 
ယနေ့ပြပွဲတွင် ကျောက်စိမ်း အတွဲအမှတ် (၉၅၁)မှ ၁၉၀၀ အထိ ကျောက်စိမ်းအတွဲများကို  ပြည် တွင်း၊ ပြည်ပ   ရတနာကုန်သည် များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျောက်စိမ်း အတွဲပေါင်း ၅၆၉ တွဲရောင်းချခဲ့ရ ကြောင်း ကြေညာခဲ့သည်။ 
မွန်းလွဲပိုင်းတွင် ကျောက်စိမ်း အတွဲအမှတ် (၁၉၀၁) မှ (၂၇၅၀) အထိ တင်သွင်းထားသောဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူ များက     ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့်    ကျောက်စိမ်း အတွဲများကို   ပြပွဲသတ္တမနေ့တွင် ကြေညာသွားမည်ဖြစ်သည်။ 
ထို့ပြင် မဏိရတနာကျောက် စိမ်းခန်းမအတွင်း၌ ကျောက်မျက် နှင့် လက်ဝတ်ရတနာ   အရောင်း ဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိ ရာ လာရောက်လေ့လာ ဝယ်ယူသူ များဖြင့်လည်း   စည်ကားလျက်ရှိ သည်။ 
(၅၉) ကြိမ်မြောက်    မြန်မာ့ ကျောက်မျက်ရတနာ    ပြပွဲကို နေပြည်တော်ရှိ    မဏိရတနာ ကျောက်စိမ်းခန်းမ၌  မေ ၃ ရက် မှ ၁၂ ရက်အထိ ကျင်းပနေခြင်း ဖြစ်ပြီး ပြပွဲဒုတိယနေ့တွင်  ပုလဲ အတွဲပေါင်း ၁၈၂ တွဲ၊ တတိယနေ့ တွင် ပုလဲအတွဲပေါင်း   ၁၉၇ တွဲ၊ စတုတ္တနေ့တွင်   ကျောက်မျက် အတွဲပေါင်း ၈၈ တွဲ၊  ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၅၄၆ တွဲ နှင့် ဆဋ္ဌမနေ့တွင်   ကျောက်စိမ်း အတွဲပေါင်း ၅၆၉ တွဲတို့ကို ရောင်းချ ပေးနိုင်ခဲ့ပြီး     ကျန်ရှိနေသည့် ကျောက်စိမ်းအတွဲများကို အိတ် ဖွင့်တင်ဒါစနစ်ဖြင့်   ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။              သတင်းစဉ်