(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ဆက်လက်ကျင်းပ

 

 

နေပြည်တော်   ဧပြီ   ၂၅
(၅၇)ကြိမ်မြောက်  မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို  ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပ ရာ ပြည်တွင်း၊    ပြည်ပရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။ 
မဏိရတနာ         ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက် အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများ အလိုက်  ခင်းကျင်းပြသထားသည့်  ကျောက်စိမ်းအတွဲ များကို  ပြည်တွင်း၊  ပြည်ပရတနာကုန်သည်များက စိတ်ကြိုက် လေ့လာကြည့်ရှုကြသည်။ 
ယနေ့ပြပွဲတွင် ကျောက်မျက်အတွဲအမှတ် ၁ မှ ၁၂၀ အထိ အတွဲပေါင်း ၁၂၀ အတွက် တင်သွင်းထား သော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများ က နံနက် ၉ နာရီတွင် တင်ဒါဖွင့်ဖောက် စစ်ဆေးကာ ကျောက်မျက်အတွဲပေါင်း  ၅၄ တွဲကို  ရောင်းချရ ကြောင်း  ကြေညာသည်။
ယမန်နေ့ပြပွဲတွင် ပုလဲအတွဲအမှတ် ၁ မှ ၃၃၀ အထိ   အတွဲပေါင်း  ၃၃၀  ကို   အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချပေးခဲ့ရာ    ပုလဲအတွဲပေါင်း   ၃၃၀ ကို   ပြည်တွင်း၊    ပြည်ပရတနာကုန်သည်များကို ရောင်းချနိုင်ခဲ့သည်။
ပြပွဲ ပဉ္စမနေ့တွင်   ကျောက်စိမ်းအတွဲ   အမှတ် ၁ မှ ၇၀၀ အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
ယခုပြပွဲတွင်    ပုလဲအတွဲများကို   အမေရိကန် ဒေါ်လာဖြင့်     ကြမ်းခင်းဈေးသတ်မှတ်ထားရှိပြီး ငွေပေးချေရာတွင်  ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊  ယွမ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက     အမေရိကန် ဒေါ်လာ၊ ယွမ်၊ ကျပ်ငွေတို့ဖြင့်လည်းကောင်း ပေးချေ ရမည်ဖြစ်ပြီး ကျောက်မျက်၊  ကျောက်စိမ်းအတွဲများ ကို ယူရိုငွေဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားရှိကာ ရတနာကုန်သည်များသည်   အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေတို့ဖြင့် ပေးချေသွားရမည်ဖြစ်သည်။
ယခုကျင်းပပြုလုပ်သည့်   (၅၇)   ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို  ဧပြီ   ၂၂  ရက် မှ ၂၈ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ ဧပြီ ၂၂ ရက် မှ ၂၄ ရက်အထိ အိတ်ဖွင့် တင်ဒါစနစ်ဖြင့်   ပုလဲအတွဲပေါင်း   ၃၃၀   နှင့် ကျောက်မျက်အတွဲပေါင်း  ၅၄  တွဲကို  ရောင်းချနိုင် ခဲ့ပြီး ကျောက်စိမ်းအတွဲ ၇၀၀ ကို ဧပြီ ၂၆ ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လည်းကောင်း၊  ကျောက်စိမ်း အတွဲပေါင်း  ၂၀၀၀ ကို ဧပြီ ၂၆ ရက်မှ ၂၈ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့်  ရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရသည်။                               သတင်းစဉ်