
နေပြည်တော် ဧပြီ ၂၈
(၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပိတ်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
နံနက်ပိုင်းမှစတင်၍ ပြည်တွင်း ပြည်ပရတနာ ကုန်သည်များသည် မဏိရတနာခန်းမအပြင်ဘက် တွင် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထား သည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။
ယနေ့တွင် ကျောက်စိမ်းအတွဲအမှတ် ၁၄၀၁ မှ ၂၀၀၀ အထိ ကျောက်စိမ်းအတွဲပေါင်း ၆၀၀ အတွက် တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများ ကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၃၅၅ တွဲကို ရောင်းချရ ကြောင်း ကြေညာသည်။
ပြပွဲတွင် ပြည်တွင်း ပြည်ပ ရတနာကုန်သည် များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၃၃၀ ကို ဧပြီ ၂၃ ရက်မှ ၂၄ ရက်အထိ ရောင်းချ ပေးခဲ့ရာ ပုလဲအတွဲပေါင်း ၃၃၀ ကို လည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ ကို ဧပြီ ၂၅ ရက်တွင် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၅၄ တွဲကို လည်းကောင်း၊ ကျောက်စိမ်းအတွဲပေါင်း ၂၀၀၀ ကို ဧပြီ ၂၆ ရက်မှ ၂၈ ရက်အထိ ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၁၃၃၅ တွဲကို လည်းကောင်း ရောင်းချပေးနိုင်ခဲ့သည်။
ထို့အပြင် ယခုကျင်းပြပြုလုပ်သည့် (၅၇) ကြိမ် မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံ သားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများရရှိစေနိုင်ရန်အတွက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစဉ်