
ရန်ကုန် မတ် ၂၂
၂၀၂၄ ခုနှစ် မတ် ၂၃ နှင့် ၂၄ ရက် တို့တွင် The 5th International Education Fair Myanmar ကို မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ Wyndham Grand Yangon Hotel ၏ Grand Ballroom တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြသမည်ဖြစ်ရာ အဆိုပါပြပွဲ တွင် The Japan Foundation Yangon က ပါဝင်ပြသသွားမည် ဖြစ်သည်။
ဂျပန်နိုင်ငံသို့ ပညာတော်သင် သွားရောက်နိုင်ရန် အတွက် Okayama University Japan Educational Information Cen-ter နှင့် Okayama University Japan Educational Informa-tion Center (OJEIC ) ၏ အကြံ ပေးမှုကို အခမဲ့ရယူနိုင်မည်ဖြစ် သည်။ ထို့အပြင် ဂျပန်ဘာသာ စကား၊ ယဉ်ကျေးမှုသင်ယူရာတွင် အထောက်အကူ ဖြစ်စေနိုင်မည့် အစီအစဉ်များကို ကြည့်ရှုလေ့လာ နိုင်မည်ဖြစ်သည်။
ဂျပန်ရိုးရာလက်ရေးလှ ရေးဆွဲ ခြင်း၊ Origami စက္ကူခေါက်နည်း သင်ကြားခြင်း၊ ဂျပန်ရိုးရာကစား နည်းများဖြစ်သည့် Kendama, Fukuwarai တို့ကို ပျော်ပျော်ရွှင်ရွှင် သင်ယူကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်းသူရ