(၄၄) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် ပြန်ကြားရေးဝန်ကြီးဌာနက အလှူငွေကျပ်သိန်း ၁၀၀ လှူဒါန်း

 

ရန်ကုန်   စက်တင်ဘာ  ၂၃


ပြန်ကြားရေးဝန်ကြီး     ဌာနက   မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ (၄၄)ကြိမ်မြောက် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲအတွက်  အလှူငွေကျပ် သိန်း  ၁၀၀ ပေးအပ်လှူဒါန်းခြင်းကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန် မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံ  ရုပ်ရှင်အစည်းအရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 


အဆိုပါ   အလှူငွေများကို ပြန်ကြားရေးဝန်ကြီးဌာန ကိုယ်စား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ   မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယကကြီး များနှင့် အမှုဆောင်များက လက်ခံ ရယူကြပြီး    နာယကကြီးများက ကျေးဇူးတင်စကား ပြန်လည်ပြော ကြားခဲ့သည်။   လှူဒါန်းရရှိသော ငွေကျပ်သိန်း  ၁၀၀ ကို အသက် ၇၀  နှစ်နှင့်အထက်  သက်ကြီး ရုပ်ရှင်ပညာရှင်   ၁၄၉   ဦးအား မြန်မာနိုင်ငံ    ရုပ်ရှင်အစည်းအရုံး စီစဉ်မှုဖြင့် လှူဒါန်းသွားမည်ဖြစ် ကြောင်း သိရသည်။


ရုပ်ရှင်သက်ကြီး  ပူဇော်ပွဲကို မြန်မာ့ရုပ်ရှင်နေ့အထိမ်းအမှတ် ဖြစ်သော အောက်တိုဘာ  ၁၃ ရက် တွင် နှစ်စဉ်ကျင်းပလျက်ရှိပြီး ယခု နှစ်တွင်လည်း ကျန်းမာရေးဝန်ကြီး ဌာနက    ထုတ်ပြန်ထားသော ကိုဗစ်-၁၉  ရောဂါ   စည်းကမ်း သတ်မှတ်ချက်များနှင့်    အညီ ကျင်းပပြုလုပ်     သွားမည်ဖြစ် ကြောင်း သိရသည်။            

FDC