
နေပြည်တော် ဇူလိုင် ၆
(၄၄) ကြိမ်မြောက် အာဆီယံမူးယစ် ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များ (44th ASEAN Senior Officials Meeting on Drug Matter and Its Rela-ted Meeting- ASOD) ကို မြန်မာနိုင်ငံ က အလှည့်ကျအိမ်ရှင်အဖြစ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။
ဦးစွာ ASEAN သီချင်းဖြင့် ဖွင့်ပွဲအခမ်း အနားကို ဖွင့်လှစ်ပြီး ASEAN နိုင်ငံများ ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဆောင်ရွက်ချက်များ Video Clipကို ပြသ သည်။
မူးယစ်ဆေးဝါးပြဿနာ
ထို့နောက် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အတွင်း ရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်က အမှာစကား ပြောကြားရာတွင် ယနေ့ တိုးတက် လာသည့် ခေတ်စနစ်အခြေအနေနှင့် နည်းပညာဆန်းသစ်မှုများအရ မူးယစ် ဆေးဝါးပြဿနာသည် လွန်စွာ ရှုပ်ထွေး လာပြီး တရားမဝင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ခြင်းနှင့် မှောင်ခို လုပ်ငန်းများသည် အာဆီယံဒေသတွင်း သာမက ကမ္ဘာ့နိုင်ငံတိုင်း ရင်ဆိုင်ကြုံတွေ့ နေရသည့် အန္တရာယ်အရှိဆုံး ပြဿနာ တစ်ရပ်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်မှုပုံစံနှင့် လမ်း ကြောင်းများ ပြောင်းလဲသွားခြင်းသည် တားဆီးနှိမ်နင်းရေး လုပ်ငန်းများအပေါ် စိန်ခေါ်မှုအခက်အခဲများကို ဖြစ်ပေါ်စေခဲ့ ပါကြောင်း၊ ယနေ့ ကမ္ဘာ့နိုင်ငံအများစု၏ မျိုးဆက်သစ်လူငယ်များ အကြားတွင် လည်း အလွယ်တကူဝယ်ယူရရှိနေသည့် လူလုပ်မူးယစ်ဆေးဝါးသုံးစွဲမှုများသည် များပြားလာကြောင်း၊ Happy Water ကဲ့သို့ စိတ်ပြောင်းဆေးဝါးအသစ်များ သည်လည်း နေ့စဉ်နှင့်အမျှ ပုံစံအမျိုးမျိုး ဖြင့် ပေါ်ထွက်လျက် ရှိနေခြင်းကြောင့် အနာဂတ်ကာလ မူးယစ်ဆေးဝါးပြဿနာ ၏ စိန်ခေါ်မှုအသစ်များနှင့် ဆက်လက် ရင်ဆိုင်နေရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် မူးယစ် ဆေးဝါးထုတ်လုပ်သယ်ဆောင် ရောင်းဝယ် မှုအခြေအနေများနှင့် သယ်ဆောင်ရာ လမ်းကြောင်း ပြောင်းလဲမှုများအပေါ် သုံးသပ်ပြီး အထူးစစ်ဆင်ရေးများကို စနစ် တကျစီမံချက်ချမှတ်ကာ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း လာအို၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် Operation 1511 / 22 သည် အောင်မြင်မှုများ ရရှိခဲ့ပါကြောင်း၊ လက်ရှိတွင်လည်း မူးယစ်ဆေးဝါးနှင့် ပရီကာဆာဓာတုပစ္စည်းများ တားဆီး နှိမ်နင်းရေးဆိုင်ရာ အထူးစစ်ဆင်ရေး Operation 39 ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ မြန်မာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက် လျက်ရှိကြောင်း။
အာဆီယံနိုင်ငံများ အချင်းချင်း သတင်းအချက်အလက်များ အချိန်နှင့် တစ်ပြေးညီ မျှဝေဖလှယ်မှုများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွား ရန်လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါး အန္တရာယ်သည် လူသားမျိုးနွယ်အားလုံး ကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်စိန်ခေါ် လျက်ရှိသည့်အတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံများအချင်းချင်း နိုင်ငံရေးရောယှက်မှု ကင်းရှင်းစွာဖြင့် အတူတကွပူးပေါင်းကာ တူညီသောဘုံရည်မှန်းချက်ဖြင့် နီးကပ်စွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြော ကြားသည်။
တာဝန်လွှဲပြောင်းပေးအပ်
ယင်းနောက် (၄၃) ကြိမ်မြောက် ASOD အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် မလေးရှားနိုင်ငံ ASOD ခေါင်းဆောင်က (၄၄) ကြိမ်မြောက် ASOD အစည်းအဝေး အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မြန်မာနိုင်ငံ ASOD ခေါင်းဆောင် ရဲမှူးချုပ် ဝင်းနိုင်ထံ သဘာ ပတိတာဝန်ကို လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင် ဦးဆောင်သောကိုယ်စား လှယ်များနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ မှ ASOD ခေါင်းဆောင်များဦးဆောင်သည့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်း ရေးမှူးရုံး၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)၊ ဩစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့ (AFP) တို့မှ ကိုယ်စားလှယ်များသည် ဒေသတွင်း မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းရေး ဆောင်ရွက်နေမှုနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများ၊ ယခင်အစည်းအဝေးများ၏ ရလဒ်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခဲ့မှု၊ အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကျင်းပနိုင် ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကုလသမဂ္ဂ မူးယစ်ဆေးဝါးကော်မရှင် (Commission on Narcotic Drug, CND) ၏ အဖွဲ့ဝင် အဖြစ် ပါဝင်ဆောင်ရွက်နေမှုနှင့် (၆၇) ကြိမ် မြောက် CND အစည်းအဝေးတွင် အာဆီယံကြေညာစာတမ်းတင်ပြနိုင်ရေး ကိစ္စရပ်များ၊ 45th ASOD အစည်းအဝေး ကျင်းပနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြသည်။
ဇူလိုင် ၅ ရက်တွင် 44th ASOD လုပ်ငန်း အဖွဲ့(၅) ဖွဲ့ဖြစ်သော ကြိုတင်ကာကွယ် ရေးနှင့် အသိပညာပေးရေးလုပ်ငန်းအဖွဲ့၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့၊ တားဆီးနှိမ်နင်းရေး လုပ်ငန်းအဖွဲ့၊ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်း အဖွဲ့နှင့် သုတေသနလုပ်ငန်းအဖွဲ့တို့၏ အစည်းအဝေးများကျင်းပခဲ့ပြီး အာဆီယံ အဖွဲ့ဝင် (၁၀) နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကာ အစည်းအဝေး တွင် ပြည်သူလူထုအား မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး ဆောင်ရွက်နေမှု များ၊ ဆေးစွဲလူနာများကုသပေးမှုအခြေ အနေများနှင့် လူမှုအသိုင်းအဝိုင်းတွင် ပြန်လည်ဝင်ဆံ့နိုင်ရေး ဆောင်ရွက်နေမှု များ၊ အစားထိုးဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ် များ၊ ဒေသတွင်း/ ဒေသပြင်ပ မူးယစ် ဆေးဝါးအခြေအနေများနှင့် ပရီကာဆာ ဓာတုပစ္စည်းထိန်းချုပ်ရေး ပူးပေါင်း ဆောင်ရွက်မှုများ၊ ပိုမိုကြီးထွားလာသည့် လူလုပ်မူးယစ်ဆေးဝါး ပြဿနာဆိုင်ရာ ကိစ္စရပ်များ၊ ရှေ့ဆက်ပူးပေါင်းဆောင်ရွက် သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ ကြောင်းနှင့် 44th ASOD အစည်းအဝေးသို့ အာဆီယံနိုင်ငံများအပါအဝင် မိတ်ဖက် နိုင်ငံများဖြစ်သော တရုတ်နိုင်ငံ၊ အိန္ဒိယ နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ရုရှားနိုင်ငံ၊ ကုလ သမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)၊ ဩစတြေးလျ ပြည်ထောင်စု ရဲတပ်ဖွဲ့(AFP)တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဇူလိုင် ၇ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်