(၄၁) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ

 

နေပြည်တော်    မတ်    ၂  


(၄၁) ကြိမ်မြောက်     အာဆီယံ စီးပွားရေး   ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့    (41st Meeting of the High-level Task Force   on   ASEAN   Economic Integration -HLTF-EI )   အစည်း အဝေးကို   ယနေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်    ကျင်းပ ရာ   ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊     မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေး  ပေါင်းစည်းမှု ဆိုင်ရာ      အဆင့်မြင့်လုပ်ငန်း အဖွဲ့ဝင် ဦးသန်းအောင်ကျော်နှင့် တာဝန်ရှိသူများ  တက်ရောက်ကြ သည်။

 


အစည်းအဝေးတွင်    သဘာ ပတိအဖြစ်       အင်ဒိုနီးရှားနိုင်ငံ စီးပွားရေး  ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးဌာန ဝန်ကြီး၏ နိုင်ငံတကာ စီးပွားရေး  ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ အထူးအကြံပေး Mr. Rizal Affandi Lukman က ဆောင်ရွက်ပြီး   အာဆီယံအဖွဲ့ဝင် နိုင်ငံများက    အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ    အဆင့်မြင့် လုပ်ငန်းအဖွဲ့ဝင်များနှင့် ကိုယ်စား လှယ်များ၊ အာဆီယံ အတွင်းရေး မှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူး ချုပ်နှင့် တာဝန်ရှိသူများ   တက် ရောက်ကြသည်။

 


သုံးသပ်ဆွေးနွေး


အစည်းအဝေးတွင်    ကမ္ဘော ဒီးယားနိုင်ငံက ၂၀၂၂ ခုနှစ်အတွက် အာဆီယံအလှည့်ကျ  ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်   အကောင်အထည် ဖော်ဆောင်ရွက်မည့်    စီးပွားရေး ဆိုင်ရာ  ဦးစားပေးလုပ်ငန်းများ၊ အာဆီယံဘက်စုံ      ပြန်လည် ထူထောင်ရေးမူဘောင် အကောင် အထည်ဖော်မှု၏    တိုးတက်မှု၊  စတုတ္ထစက်မှု      အသွင်ပြောင်းလဲမှု ဆိုင်ရာ   ပေါင်းစည်းမှု     မဟာ ဗျူဟာ   အကောင်အထည်ဖော်မှု၊ ဒစ်ဂျစ်တယ်စီးပွားရေးပေါင်းစည်း မှု      အရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်သည့်   ဘန်ဒါ ဆီရီဘီဂါဝန်           လမ်းပြမြေပုံ အကောင်အထည်ဖော်          မှုနှင့် အာဆီယံ၏   လက်ရှိဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု   လုပ်ငန်းစဉ် အပေါ် ပိုမိုခိုင်မာကျယ်ပြန့်အောင် ဆောင်ရွက်ရေး  လုပ်ငန်းစဉ်များ၊   ပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်း စေသည့်    ရေရှည်တည်တံ့သော စီးပွားရေးမူဘောင်     အကောင် အထည်ဖော်မှု၊      ကာဗွန်လျှော့ချ ရေးဆိုင်ရာ အာဆီယံမဟာဗျုဟာ ရေးဆွဲရေးအတွက် သဘောတရား စာတမ်းအပေါ်  အမြင်ချင်းဖလှယ် သုံးသပ်ဆွေးနွေးခဲ့ကြသည်။

 


ထို့ပြင်     အစည်းအဝေး၌   ၂၀၂၅ အလွန်   အာဆီယံမျှော်မှန်း ချက်        ရေးဆွဲဆောင်ရွက်မှု၊ အာဆီယံစီးပွားရေး      အသိုက် အဝန်း   လမ်းပြမြေပုံ     ၂၀၂၅ ကာလလယ်     သုံးသပ်ချက်အရ  ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း များ၊  အာဆီယံ၏   ကဏ္ဍများ အကြား ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်နှင့်   (၂၈) ကြိမ်မြောက် အာဆီယံ   စီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့  တင်ပြ မည့် အာဆီယံစီးပွားရေး   ပေါင်း စည်းမှုဆိုင်ရာ   အဆင့်မြင့်လုပ်ငန်း အဖွဲ့၏   အစီရင်ခံစာတို့ကိုလည်း ဆွေးနွေးကြသည်။

 


ရေးဆွဲဆောင်ရွက်


အစည်းအဝေးတွင်    ဒုတိယ ဝန်ကြီးက  ၂၀၂၂    ခုနှစ်အတွက် အကောင်အထည်ဖော်     ဆောင် ရွက်မည့်  စီးပွားရေးဆိုင်ရာ ဦးစား ပေးလုပ်ငန်းများမှာ အာဆီယံနိုင်ငံ အားလုံးအတွက်     လက်ရှိနှင့် အနာဂတ်     စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင်      လက်တွေ့ အသုံးချနိုင်မည်ဖြစ်၍    အောင်မြင် စွာ ဆောင်ရွက်နိုင်ရန်   ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။ ထို့ပြင်  အာဆီယံဘက်စုံ ပြန်လည် ထူထောင်ရေးမူဘောင်  အကောင် အထည်ဖော်မှုတွင်   မြန်မာနိုင်ငံ အနေဖြင့်    ဆောင်ရွက်လျက်ရှိ သည့် လုပ်ငန်းများ  အခြေအနေနှင့် ပတ်ဝန်းကျင်ထိခိုက်မှု  လျော့နည်း စေသည့်   ရေရှည်တည်တံ့သော စီးပွားရေးမူဘောင်    အကောင် အထည်ဖော်မှုတွင် အာဆီယံနိုင်ငံ များအကြား   ဖွံ့ဖြိုးမှုကွာဟချက် ကို          ထည့်သွင်းစဉ်းစား၍ လက်လှမ်းမီပြီး  လက်တွေ့ဆောင် ရွက်နိုင်မည့်အစီအစဉ်များ ရေးဆွဲ ဆောင်ရွက်ရန်     လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

 


အာဆီယံ        စီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ  အဆင့်မြင့် လုပ်ငန်းအဖွဲ့သည်      အာဆီယံ၏ စီးပွားရေး      ပေါင်းစည်းမှုကို ပိုမိုတိုးမြှင့်နိုင် မည့်  ကိစ္စရပ်များ၊    အာဆီယံတွင်း စီးပွားရေးဆိုင်ရာ    ကိစ္စရပ်သစ်များနှင့်     လက်ရှိ အကောင်အထည်ဖော်    လျက်ရှိ သည့်   စီးပွားရေးပေါင်းစည်းမှု       လုပ်ငန်းစဉ်များ၏  ဆောင်ရွက် မှုနှင့်         စပ်လျဉ်း၍   အာဆီယံ စီးပွားရေးဝန်ကြီးများထံ အကြံပြု ချက်များ          တင်ပြခြင်းနှင့် အာဆီယံအသိုက်အဝန်း၏   ၂၀၂၅ အလွန်    မျှော်မှန်းချက်ရေးဆွဲရာ တွင် အာဆီယံစီးပွားရေး အသိုက် အဝန်းအနေဖြင့်   ဆောင်ရွက်သင့် သည်များကို  အာဆီယံစီးပွားရေး မဏ္ဍိုင်၏    အကြံပေးအဖွဲ့အဖြစ် ဆောင်ရွက်လျက်ရှိသည်။ 


သတင်းစဉ်