
နေပြည်တော် ဩဂုတ် ၁၇
လူငယ်လူရွယ်များနှင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန်အပြင် ဇာတ်သဘင် ကြိုက်နှစ်သက် ကြသည့် မိဘပြည်သူများအတွက် “(၃၈) ဖြာ မင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို မေ ၂၁ ရက်မှ စတင်၍ အပတ်စဉ်စနေနေ့ တိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ည ၈ နာရီသတင်းအပြီးတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
အဆိုပါ (၃၈)ဖြာမင်္ဂလာအစီအစဉ်များအနက် ဘဝတိုးတက်ရေး အတွက် အဆုံးအမများစွာပါဝင်သည့် မဇ္ဇပါနာ စ သံယမော (သေရည် မျိုးတို့ကို သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း) အစီအစဉ်ကို ဩဂုတ် ၂၀ ရက် (စနေနေ့) ည ၉ နာရီတွင် ဆက်လက်ပြသမည်ဖြစ်သည်။
ယင်းအစီအစဉ်တွင် ရွှေနန်းတင်မျိုးဆက် သဘင်ပညာရှင် ဦးနန်းဝင်းက ရေးသားပူဇော်ပြီး ရန်ကုန်ဓူဝံတေးဂီတအဖွဲ့၏ တီးခတ် မှုနှင့်အတူ နန်းဝင်း (ရွှေနန်းသဘင်)၊ အကယ်ဒမီ မေသဉ္ဇာဦးတို့ ဦးဆောင်ပြီး ရန်ရှင်းမောင်၊ ထက်မြတ်အောင်၊ ပန်းကဗျာနှင့် သဘင် ပညာရှင်များ၊ အနုပညာရှင်များက ပါဝင်တင်ဆက်ကြမည်ဖြစ်သည်။
ဩဂုတ် ၂၄ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၆ နာရီ သတင်းအပြီးတွင် ထိုတင်ဆက်မှုကို ပြန်လည်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်