
နေပြည်တော် ဇူလိုင် ၂၀
လူငယ်လူရွယ်များနှင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန်နှင့် အသိပညာ ဗဟုသုတ တိုးပွားစေရန်အပြင် ဇာတ် သဘင်ကြိုက်နှစ်သက်ကြသည့် မိဘ ပြည်သူများအတွက် “(၃၈)ဖြာ မင်္ဂလာ အစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို မေ ၂၁ ရက်နေ့မှ စတင်၍ အပတ်စဉ်စနေနေ့ တိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ည ၈ နာရီသတင်း အပြီးတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
အဆိုပါ (၃၈)ဖြာမင်္ဂလာအစီအစဉ် များအနက် ဘဝတိုးတက်ရေးအတွက် အဆုံးအမများစွာပါဝင်သည့် ဝိရဇံ၊ ခေမံ (ကိလေသာကင်း၊ ဘေးမရှိခြင်း) အစီ အစဉ်ကို ဇူလိုင် ၂၃ ရက် (စနေနေ့) ည ၉ နာရီတွင် ဆက်လက်ပြသမည်ဖြစ်သည်။
ယင်းတင်ဆက်မှုကို ရွှေနန်းတင် မျိုးဆက် သဘင်ပညာရှင် ဦးနန်းဝင်းက ရေးသားပူဇော်ပြီး ရန်ကုန်ဓူဝံတေးဂီတ အဖွဲ့၏ တီးခတ်မှုနှင့်အတူ ရွှေဘုန်းကံ၊ မိုးပြည်ပြည့်မောင်၊ ရန်ရှင်းမောင်၊ ထက် မြက်အောင်၊ ဓာတ်လင်း၊ ရွှေအိုး၊ ဒိုးဇက် နှင့် သဘင်ပညာရှင်များ၊ အနုပညာရှင်များ က ပါဝင်တင်ဆက်ကြမည်ဖြစ်သည်။
အဆိုပါ အစီအစဉ်ကို ဇူလိုင် ၂၇ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၆ နာရီ သတင်း အပြီးတွင် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်