“(၃၈) ဖြာမင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှု မြန်မာ့ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်   မေ   ၁၈


လူငယ်လူရွယ်များနှင့် ကလေး ငယ်များ ယဉ်ကျေးလိမ္မာစေရန်နှင့် အသိပညာ ဗဟုသုတတိုးပွားစေ ရန်အပြင် ဇာတ်သဘင် ကြိုက်နှစ် သက်ကြသည့်  မိဘပြည်သူများ အတွက်  “(၃၈) ဖြာမင်္ဂလာ အစီ အစဉ်”  ဆန်းသစ်တင်ဆက်မှုကို မေ ၂၁  ရက်မှစတင်၍   အပတ် စဉ် စနေနေ့တိုင်း MRTV ၏ ည ၈ နာရီသတင်းအပြီးတွင်   မြန်မာ့ အသံနှင့်    ရုပ်မြင်သံကြား၏ MRTV-HD Channel မှ  ထုတ်လွှင့် ပြသမည်ဖြစ်သည်။

 


အဆိုပါ (၃၈)ဖြာ မင်္ဂလာ အစီ အစဉ်များအနက်   ဘဝတိုးတက် ရေးအတွက်   အဆုံးအမများစွာ ပါဝင်သည့်      “အသေဝနာစ ဗာလာနံ” (လူမိုက်ကို   ရှောင်ခွာ ခြင်း)နှင့် “ပတိရူပဒေသ ဝါသော စ” (သင့်တင့်လျောက် ပတ်သော အရပ်၌ နေရခြင်း) ဆိုသည့် အစီ အစဉ် (၂) ခုကို  ဦးစွာပြသမည် ဖြစ်သည်။

 


ယင်းတင်ဆက်မှုကို နန်းတော် ရှေ့ဆရာတင်၏ မျိုးဆက်သဘင် ပညာရှင် ဦးနန်းဝင်းက ရေးသား ပူဇော်ပြီး  ရန်ကုန်ဓူဝံ   တေးဂီတ အဖွဲ့၏     တီးခတ်မှုနှင့်အတူ သော်သော်နန်းဝင်း    (ရွှေနန်း သဘင်)၊    မိုးပြည့်ပြည့်မောင်၊ တင်မောင်ဆန်းမင်းဝင်း၊ ဘွန်း နှင့် သဘင်ပညာရှင်များ၊ အနု ပညာရှင်များက ပါဝင်တင်ဆက် ကြမည်ဖြစ်သည်။     


သတင်းစဉ်