“(၃၈) ဖြာ မင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှု မြန်မာ့ရုပ်မြင်သံကြား၌ ဆက်လက်ပြသမည်

 

နေပြည်တော်   စက်တင်ဘာ   ၁၄


လူငယ်လူရွယ်များနှင့် ကလေးငယ်များ ယဉ်ကျေး လိမ္မာစေရန်နှင့်  အသိပညာဗဟုသုတ  တိုးပွားစေ ရန်အပြင်  ဇာတ်သဘင်   ကြိုက်နှစ်သက်ကြသည့်  မိဘပြည်သူများအတွက်    “(၃၈)   ဖြာ     မင်္ဂလာ အစီအစဉ်”      ဆန်းသစ်တင်ဆက်မှုကို     မေ  ၂၁ ရက်မှစတင်၍  အပတ်စဉ်  စနေနေ့တိုင်း  မြန်မာ့ အသံနှင့်  ရုပ်မြင်သံကြား၏  MRTV-HD  Channel  မှ  ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသလျက် ရှိသည်။ 

 


ဆက်လက်ပြသမည်


အဆိုပါ (၃၈) ဖြာမင်္ဂလာအစီအစဉ်များအနက် ဘဝတိုးတက်ရေးအတွက် အဆုံးအမများစွာ ပါဝင် သည့် အရိယသစ္စာန ဒဿနံ (အရိယသစ္စာတရား     လေးပါးကို  သိမြင်ခြင်း) အစီအစဉ်ကို စက်တင်ဘာ  ၁၇  ရက်  စနေနေ့ ည ၉ နာရီတွင် ဆက်လက်ပြသ မည်ဖြစ်သည်။

 


ယင်းအစီအစဉ်တွင်      ရွှေနန်းတင်မျိုးဆက်    သဘင်ပညာရှင် ဦးနန်းဝင်းက ရေးသားပူဇော်ပြီး ရန်ကုန် ဓူဝံတေးဂီတအဖွဲ့၏    တီးခတ်မှုနှင့်အတူ         နက္ခတ်၊ ထက်မြတ်အောင်၊ ရန်ရှင်းမောင်၊  ဓာတ်လင်း၊ ဖွေးဖွေး၊ ပန်းကဗျာနှင့် သဘင်ပညာရှင်များ၊ အနုပညာရှင်များ ပါဝင်တင်ဆက်ကြမည်ဖြစ်သည်။

 


ထိုသို့တင်ဆက်မှုကို   စက်တင်ဘာ  ၂၁  ရက် ဗုဒ္ဓဟူးနေ့ ညနေ ၆  နာရီ သတင်းအပြီးတွင် ပြန်လည် ပြသမည်ဖြစ်ကြောင်း သိရသည်။         

သတင်းစဉ်