“(၃၈) ဖြာ မင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှု မြန်မာ့ရုပ်မြင်သံကြား၌ ဆက်လက်ပြသမည်

 

နေပြည်တော်   ဇွန်     ၂၉


လူငယ်လူရွယ်များနှင့်  ကလေးငယ်များ ယဉ်ကျေး လိမ္မာစေရန်နှင့်  အသိပညာ ဗဟုသုတတိုးပွားစေ ရန်အပြင် ဇာတ်သဘင် ကြိုက်နှစ်သက်ကြသည့် မိဘပြည်သူများအတွက်   “(၃၈)  ဖြာ မင်္ဂလာအစီ အစဉ်” ဆန်းသစ်တင်ဆက်မှုကို မေ ၂၁ ရက်မှစတင်၍ အပတ်စဉ် စနေနေ့တိုင်း  မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏  MRTV-HD Channel မှ ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။ 

 


ဆက်လက်ပြသမည်


အဆိုပါ (၃၈) ဖြာ မင်္ဂလာအစီအစဉ်များအနက် ဘဝတိုးတက်ရေးအတွက်  အဆုံးအမများစွာ ပါဝင် သည့်  အတ္တသမ္မာပဏိဓိစ  (မိမိကိုယ်ကိုကောင်းစွာ ဆောက်တည်ခြင်း)  နှင့်   ပုတ္တဒါရဿ သင်္ဂဟော     (သား၊ မယားကို လုပ်ကျွေးခြင်း) အစီအစဉ် (၂) ခုကို  ဇူလိုင်  ၂ ရက် စနေနေ့ ည  ၉ နာရီခန့်တွင် ဆက်လက် ပြသမည်ဖြစ်သည်။

 


ယင်းတင်ဆက်မှုကို နန်းတော်ရှေ့ဆရာတင်၏ မျိုးဆက် သဘင်ပညာရှင်  ဦးနန်းဝင်းက ရေးသား ပူဇော်ပြီး ရန်ကုန်ဓူဝံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့် အတူ နန်းဝင်း (ရွှေနန်းသဘင်)၊ မိုးပြည့်ပြည့်မောင်၊    သော်သော်နန်းဝင်း (ရွှေနန်းသဘင်)၊ ထက်မြက် အောင်၊    ရန်ရှင်းမောင်နှင့်    သဘင်ပညာရှင်များ၊ အနုပညာရှင်များက     ပါဝင်တင်ဆက်ကြမည်ဖြစ် သည်။

 


ပြန်လည်ပြသသွားမည်


ထို့အပြင်   ဇူလိုင်  ၆  ရက်   ဗုဒ္ဓဟူးနေ့တွင်   အတ္တသမ္မာပဏိဓိစ     (မိမိကိုယ်ကို    ကောင်းစွာ  ဆောက်တည်ခြင်း) နှင့်   ဇူလိုင် ၇ ရက် ကြာသပတေး နေ့တွင် ပုတ္တဒါရဿ  သင်္ဂဟော  (သား၊  မယားကို လုပ်ကျွေးခြင်း) တို့ကို ညနေ   ၆   နာရီ  သတင်းအပြီး ၌ တစ်ပိုင်းစီခွဲခြား၍  ပြန်လည် ပြသသွားမည်ဖြစ် ကြောင်း  သိရသည်။


သတင်းစဉ်