(၃၆)ကြိမ်မြောက် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ဘားအံမြို့၌ကျင်းပ

ဘားအံ ဩဂုတ် ၁၂ (၃၆)ကြိမ်မြောက် ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ဩဂုတ် ၁၁ ရက် (ဝါခေါင်လပြည့်နေ့)က ဘားအံမြို့နယ် တောင်ကလေး ဖလုံပညာ့တဝေါင့် နှစ်သစ်ကူးကွင်း၌ ကျင်းပရာ ကရင် ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ တောင်ကလေးကျေးရွာ ပတ်ဝန်းကျင်ဒေသများမှ တိုင်းရင်းသား ပြည်သူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ကရင်အမျိုးသား အလံတော်အား အလေးပြုကြပြီး သဘာ ပတိက အမှာစကား ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့် က ချည်ဖြူဖွဲ့ မင်္ဂလာအကြောင်း ပြောကြားပြီး ကရင်အမျိုးသားတို့၏ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအကြောင်းစာတမ်းနှင့် ချည်ဖြူဖွဲ့မင်္ဂလာတွင် ပါဝင် သော ပစ္စည်းခုနစ်မျိုးအဓိပ္ပာယ် စာတမ်း လွှာကို ကရင်တိုင်းရင်းသားမောင်မယ် များက ကရင် မြန်မာနှစ်ဘာသာဖြင့် ဖတ်ကြားတင်ပြကာ သဘာပတိက နိဂုံး ချုပ်အမှာစကားပြောကြားသည်။ ယင်းနောက် ချည်ဖြူဖွဲ့မင်္ဂလာပြုလုပ် ပေးမည့် အဘိုးအဘွားများနှင့် မြေးမြစ် များက သတ်မှတ်နေရာများတွင် နေရာယူ ကြပြီး ကျွဲချိုမှုတ်ချီးကျူးသံပေး၍ အဘိုး အဘွားများက လိပ်ပြာခေါ် ဆုတောင်းမှု မင်္ဂလာပြုကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများက ချည်ဖြူဖွဲ့ မင်္ဂလာခံယူကြကာ ချည်ဖြူဖွဲ့မင်္ဂလာ ဆင်ယင်ကျင်းပနေစဉ်(လက်ချည်စဉ်)ကာလအတွင်း လူငယ်မောင်မယ်များက ကရင်တေးသီချင်းများဖြင့် သီဆိုဧည့်ခံ ဖျော်ဖြေခဲ့ကြသည်။ စောမျိုးမင်းသိန်း (ပြန်/ဆက်)