
နေပြည်တော် နိုဝင်ဘာ ၇
(၃၅) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ KMA Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး၊ ဒုတိယ ဗိုလ်ချုပ် ကြီး ရာပြည့်က မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး သမိုင်းတစ်လျှောက် တွင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနသည် အရေးကြီးသည့် အခန်း ကဏ္ဍက ပါဝင်ခဲ့ကြောင်း၊ နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရား ပြောင်းလဲမှု ဖြစ်စဉ်များနှင့်အတူ အသွင်အမျိုးမျိုးဖြင့် ပြုပြင် ပြောင်းလဲဖွဲ့စည်း ရပ်တည်ခဲ့ရာ မှ ယနေ့ခေတ်ကာလတိုင်အောင် အစိုးရ၏အုပ်ချုပ်ရေးကို အထောက် အကူပြုသည့် ဌာနကြီးတစ်ခုအနေ နှင့် ဆက်လက်ရပ်တည်နိုင်ခဲ့ပါ ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေနှင့် ဌာန၏ ရည်မှန်းချက်များဖြစ်သည့် တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ဌာန၏ မူဝါဒများဖြစ်သည့် နိုင်ငံတော် မူဝါဒလိုက်နာရေး၊ အခြေခံသဘော တရားနှင့်ကိုက်ညီရေး၊ လုပ်ထုံး လုပ်နည်းနှင့်အညီ ဖြစ်စေရေးတို့ နှင့်အညီ ပေးအပ်သည့် တာဝန် များကို ကျေပွန်စွာထမ်းဆောင် လျက်ရှိသည်ကိုလည်း တွေ့ရှိရပါ ကြောင်း၊ နိုင်ငံတော်ကချမှတ်ထား သည့် အမျိုးသားရေးရည်မှန်းချက် (၂)ရပ်၊ နိုင်ငံရေးရည်မှန်းချက် (၂)ရပ်၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉) ရပ်တို့ကို “မူဝါဒ” အဖြစ်ခံယူပြီး ကျရာအခန်းကဏ္ဍ က စိတ်ရင်းစေတနာအမှန်နှင့် အကောင်အထည်ဖော်ဆောင်ရွက် ကြရန်ဖြစ်ကြောင်း၊ နိုင်ငံ့အကျိုး ကို အစဉ်သယ်ပိုးနိုင်ပြီး အရည် အသွေးပြည့်ဝသည့် အုပ်ချုပ်ရေး ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း အမှာစကား ပြော ကြားသည်။
ယင်းနောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များအတွက် ဌာနတူညီဝတ်စုံများ နှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း၊ နိုင်ငံ့ ဝန်ထမ်း တက္ကသိုလ်များနှင့် အုပ်ချုပ်ရေးပညာ ဖွံ့ဖြိုးမှုသင်တန်း ကျောင်းတို့၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် စံပြဆု၊ ပထမ ဆု ရရှိသူများအား ဆုများချီးမြှင့် ခြင်းတို့ကို ဆောင်ရွက်သည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်း များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်