(၃၅) ကြိမ်မြောက် အာဖရိကသမဂ္ဂထိပ်သီးအစည်းအ‌ဝေးကျင်းပပြီးစီး

အဒစ်အဘာဘာ  ဖေဖော်ဝါရီ   ၇


အာဖရိကဒေသအတွင်းရှိ ပြည်သူများ အာဟာရ ပြည့်ဝစွာစားသုံးနိုင်ရေးနှင့် လူမှုရေး၊    စီးပွားရေး  ဆိုင်ရာ  ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်  ရည်ရွယ် ကျင်းပသော (၃၅)ကြိမ်မြောက် အာဖရိကသမဂ္ဂ ထိပ်သီးအစည်းအဝေးသည်   ယမန်နေ့က  ပြီးဆုံး ခဲ့ကြောင်း သိရသည်။


 အဆိုပါဆွေးနွေးပွဲအတွင်း   အာဖရိကဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဦးစားပေးရှေ့လုပ်ငန်းစဉ် များကို  တာဝန်ရှိသူများက  ချမှတ်ခဲ့ကြောင်း သိရ သည်။ 
အဆိုပါဆွေးနွေးပွဲ၌  အာဖရိကဒေသအတွင်းစည်းလုံးညီညွတ်မှုဖော်ဆောင်ရန်၊   ကိုဗစ်-၁၉ရောဂါ ကြောင့်  ဖြစ်ပေါ်လာသည့် အကျိုးသက်ရောက်မှု များကို    တိုက်ဖျက်ရန်နှင့်   ဒေသအတွင်း ကြီးထွား လာသော    အကြမ်းဖက်မှုပြဿနာကို အာဖရိက  သမဂ္ဂအဖွဲ့ဝင်နိုင်ငံများအချင်းချင်း လက်တွဲဖြေရှင်း ဆောင်ရွက်ရန်   ဆွေးနွေးပွဲတက်ရောက်လာသည့် နိုင်ငံများက တောင်းဆိုခဲ့ကြသည်။


 အာဖရိကဒေသအတွင်း တည်ငြိမ်အေးချမ်းမှု များမရှိပါက      ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း ဆီနီဂေါသမ္မတ မက်ကီဆောက ပြောကြားသည်။    ဒေသအတွင်း ဖြစ်ပေါ်လာသည့်  ရာသီဥတုပြောင်းလဲမှုများနှင့် ကိုဗစ်-၁၉ ရောဂါ၏  ရိုက်ခတ်မှုကို  တိုက်ဖျက်ရန် ဒေသအတွင်းနိုင်ငံများအကြား ကြိုးပမ်းဆောင်ရွက် မှုများကို      အားထုတ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း  ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ ဖီလစ်တီရှီဆီကီဒီက ပြောကြားသည်။ 


ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ