(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားများပြန်လည်ရောက်ရှိ၊ ရွှေတံဆိပ် ၂၁ ဆု၊ ငွေတံဆိပ် ၂၅ ဆု၊ ကြေးတံဆိပ် ၆၈ ဆုရရှိ

 

ရန်ကုန်    မေ    ၁၈


(၃၂)ကြိမ်မြောက်  အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့်   မြန်မာ အားကစားအဖွဲ့သည်     ယနေ့     ညနေပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံမှ   ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့‌   မြန်မာအမျိုးသားလေကြောင်းလိုင်း စင်းလုံးငှားလေယာဉ်ဖြင့်    ပြန်လည်ရောက်ရှိကြ သည်။

 


မြန်မာအားကစားအဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊  တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊   မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊   ပြိုင်ပွဲဝင်   အားကစားသမားများ၏ မိဘဆွေမျိုးများနှင့်   ပြည်သူများက   လေဆိပ်၌ အိုးစည်၊ ဒိုးပတ်များ၊ ပန်းစည်းများဖြင့် သောင်းသောင်း  ဖြဖြ ဂုဏ်ပြုကြိုဆိုကြသည်။

 


ပြန်လည်ရောက်ရှိလာသည့်  မြန်မာအားကစား အဖွဲ့တွင်    (၃၂)ကြိမ်မြောက်   အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့        ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်  လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်အတူ အုပ်ချုပ်မှုအဖွဲ့ ၁၆ ဦး၊ ရွှေတံဆိပ်နှစ်ဆု၊ ငွေတံဆိပ် နှစ်ဆု၊ ကြေးတံဆိပ် တစ်ဆုရရှိသည့် ပိုက်ကျော်ခြင်း အားကစားအဖွဲ့၊ ရွှေတံဆိပ်တစ်ဆု၊ ငွေတံဆိပ်ငါးဆု၊  ကြေးတံဆိပ်နှစ်ဆုရရှိသည့် ရိုးရာလှေလှော်အားကစား အဖွဲ့၊ ရွှေတံဆိပ်နှစ်ဆု၊ ငွေတံဆိပ်နှစ်ဆု၊ ကြေးတံဆိပ် ရှစ်ဆုရရှိသည့်   ဗိုဗီနမ်(အားနစ်)  အားကစားအဖွဲ့၊ ရွှေတံဆိပ်တစ်ဆု၊   ကြေးတံဆိပ်  နှစ်ဆုရရှိသည့် အလေးမအားကစားအဖွဲ့၊ ရွှေတံဆိပ်တစ်ဆု၊ ကြေး  တံဆိပ်လေးဆုရရှိသည့် တိုက်ကွမ်ဒိုအားကစားအဖွဲ့၊  ငွေတံဆိပ်တစ်ဆု၊    ကြေးတံဆိပ်သုံးဆုရရှိသည့် ဂျူဒိုအားကစားအဖွဲ့၊    ငွေတံဆိပ်တစ်ဆုရရှိသည့် ကြက်တောင်အားကစားအဖွဲ့၊ ကြေးတံဆိပ်တစ်ဆု ရရှိသည့်  ခရစ်ကက်အားကစားအဖွဲ့နှင့် စစ်တုရင် အားကစားအဖွဲ့တို့မှ   နည်းပြများ၊   အုပ်ချုပ်သူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ စုစုပေါင်း ၁၅၅ ဦး ပြန်လည်လိုက်ပါလာကြသည်။

 


ယနေ့    ပြန်လည်လိုက်ပါလာသော   မြန်မာ အားကစားအဖွဲ့ ရွှေတံဆိပ်ဆုရှင်များမှာ ပိုက်ကျော် ခြင်း (အမျိုးသား) ကွင်းသွင်းပြိုင်ပွဲမှ သန်းဇော်ဦး၊ သိန်းဇော်မင်း၊ အောင်ကျော်မိုး၊ အောင်ဇော်၊ ကျော်ဇေ ယျာဝင်း၊ ဇင်ကိုကို၊ (အမျိုးသမီး) ကွင်းသွင်းပြိုင်ပွဲမှ ဖြူဖြူသန်း၊ ခင်နှင်းဝေ၊   ကြူကြူသင်း၊  နိုင်နိုင်ဝင်း၊ နွယ်နွယ်ထွေး၊    ဆုတင်ဇာနိုင်၊    ရိုးရာလှေလှော် အသက် (၂၄)နှစ်အောက် အမျိုးသားငါးတက်လှော်  ၂၅၀ မီတာပြိုင်ပွဲမှ   ခန့်ဇော်အောင်၊ ပြည့်စုံအောင်၊ သက်ပိုင်ဖြိုး၊    စောနိုင်လင်းကျော်၊    တင်ကိုကို၊ ဗိုဗီနမ်(အားနစ်) အားကစားနည်း (၅၅-၆၀)ကီလို ဖော့တုတ်အတိုက်ပြိုင်ပွဲမှ စည်သူမောင်နှင့် အမျိုး သားအသင်းလိုက် အလွတ်တန်းပြိုင်ပွဲမှ အောင်ဇော် သက်၊   ရဲဇော်မိုး၊   မျိုးထွန်းအံ့၊   အလေးမ(၄၅)ကီလိုပြိုင်ပွဲမှ ဇင်မေဦး၊ တိုက်ကွမ်ဒို အမျိုးသား(+၈၇)ကီလိုပြိုင်ပွဲမှ ကျော်မင်းနိုင်တို့ဖြစ်သည်။

 


မြန်မာအားကစားအဖွဲ့သည် ယခုယှဉ်ပြိုင်ခဲ့သည့် (၃၂)ကြိမ်မြောက်   အရှေ့တောင်အာရှ   အားကစား ပြိုင်ပွဲ၌  ရွှေတံဆိပ်  ၂၁ ဆု၊ ငွေတံဆိပ်  ၂၅ ဆု၊ ကြေး တံဆိပ် ၆၈ ဆု စုစုပေါင်း ဆုတံဆိပ်  ၁၁၄ ဆု ဆွတ်ခူး  ရရှိခဲ့ကြောင်း သိရသည်၊၊ 


သတင်းစဉ်