(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့အား ဂုဏ်ပြုကြိုဆို

 

ရန်ကုန်  မေ  ၁၆


ကမ္ဘောဒီးယားနိုင်ငံ၌ မေ ၅ရက်မှ ၁၇ ရက်အထိ ကျင်းပသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော        မြန်မာ အားကစားအဖွဲ့သည်  ယနေ့နံနက်ပိုင်း က   ရန်ကုန်မြို့သို့   လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်း ဒေသကြီး   အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ်  ဦးဌေးအောင်၊     အားကစားနှင့်ကာယ ပညာဦးစီးဌာန    အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်)   ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး          ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး   အားကစားနှင့် ကာယပညာဦးစီးဌာန  ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့်     တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ  လေဆိပ်၌ ဂုဏ်ပြုကြိုဆိုကြသည်။

 


အဆိုပါ   မြန်မာအားကစားအဖွဲ့တွင် ရွှေတံဆိပ်ဆုရှင်များဖြစ်သည့် English Billiards Singles  ပြိုင်ပွဲမှ ဦးပေါက်စ၊  9 Ball Pool Men's Singles နှင့် 9 Ball Pool Men's Double ပြိုင်ပွဲမှ မောင်မောင် (ခေါ်)ဘုန်းမြင့်ကျော်နှင့် သော်ဇင်ထက်တို့ အပါအဝင်   ကြေးတံဆိပ်   နှစ်ဆု   ရရှိခဲ့ သည့်   ဘိလိယက်နှင့်  စနူကာအားကစား အဖွဲ့၊      ကြေးတံဆိပ်      ခြောက်ဆုရရှိခဲ့ သည့်         လက်ဝှေ့အားကစားအဖွဲ့နှင့်   ဘော်လီဘော       အမျိုးသမီးအသင်း စုစုပေါင်း   ၄၃  ဦးတို့   ပြန်လည်လိုက်ပါ လာကြသည်။


သတင်းစဉ်