
နေပြည်တော် မေ ၄
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၃ ခုနှစ် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို မေ ၅ ရက် မွန်းလွဲပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ Morodok Techo Stadium ၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနား ကျင်းပပုံများကို ယင်းနေ့ မြန်မာ စံတော်ချိန် ညနေ ၆ နာရီခွဲမှစတင်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV – HD Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ ည ၈ နာရီသတင်း မတိုင်မီအထိလည်းကောင်း၊ MRTV Farmers’ Channel ၊ MRTV Sports Channel ၊ MRTV Parliament Channel တို့မှ တစ်ဆက်တည်း ပြသမှုဖြင့်လည်းကောင်း တိုက်ရိုက် Live ထုတ်လွှင့်မည်ဖြစ်သည်။
ထို့ပြင် MRTV – Website ၊ MOI Youtube၊ MRTV – Facebook Page တို့မှလည်း တိုက်ရိုက် Live ထုတ်လွှင့်မည်ဖြစ်သည်။
သတင်းစဉ်