(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဘိလိယက်အားကစားနည်းမှ  ရွှေတစ်ခု၊ သေနတ်ပစ်အားကစားနည်းမှ ငွေတစ်ခု၊ ပီတန်းအားကစားနည်းမှ ကြေးတစ်ခုနှင့် ကနူးလှေလှော်အားကစားနည်းမှ ကြေးတစ်ခု ထပ်မံဆွတ်ခူးရရှိ

 

 

ဗီယက်နမ်    မေ   ၁၇
ဗီယက်နမ်နိုင်ငံ၌    အိမ်ရှင်အဖြစ်    လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက်     အရှေ့တောင်အာရှ   အားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ မြန်မာစံတော်ချိန် နံနက် ၉  နာရီခွဲတွင်   ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ   Ha Dong    အားကစားရုံ၌   ဘိလိယက်/ စနူကာ  အားကစားနည်းမှ   English Billiards  တစ်ဦးချင်း ဗိုလ်လုပွဲ     ပွဲစဉ်တွင်  မြန်မာအားကစားသမား  ပေါက်စ က  ကမ္ဘာ့ဘိလိယက်ချန်ပီယံပြိုင်ပွဲ တွင်  ရွှေတံဆိပ်   ခြောက်ဆုနှင့်  အရှေ့တောင်အာရှ   အားကစား ပြိုင်ပွဲများတွင်      ရွှေတံဆိပ် ခြောက်ဆုရရှိထားသော စင်ကာပူ နိုင်ငံသား မစ္စတာပီတာ ဂေးခရစ် ကို   သုံးပွဲ - တစ်ပွဲဖြင့်   အနိုင်ရရှိ ခဲ့ပြီး       မြန်မာနိုင်ငံအတွက်     ပဉ္စမမြောက်     ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန်     ဆွတ်ခူး ရရှိခဲ့သည့်အတွက် နိုင်ငံတော်မှ ထပ်မံဂုဏ်ပြုချီးမြှင့်ငွေ    အမေ ရိကန်ဒေါ်လာ      သုံးထောင်ကို  အားကစားနှင့်   လူငယ်ရေးရာ ဝန်ကြီးဌာန     ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံက ကိုယ်စား ပေးအပ်ချီးမြှင့်သည်။
မြန်မာ     အားကစားသမား ပေါက်စသည်   ကွာတားဖိုင်နယ် ပွဲစဉ်တွင်   အိမ်ရှင်ဗီယက်နမ်ကို သုံးပွဲပြတ်ဖြင့်     အနိုင်ရရှိခဲ့ပြီး အကြိုဗိုလ်လုပွဲတွင်   ထိုင်းနိုင်ငံ နှင့် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ   သုံးပွဲ -  တစ်ပွဲဖြင့်  ထိုင်းအားကစား သမားကို     အနိုင်ရရှိခဲ့ခြင်းဖြစ် သည်။ 
အလားတူ ယနေ့ပြိုင်ပွဲများ အဖြစ်  Hanoi National Sport Training  Center ၌ ကျင်းပလျက် ရှိသော   သေနတ်ပစ်အားကစား နည်း  မီတာ (၅၀)  Free Pistol ပြိုင်ပွဲတွင်     မြန်မာသေနတ်ပစ် အားကစားသမား    မောင်ရဲထွန်း နောင်က ငွေတံဆိပ်ဆုကို လည်း ကောင်း၊ ပီတန်းအားကစားနည်း (Mixed Triple) သုံးယောက်တွဲ ပြိုင်ပွဲတွင်   ကြေးတံဆိပ်ဆုကို လည်းကောင်း၊  Hai Phong မြို့၌ ကနူးလှေလှော်ပြိုင်ပွဲတွင်   မီတာ ၁၀၀၀  အမျိုးသမီး  တစ်ဦးချင်း ပွဲစဉ်၌ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာနှင့်      ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကြရာ    မြန်မာအားကစား သမား    မသက်ဖြိုးနိုင်က   ကြေး တံဆိပ်ဆုကို       လည်းကောင်း မြန်မာနိုင်ငံအတွက်   ဆုတံဆိပ် များ   ထပ်မံဆွတ်ခူးပေးနိုင်ခဲ့ပြီး   မီတာ ၁၀၀၀  ကယက် လှေလှော် အားကစားနည်း    (အမျိုးသား)    တစ်ဦးချင်း         ပြိုင်ပွဲတွင် မောင်အောင်မျိုးသူနှင့်    (အမျိုး သား) လေးတက်လှော်ပြိုင်ပွဲတွင် မောင်ထွန်းမင်းသန့်၊  မောင်ထက် ဝေလွင်၊     မောင်စောမိုးအောင် နှင့်  မောင်မြင့်ကိုကိုတို့က  လည်း ကောင်း၊        ကနူးလှေလှော် အားကစားနည်း    မီတာ   ၁၀၀၀  (အမျိုးသား)    လေးတက်လှော် ပြိုင်ပွဲတွင်     မောင်ဝင်းထိုက်၊ မောင်စိုင်းမင်းဝေ၊ မောင်မင်းနိုင်၊ မောင်သန့်ဇင်ဦးတို့က  ဗိုလ်လုပွဲ များသို့ တက်ရောက်သွားခဲ့သည်။ ကနူး/ကယက်လှေလှော်ပြိုင်ပွဲကို မေ ၁၈ ရက် (ယနေ့) ကျင်းပမည် ဖြစ်သည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မြားပစ်၊ ပီတန်း၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊     ကနူးလှေလှော်၊ ဘိလိယက်၊ ဖူဆယ်၊ တိုက်ကွမ်ဒို၊ E-Sports၊      ပြေးခုန်ပစ်နှင့် လက်ဝှေ့ အားကစားနည်းများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး   မေ ၁၈ ရက်  ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်တုရင်၊ ပီတန်း၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊   ကနူး၊   E-sports၊ ပြေးခုန်ပစ်၊ ဘိလိယက်၊ ဖူဆယ်၊ တိုက်ကွမ်ဒို၊      ဘော်လီဘော၊ ဗိုဗီနမ်၊   လက်ဝှေ့နှင့်   ဘောလုံး (အမျိုးသမီး) အားကစားပြိုင်ပွဲများ ကို ဆက်လက်ဝင်ရောက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။
(၃၁)  ကြိမ်မြောက်   အရှေ့ တောင်အာရှအားကစား   ပြိုင်ပွဲ တွင် မြန်မာနိုင်ငံမှ ယနေ့အထိ ရွှေတံဆိပ်     ငါးခု၊    ငွေတံဆိပ် ခြောက်ခုနှင့် ကြေးတံဆိပ် ၁၁ ခု တို့ကို   ဆွတ်ခူးရရှိထားပြီး   စုစု ပေါင်း ဆုတံဆိပ် ၂၂ ခုဖြင့် နိုင်ငံ အလိုက် အဆင့် (၇) တွင် ရပ်တည် လျက်ရှိကြောင်း သိရသည်။ 
သတင်းစဉ်