(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတက်ရောက်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့ ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာ

 

 

ရန်ကုန်   မေ   ၁၀
ဗီယက်နမ်နိုင်ငံ၌   ကျင်းပသည့် (၃၁) ကြိမ်မြောက်  အရှေ့တောင် အာရှ      အားကစားပြိုင်ပွဲသို့  တက်ရောက်ရန်      မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ     ဥက္ကဋ္ဌ၊ အားကစားနှင့်    လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်          မြန်မာ အားကစား   အဖွဲ့ခေါင်းဆောင်  အားကစားနှင့်  ကာယပညာဦးစီး ဌာန      ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ခေါင်းဆောင်သည့် မြန်မာအားကစား           အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်   ရန်ကုန် မြို့မှ  ဗီယက်နမ်နိုင်ငံ  ဟနွိုင်းမြို့ သို့  လေကြောင်းခရီးဖြင့်  ထွက်ခွာ ကြသည်။ 
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ အား    ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်      ဦးစိုးသိန်းနှင့်  အစိုးရအဖွဲ့          ဝန်ကြီးများက ရန်ကုန်    အပြည်ပြည်ဆိုင်ရာ လေဆိပ်၌    လိုက်လံပို့ဆောင် နှုတ်ဆက်ကြသည်။
ယနေ့ထွက်ခွာသည့် မြန်မာ အားကစားအဖွဲ့တွင် အားကစား အုပ်ချုပ်မှုအဖွဲ့ဝင် ၃၅ ဦး၊ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်     မြန်မာ့ လက်ရွေးစင်        အမျိုးသား ဘော်လီဘောအသင်းသား ၁၆ ဦး၊ မြန်မာ့လက်ရွေးစင် ဝူရှူးအသင်းမှ  အမျိုးသား ခြောက်ဦး၊ အမျိုးသမီး ခုနစ်ဦး ၊ E-Sports  မှ အမျိုးသား အားကစားသမား      တစ်ဦး၊ အပြည်ပြည်ဆိုင်ရာ    ဒိုင်လူကြီး တို့   လိုက်ပါသွားကြောင်း  သိရ သည်။ 
သတင်းစဉ်