
ရန်ကုန် မေ ၁၂
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များတွင် မေ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲသို့ ပါဝင် ယှဉ်ပြိုင်ရန် မြန်မာအားကစား အဖွဲ့ တတိယအသုတ်သည် ယမန် နေ့ည ၈ နာရီတွင် ရန်ကုန် အပြည် ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာ့ လေကြောင်း စင်းလုံးငှားလေယာဉ် ဖြင့် ထွက်ခွာရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဝန်ကြီး မြို့ တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့် ကာယ ပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသ ကြီးဥပဒေချုပ် ဦးဌေးအောင်နှင့် အားကစားနှင့် ကာယပညာဦးစီး ဌာနမှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ အားကစားအဖွဲ့ တတိယအသုတ် တွင် ဂေါက်သီးအားကစားနည်းမှ အမျိုးသား ရှစ်ဦး၊ အမျိုးသမီး လေးဦး၊ ပီတန်း အားကစားနည်းမှ အမျိုးသား သုံးဦး၊ အမျိုးသမီး ခုနစ်ဦး၊ ကာယဗလနှင့် ကာယ ကြံ့ခိုင်မှု အားကစားနည်းမှ အမျိုး သား ၁၁ ဦး၊ အမျိုးသမီး တစ်ဦး၊ ပိုက်ကျော်ခြင်း အားကစားနည်းမှ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၀ ဦး၊ E-Sports အားကစားနည်းမှ အမျိုးသား ၂၈ ဦး၊ ဘိလိယက် နှင့်စနူကာ အားကစားနည်းမှ အမျိုးသား ခုနစ်ဦး၊ ပြေးခုန်ပစ် အားကစားနည်းမှ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ကိုးဦး၊ မြားပစ် အားကစားနည်းမှ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ခုနစ်ဦးနှင့် အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီး များအဖွဲ့တို့ ပါဝင်ကြောင်း သိရ သည်။
ဆက်လက်၍ စတုတ္ထအသုတ် အနေဖြင့် မေ ၁၃ ရက်တွင်လည်း ကောင်း၊ ပဉ္စမအသုတ်အနေဖြင့် မေ ၁၆ ရက်တွင် လည်းကောင်း၊ ဆဋ္ဌမအသုတ်အနေဖြင့် မေ ၂၀ ရက်တွင်လည်းကောင်း မြန်မာ့ လေကြောင်း စင်းလုံးငှားလေယာဉ် ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ တိုက်ရိုက်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်