(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပြည်ထဲရေးဝန်ကြီးဌာနမှ  အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်  ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်

 

 

နေပြည်တော်   ဇွန်   ၆  
ဗီယက်နမ်နိုင်ငံတွင်   ကျင်းပခဲ့သော   (၃၁) ကြိမ် မြောက်  အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် နိုင်ငံ့ ဂုဏ်ဆောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဂုဏ်ဆောင် အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ခြင်း အခမ်းအနားကို   ယနေ့  ညနေ ၃ နာရီတွင်  နေပြည်တော်ရှိ ရုံးအမှတ် (၈) မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်  ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တက်ရောက်    ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်သည်။ 
တက်ရောက်
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်      ပြည်ထဲရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် နှင့်ဇနီး၊  ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်နှင့် ဇနီး၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်၏ ဇနီး၊ အမြဲတမ်းအတွင်းဝန် နှင့် ဇနီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီး ဌာန၊ မီးသတ်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ နှင့်   ၎င်းတို့၏  ဇနီးများ၊  အရာရှိကြီးများ၊  ဆုရ အားကစားသမားများနှင့် ပြိုင်ပွဲဝင်အားကစားသမား များ၊    အုပ်ချုပ်သူ၊    နည်းပြနှင့်    ဒိုင်လူကြီးများ တက်ရောက်ကြသည်။
ဂုဏ်ပြုဆုများချီးမြှင့်
အဆိုပါ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်     ပြည်ထဲရေးဝန်ကြီးဌာန ကိုယ်စားပြု အားကစားသမား ၃၆ ဦး၊ အုပ်ချုပ်သူ၊ နည်းပြနှင့်    ဒိုင်လူကြီးများအပါအဝင်   စုစုပေါင်း  ၄၈ ဦးက အားကစားနည်း ၁၂ မျိုးကို  ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ပိုက်ကျော်ခြင်း၊ ဗိုဗီနမ်၊ ပြေးခုန်ပစ်၊ ဂျူဒိုနှင့် တိုက်ကွမ်ဒို အားကစားနည်းငါးမျိုးတွင် အားကစားသမား   ကိုးဦးက    ရွှေတံဆိပ်  လေးဆု၊ ငွေတံဆိပ် သုံးဆု၊  ကြေးတံဆိပ် ငါးဆု  စုစုပေါင်း ဆုတံဆိပ် ၁၂ ဆုရရှိခဲ့ကြပြီး     ပိုက်ကျော်ခြင်း (နှစ်ယောက်တွဲ)တွင် ရွှေတံဆိပ်ဆုရရှိသည့်  ဒုတိယ ရဲမှူး ဖြူဖြူသန်းနှင့်   ရဲတပ်ကြပ်ကြီး  ခင်နှင်းဝေ၊ ဗိုဗီနမ်  (နှစ်ယောက်တွဲ)တွင်    ရွှေတံဆိပ်ဆု   ရရှိ သည့်     ရဲတပ်ကြပ် မေဟန်နီအောင်လွင်၊   ဗိုဗီနမ် (လေးယောက်တွဲအပြ)တွင် ရွှေတံဆိပ်ဆုရရှိသည့် ရဲတပ်ကြပ် အိုက်စိုးလင်းတို့ကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး  စိုးထွဋ်က   လည်းကောင်း (အပေါ်ပုံ)၊  ဗိုဗီနမ်  (တစ်ကိုယ်တော်  ဓားတစ်လက် အပြ)တွင်    ငွေတံဆိပ်ဆုရရှိသည့်    ရဲတပ်ကြပ်    မေဟန်နီအောင်လွင်၊     ပြေးခုန်ပစ်    (၂၀ - ကီလို မီတာ လမ်းလျှောက်) တွင်    ငွေတံဆိပ်ဆုရရှိသည့်   ရဲဒုတပ်ကြပ်  ဇင်မေထက်၊ ဂျူဒို(၆၃-ကီလိုတန်း)တွင်   ငွေတံဆိပ်ဆုရရှိသည့်   ရဲဒုတပ်ကြပ်  နွယ်နီ ပွင့်လှိုင်တို့ကို  ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က လည်းကောင်း၊      တိုက်ကွမ်ဒို   (၆၃-ကီလိုတန်း) တွင်     ကြေးတံဆိပ်ဆုရရှိသည့်    ရဲဒုတပ်ကြပ် ဇော်လင်းထက်၊ တိုက်ကွမ်ဒို(၈၇-ကီလို တန်း)တွင် ကြေးတံဆိပ်ဆုရရှိသည့် ရဲဒုတပ်ကြပ် ကျော်မင်းနိုင်၊   ပိုက်ကျော်ခြင်း (လေးယောက်တွဲ)တွင် ကြေးတံဆိပ် ဆုရရှိသည့် ဒုတိယရဲမှူးဖြူဖြူသန်း၊ ရဲတပ်ကြပ်ကြီး ခင်နှင်းဝေနှင့်      ရဲတပ်ကြပ်ကြီး    နန်းစုမြတ်စံ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊     အုပ်ချုပ်သူ၊ နည်းပြနှင့်    ဒိုင်များကို   အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက လည်းကောင်း ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့် ကြသည်။
နိုင်ငံ့ဂုဏ်ဆောင်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး   စိုးထွဋ်နှင့်  အဖွဲ့ဝင်များသည် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်နိုင် ခဲ့သည့်     နိုင်ငံ့ဂုဏ်ဆောင်၊     ပြည်ထဲရေးဝန်ကြီး ဌာနဂုဏ်ဆောင်   အားကစားသမားများနှင့်  နည်းပြ များကို    ဂုဏ်ပြုလက်ဖက်ရည်ဝိုင်းဖြင့်     တည်ခင်း ဧည့်ခံပြီး    ရင်းရင်းနှီးနှီး   နှုတ်ဆက်ခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်