
နေပြည်တော် ဧပြီ ၂၈
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိ ပုဂ္ဂိုလ်များအား တွေ့ဆုံအမှာစကားပြောကြားခြင်းနှင့် 19th Asian Billiards Championship နှင့် 37th Asian Men's Snooker Championship ပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သော အားကစားသမားများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီ တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ အားကစားကဏ္ဍအသီးသီး တွင် တာဝန်ယူဆောင်ရွက်နေသော အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌများသည် အဖွဲ့ချုပ်၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များဖြင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်နေ သည်ကို တွေ့မြင်ရပါကြောင်း၊ နိုင်ငံတော်၏ အားကစားကဏ္ဍ အောင်မြင်တိုးတက်စေရန် ဝန်ကြီး ဌာနအောက်ရှိ ဝန်ထမ်းများကိုလည်း ဝိုင်းဝန်းပူးပေါင်း လက်တွဲဆောင် ရွက်ရန် မှာကြားထားပြီး ဖြစ်ပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လည်း မည်သည့်အဖွဲ့ချုပ်ကိုမဆို လုပ်ငန်းများ အဆင်ပြေချောမွေ့ စေရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ အဖွဲ့ချုပ် ဥက္ကဋ္ဌများအနေဖြင့်လည်း မိမိ အဖွဲ့ချုပ်ရှိ အားကစားသမားများတွင် အခက်အခဲများရှိပါက အဖွဲ့ချုပ် တာဝန်ရှိသူများမှတစ်ဆင့် အချိန် မရွေး တင်ပြနိုင်ကြောင်းနှင့် ဝန်ကြီး ဌာနအနေဖြင့်လည်း အကောင်းဆုံး ပေါင်းစပ်ကူညီ ဖြည့်ဆည်းဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
(၃၁)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် မြန်မာ နိုင်ငံအနေဖြင့် အားကစားနည်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း၊ SEA Games တွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိသူများကို မြန်မာငွေကျပ်သိန်း ၃၀၀၊ ငွေကျပ် သိန်း ၂၀၀၊ ငွေကျပ်သိန်း ၁၀၀ ချီးမြှင့် ပေးသွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲတွင် တစ်ဦးကောင်းတစ်ယောက်ကောင်း စိတ်ဓာတ်မမွေးဘဲ အသင်းအဖွဲ့ စိတ်ဓာတ်ဖြင့် အားလုံးပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်မှု ဆုတံဆိပ်ကို ရရှိနိုင်မည်ဖြစ်ပါ ကြောင်း၊ (၃၁)ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲသို့ နိုင်ငံ့ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ကြမည့် အားကစားသမား များအနေဖြင့် နိုင်ငံတော်၏ဂုဏ်ကို မြင့်တက်စေရန်အတွက် ပြိုင်ပွဲ တွင် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင် ခဲ့ကြစေလိုကြောင်း၊ နောက်လာမည့် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပ မည့် (၃၂)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် အဆင့်မီပြီး အရည်အချင်းပြည့်ဝသည့် မျိုးဆက် သစ်အားကစားသမားများ ပေါ်ထွက် လာစေရန်ရည်ရွယ်၍ နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း (Gold Camp) ၌ လူငယ်အားကစား လေ့ကျင့်ရေးစခန်း (Youth Camp) ဖွင့်လှစ်ပြီး အားကစားသမားများကို ပြုစုပျိုးထောင်လေ့ကျင့်ပေးလျက် ရှိကြောင်း ပြောကြားသည်။
ထို့နောက် အားကစားအဖွဲ့ချုပ် တာဝန်ရှိသူများက ပြိုင်ပွဲဆိုင်ရာ ကိစ္စရပ်များ၊ ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ကြမည့် အုပ်ချုပ်/နည်းပြ များနှင့် အားကစားသမားအင်အား အခြေအနေ၊ တည်းခိုနေထိုင်ရေး နှင့် သယ်ယူပို့ဆောင်ရေး (Train-sportation) ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးရန် တာဝန်ရှိသူ များအား မှာကြားသည်။
ဆက်လက်ပြီး ပြည်ထောင်စု ဝန်ကြီးက ၂၀၂၂ ခုနှစ်၊ မတ်လတွင် ကာတာနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် 19th Asian Billards Championship ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိခဲ့ သည့် မောင်ပေါက်စနှင့် 37th Asian Men's Snooker Championship ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိခဲ့ သည့် မောင်အောင်ဖြိုးတို့ကို ဂုဏ်ပြုချီးမြှင့် ငွေကျပ် ၁၀ သိန်းစီ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်