
နေပြည်တော် မေ ၁၇
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာအမျိုးသမီးဘောလုံးအသင်းသည် အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။
အဆိုပါအကြိုဗိုလ်လုပွဲများကို ၂၀၂၂ ခုနှစ် မေ ၁၈ ရက်တွင် ကျင်းပမည် ဖြစ်ရာ မြန်မာအမျိုးသမီးဘောလုံးအသင်းနှင့် အိမ်ရှင်ဗီယက်နမ် အမျိုးသမီး ဘောလုံးအသင်း၊ ထိုင်းအမျိုးသမီးဘောလုံးအသင်းနှင့် ဖိလစ်ပိုင်အမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အဆိုပါ မြန်မာအမျိုးသမီးဘောလုံးအသင်းနှင့် အိမ်ရှင်ဗီယက်နမ်အမျိုးသမီး ဘောလုံးအသင်းတို့သည် မေ ၁၈ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ထိုသို့ယှဉ်ပြိုင်ကစားကြပုံများကို မြန်မာ့အသံနှင့် ရုပ်မြင် သံကြား MRTV–HD Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်