(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားများ ပြန်လည်ရောက်ရှိ ရွှေတံဆိပ် ကိုးဆု၊ ငွေတံဆိပ် ၁၈ ဆု၊ ကြေးတံဆိပ် ၃၅ ဆုတို့ဖြင့် နိုင်ငံအလိုက်အဆင့်ရပ်တည်မှု (၇)ရရှိ

 

 

ရန်ကုန်    မေ   ၂၄
ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင် ကြသည့် မြန်မာအားကစားသမားအဖွဲ့သည် ယမန်နေ့ညပိုင်းတွင် မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ် ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို
မြန်မာအားကစားသမားအဖွဲ့အား ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်  ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများနှင့် မိဘပြည်သူ များက    ရန်ကုန်အပြည်ပြည်ဆိုင်ရာ     လေဆိပ်၌ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုကြသည်။
ပြန်လည်လိုက်ပါလာ
ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစား အဖွဲ့တွင်    (၃၁)ကြိမ်မြောက်    အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့       ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊  အားကစားနှင့်  လူငယ် ရေးရာဝန်ကြီးဌာန     ဒုတိယဝန်ကြီး    ဦးမျိုးလှိုင်၊ ရွှေတံဆိပ်ဆုရရှိခဲ့ကြသည့် Kurash အားကစားနည်း (+87)Kg  မှ      အေးအေးအောင်၊     ဘိလိယက် အားကစားနည်း     အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှ ပေါက်စ၊     ဗိုဗီနမ်အားကစားနည်း    အမျိုးသမီး  နှစ်ယောက်တွဲ     လက်နက်မဲ့အပြပြိုင်ပွဲမှ   ခိုင်ဝါဖူး၊   မေဟန်နီအောင်လွင်၊  ပိုက်ကျော်ခြင်း  အားကစား နည်း   Double   Women  ပြိုင်ပွဲမှ     ခင်နှင်းဝေ၊ ဖြူဖြူသန်း၊    ယမုံဇင်၊    ဗိုဗီနမ်   အားကစားနည်း လေးယောက်တွဲ အပြပြိုင်ပွဲမှ မနားကွီး၊ အိုက်စိုးလင်း၊ ဇင်လင်းထွန်း၊   ဇော်ဇော်၊  ဗိုဗီနမ်အားကစားနည်း လေးယောက်တွဲအပြပြိုင်ပွဲမှ ရာဇာထွန်း၊ အောင်ခိုင် လင်း၊   ကျော်သူစိုးအောင်၊    ဟိန်းထက်အောင်၊  ငွေတံဆိပ်ဆုရရှိခဲ့ကြသည့် သေနတ်ပစ်အားကစား နည်း အမျိုးသား မီတာ ၅၀ Pistol ပြိုင်ပွဲမှ ရဲထွန်း နောင်၊  မီတာ ၁၀  Air Pistol  Mixed Team မှ ရဲထွန်းနောင်၊ ချစ်စိုးနွယ်၊ လှေလှော် အားကစားနည်း အမျိုးသား     လေးယောက်လှော်    မီတာ   ၁၀၀၀ ပြိုင်ပွဲမှ    မြင့်ကိုကို၊   ထက်ဝေလွင်၊   စောမိုးအောင်၊ ထွန်းမင်းသန့်၊ အောင်မျိုးသူ၊ ဂျူဒိုအားကစားနည်း (-57) Kg မှ ခြူးမြတ်နိုးဝေ၊ ဗိုဗီနမ် အားကစားနည်း တစ်ကိုယ်တော်  လက်သိုင်းအပြပြိုင်ပွဲမှ  ခိုင်ဝါဖူး၊ တစ်ကိုယ်တော် ဓားရှည်အပြပြိုင်ပွဲမှ မေဟန်နီအောင် လွင်၊ တုတ်ရှည်အပြပြိုင်ပွဲမှ တင်ထူးဇော်၊ ဘိလိယက် အားကစားနည်း အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲမှ ပေါက်စ၊ မင်းစည်သူထွန်း၊ လက်ဝှေ့ အားကစားနည်း  (-57)Kg ပြိုင်ပွဲမှ    နိုင်လတ်၊   ကြေးတံဆိပ်ဆုများ ရရှိခဲ့ကြသည့် လှေလှော်အားကစားနည်း အမျိုးသမီး ကနူး   တစ်ယောက်လှော်   မီတာ ၁၀၀၀  ပြိုင်ပွဲ၊ အမျိုးသား  ကနူးလေးယောက်လှော်  မီတာ ၁၀၀၀ ပြိုင်ပွဲ၊ အမျိုးသား ကယက် နှစ်ယောက်လှော် မီတာ ၁၀၀၀ ပြိုင်ပွဲ၊ အမျိုးသားကနူး လေးယောက်လှော် မီတာ ၅၀၀ ပြိုင်ပွဲ၊ အမျိုးသမီး ကနူးတစ်ယောက် လှော်   မီတာ ၂၀၀ ပြိုင်ပွဲ၊    အမျိုးသမီး    ကနူး လေးယောက်လှော် မီတာ ၂၀၀ ပြိုင်ပွဲတို့မှ သက်ဖြိုး နိုင်၊   ဝင်းထိုက်၊    စိုင်းမင်းဝေ၊   သန့်ဇင်ဦး၊   မင်းနိုင်၊ အောင်ဖြိုးဟိန်း၊  ထက်ဝေလွင်၊  မြင့်ကိုကို၊  အောင် မျိုးသူ၊  မျိုးလှိုင်ဝင်း၊   စုဝေဖြိုး၊   မြင့်မြင့်စိုး၊   မိုးမမ၊ စုစုလွင်၊ ပိုက်ကျော်ခြင်း အားကစားနည်း အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသား လေးယောက်တွဲ ပြိုင်ပွဲ၊    အမျိုးသမီး    လေးယောက်တွဲပြိုင်ပွဲတို့မှ ဝေလင်းအောင်၊     ကျော်ဇင်လတ်၊    အောင်မျိုးနိုင်၊ အောင်မျိုးဆွေ၊ ဇင်ကိုကို၊ အောင်ရဲဇော်၊ အောင်သူ မင်း၊ ယမုံဇင်၊ ခင်နှင်းဝေ၊ နန်းစုမြတ်စံ၊ အေးအေးသန်း၊ ဖြူဖြူသန်း၊ နမ့်ယဉ်ယဉ်မြင့်၊ ဗိုဗီနမ်အားကစားနည်း (-65)Kg အတိုက်ပြိုင်ပွဲ၊ နှစ်ယောက်တွဲအပြပြိုင်ပွဲ၊ (-55) Kg အတိုက်ပြိုင်ပွဲ၊ (60)Kg အတိုက်ပြိုင်ပွဲတို့မှ ဝေသူလွင်၊ ရာဇာထွန်း၊ တင်ထူးဇော်၊ ကျော်ကိုကို၊ ရွှေသက်ထား၊ လက်ဝှေ့အားကစားနည်း (-52)Kg ပြိုင်ပွဲမှ လင်းထွဋ်ပိုင်၊  (-48) Kg ပြိုင်ပွဲမှ အေးငြိမ်းထူး၊ ဂျူဒိုအားကစားနည်း (-52)Kg ပြိုင်ပွဲမှ အေးမာလာ၊ (-45)Kg ပြိုင်ပွဲမှ စဲလ်ဝှီး၊ အလေးမ အားကစားနည်း (59)Kg ပြိုင်ပွဲမှ နော်တဘိုးရာ၊ စနူကာ အားကစား နည်း   အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှ  အောင်ဖြိုးတို့ နှင့်     အုပ်ချုပ်မှုအဖွဲ့ဝင်များ၊   အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးများ ပြန်လည်လိုက်ပါလာကြသည်။
ချီးမြှင့်ပေးအပ်သွားမည်
နိုင်ငံတော်မှ (၃၁) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်တွင်   နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြ သော အားကစားသမားများအား ရွှေတံဆိပ်တစ်ဆု လျှင်  ငွေကျပ်သိန်း  ၃၀၀၊  ငွေတံဆိပ်  တစ်ဆုလျှင် ငွေကျပ်သိန်း  ၂၀၀၊      ကြေးတံဆိပ်တစ်ဆုလျှင် ငွေကျပ်သိန်း ၁၀၀ နှုန်းဖြင့်လည်းကောင်း၊  နိုင်ငံ့ ဂုဏ်ဆောင်နိုင်အောင် သင်ကြားပေးခဲ့သော နည်းပြ များအား သတ်မှတ် ဆုကြေးငွေများကိုလည်းကောင်း ဂုဏ်ပြုအခမ်းအနားဖြင့်  ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ပြီး ပြိုင်ပွဲကာလအတွင်းတွင်လည်း ထပ်ဆောင်း ချီးမြှင့်ငွေအဖြစ် တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ် တစ်ဆုလျှင် အမေရိကန်ဒေါ်လာ  ၃၀၀၀၊ ငွေတံဆိပ် တစ်ဆုလျှင်   အမေရိကန်ဒေါ်လာ   ၂၀၀၀၊    ကြေး တံဆိပ် တစ်ဆုလျှင်  အမေရိကန်ဒေါ်လာ  ၁၀၀၀ နှုန်းဖြင့် လည်းကောင်း၊ အသင်းလိုက် ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိပါက  တစ်ဦးချင်းအား  အမေရိကန် ဒေါ်လာ ၁၀၀၀ နှုန်းဖြင့် လည်းကောင်း၊ ငွေတံဆိပ် ဆုရရှိပါက     အမေရိကန်ဒေါ်လာ  ၇၅၀ နှုန်းဖြင့် လည်းကောင်း၊ ကြေးတံဆိပ်ဆုရရှိပါက တစ်ဦးချင်း အား  အမေရိကန် ဒေါ်လာ  ၅၀၀ နှုန်းဖြင့်  လည်း ကောင်း ချီးမြှင့်ကြောင်း သိရသည်။ 
သတင်းစဉ်