(၃) ကြိမ်မြောက် Goa Maritime Conclave- (GMC) သို့ တက်ရောက်ရန်နှင့် ချစ်ကြည်ရေးခရီးသွားရောက်ရန် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံသို့ထွက်ခွာ

 

နေပြည်တော်   နိုဝင်ဘာ    ၆


အိန္ဒိယနိုင်ငံ ဂိုအာမြို့၌ နိုဝင်ဘာလ ဒုတိယပတ်တွင် ပြုလုပ်မည့် (၃)ကြိမ်မြောက် Goa Maritime Con-clave-(GMC) သို့တက်ရောက်ရန်နှင့် အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့သို့    နှစ်နိုင်ငံချစ်ကြည်ရေးခရီးသွားရောက်ရန်အတွက်   ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သော  ကိုယ်စားလှယ်အဖွဲ့သည်   ယနေ့နံနက်ပိုင်းတွင်   ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် အိန္ဒိယနိုင်ငံသို့ ထွက်ခွာကြသည်။

 


ကာကွယ်ရေးဦးစီးချုပ်(ရေ)   ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊  နယ်မြေခံရေတပ် ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး     ဗိုလ်ချုပ်ထိန်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ     အိန္ဒိယနိုင်ငံ စစ်သံမှူးနှင့် တပ်မတော်အရာရှိကြီးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 သတင်းစဉ်