
နေပြည်တော် ဇူလိုင် ၁၈
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် “၂ဝ၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ” အား ဇူလိုင် ၂၃ ရက်မှ ဩဂုတ် ၈ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ ပေါင်းလောင်းကွင်းနှင့် လယ်ဝေးကွင်းတို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် အသင်း ၁၅ သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားကိုစိတ်ပါ ဝင်စားသည့် မိဘပြည်သူများအနေဖြင့် မည်သူမဆို(အခမဲ့)လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။ သတင်းစဉ်