
ရန်ကုန် ဇူလိုင် ၂၃
၂ဝ၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပ နိုင်ရေးနှင့် နေပြည်တော်တွင် ကျင်းပမည့် လူငယ်ဖိုရမ်၊ လူငယ် လေ့လာရေးခရီးစဉ်နှင့် လူမှု အကျိုးပြုလုပ်ငန်းများ ပြုလုပ် သွားမည့် အစီအစဉ်များတွင် ရန်ကုန်တိုင်းဒေသကြီးမှ တက် ရောက်မည့် လူငယ်များရွေးချယ် စေလွှတ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၃)၌ ပြုလုပ်သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကား ပြောကြား ရာ ယနေ့ကမ္ဘာကြီးတွင် လူငယ်များ၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုရန် ဩဂုတ်လ ၁၂ ရက်နေ့ကို အပြည် ပြည်ဆိုင်ရာ လူငယ်များနေ့ အဖြစ် သတ်မှတ်ကြေညာ၍ ကမ္ဘာ တစ်ဝန်းလုံးရှိ အစိုးရအဖွဲ့အစည်း များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း များ၊ ပြည်သူများနှင့် အသိုက် အဝန်းများအားလုံးက နိုင်ငံတော် အဆင့်၊ အပြည်ပြည်ဆိုင်ရာအဆင့် အခမ်းအနားများ ကျင်းပလာရာ ၂ဝ၂၄ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့ တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာ လူငယ်များနေ့အခမ်း အနားကို နေပြည်တော်တွင် ကျင်းပမည်ဖြစ်ပြီး ရွေးချယ် စေလွှတ်မည့် လူငယ်များသည် ဘက်စုံကဏ္ဍစုံမှ ထူးချွှန်ထက်မြက် သောလူငယ်များကို စနစ်တကျ ရွေးချယ်စေလွှတ်ကြရန် ပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး ဦးဌေးအောင်က ၂ဝ၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ် များနေ့ အခမ်းအနားကျင်းပနိုင် ရေး ပြင်ဆင်ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အတွင်း ရေးမှူး အားကစားနှင့် ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက နေပြည်တော် တွင် ကျင်းပမည့် လူငယ်ဖိုရမ်၊ လူငယ်လေ့လာရေး ခရီးစဉ်နှင့် လူမှုအကျိုးပြုလုပ်ငန်းများ ပြုလုပ် သွားမည့်အစီအစဉ်များတွင် အဖွဲ့ အစည်းများ၏ စာရင်းပေးပို့ချက် အရ ပဏာမရွေးချယ်ထားသည့် ရန်ကုန်တိုင်းဒေသကြီးမှ တက် ရောက်မည့်လူငယ်များအကြောင်း ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တာဝန်ရှိသူများ က တိုင်းဒေသကြီးအတွင်း အခမ်း အနားအောင်မြင်စွာ ကျင်းပနိုင် ရေး၊ နေပြည်တော်အခမ်းအနားသို့လူငယ်များ စေလွှတ်ရေးတို့ အတွက် ကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် ရန်ကုန်တိုင်း ဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် က ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက် အောင်မြင် စွာကျင်းပနိုင်ရေးနှင့် နေပြည်တော် တွင် ကျင်းပမည့်အခမ်းအနား သည် နိုင်ငံတော်အဆင့် ဆောင် ရွက်သည့်ပွဲဖြစ်၍ တိုင်းဒေသကြီး မှစေလွှတ်မည့် လူငယ်အဖွဲ့ဝင် ၁၄ ဦးတို့အား စနစ်တကျ ရွေးချယ် စေလွှတ်နိုင်ရေးနှင့် နိုင်ငံတော်၏ တာဝန်ကို ပခုံးပြောင်းထမ်းဆောင် မည့် လူငယ်များ၏ အရည်အချင်း၊ အရည်အသွေးများ ပြည့်စုံနေ အောင် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်း၍ စနစ်တကျ လေ့ကျင့် သင်ကြားပေးကြရန်နှင့် လုပ်ငန်း ကဏ္ဍအလိုက် တာဝန်ရှိသူအားလုံး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြ ရန် ပြောကြားသည်။
အစည်းအဝေးသို့ ရန်ကုန် တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန် တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီ ဒုတိယဥက္ကဋ္ဌ တိုင်း ဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံ လူငယ် ရေးရာ ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များ ဖြစ်သည့် တိုင်းဒေသကြီးဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အဖွဲ့အစည်း များမှတာဝန်ရှိသူများ တက်ရောက် ကြသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)