
နေပြည်တော် ဇွန် ၂၂
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေ ခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာ စာစောင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံး ဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ် အပြင်အဆင်တို့ အပြောင်းအလဲများ ပြုလုပ်ပြီး ဆယ်ကျော်သက် လူငယ် များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိသည်။ နိုင်ငံတကာ ထုတ် စာအုပ်စာစောင်များမှ ကောင်းနိုး ရာ ခေတ်မီအကြောင်းအရာများနှင့် ယခုလအတွက် ရေးသားသည့် “ကလေး အလုပ်သမားပပျောက်ရေး” မျက်နှာဖုံး ဆောင်းပါးကြီးများပါဝင်သော သုတ ပဒေသာနှင့် လူငယ်ရေးရာစာစောင် (ဇွန်လ) ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန စာပေဗိမာန်က ဖြန့်ချိလိုက်ပြီ ဖြစ်သည်။
၂၀၂၃ ခုနှစ် ဇွန်လထုတ် သုတ ပဒေသာနှင့် လူငယ်ရေးရာစာစောင်တွင် ဒေါက်တာခင်မောင်ညို၊ ခင်မောင်အေး၊ သန့်လွင်ထွန်း (MPA) တို့၏ “ကလေး အလုပ်သမားပပျောက်ရေး” မျက်နှာဖုံး ဆောင်းပါးများ၊ နေညိုယဉ်၊ ကောင်းသန့်၊ မောင်ဒီပ(ပညာရေး)၊ ကိုဇော်ဌေး (ယဉ်ကျေးမှု)၊ ညီမော်သိမ်း၊ ညီညီဖေ၊ တွဲဖက်ပါမောက္ခဦးလွင်မြင့်၊ စိန်ဝင်းနွယ်၊ တာရာဝင့်ထွန်း၊ မောင်ပေါ်ထွန်းတို့၏ လူငယ်ရေးရာ ဆောင်းပါးများ၊ မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်) ၏ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာ ဆောင်းပါး၊ ရွှေသတိုး (ရန်ကင်းမြေ)၏ ဒီမိုကရေစီဆိုင်ရာ ဆောင်းပါး၊ ပါမောက္ခ ကိုကိုအောင်၊ ထက်ဝေအောင် (စစ်ကိုင်း)၊ ဒေါက်တာလွင်သန့်တို့၏ နိုငံတကာနှင့် သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာ ဆောင်းပါးများ၊ ဆန်းသစ်အောင် (မဟာဝိဇ္ဇာ - အင်္ဂလိပ်ဘာသာစကား)၊ စောနိုင် (အသုံးချဘောဂဗေဒ) တို့၏ လူကုန်ကူးမှုနှင့် စီးပွားရေးဆိုင်ရာ ဆောင်းပါးများ၊ ဦးဟန်ညွန့် (ဥပဒေ) ၏ အဂတိလိုက်စားမှု ပပျောက်ရေးဆိုင်ရာ ဆောင်းပါး၊ ရန်ကုန်ဌေးဇော်၊ မြသိန်း၊ ဒေါက်တာမြင့်သန်းတို့၏ မူးယစ်နှင့် ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ၊ နိုင်သောင်းထွဋ်၊ စိုးစိုး(ပန်းတောင်း)၊ ဆောင်းဝင်းလတ်၊ ရဲထက်ဇော်၊ မော် (သန်လျင်) တို့၏ ကဗျာ၊ ဟာသ၊ ဝတ္ထုတို၊ ဖြစ်ရပ်မှန်နှင့် အထွေထွေကဏ္ဍများကို ရောင်စုံ၊ ဖြူ/မည်း သရုပ်ဖော်ပုံ ဝေဝေ ဆာဆာဖြင့် စီစဉ်တင်ဆက်ထား သည်။
အဆိုပါ သုတပဒေသာနှင့် လူငယ် ရေးရာစာစောင်ကို တစ်အုပ်လျှင် ငွေကျပ် ၂၅၀၀ နှုန်းဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင် အမှတ် (တ-၅၅) သပြေကုန်းဈေး နေပြည်တော် ဖုန်း ၀၆၇- ၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ် အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း ရန်ကုန်မြို့၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် ၈၆ လမ်း၊ ၂၁ လမ်း နှင့် ၂၂ လမ်းကြား မန္တလေး ဖုန်း ၀၂- ၄၀၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင် ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့ ဖုန်း - ဝ၁-၈၂၄၉၀၃၁၊ ၀၁- ၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်