၂ဝ၂၂ ခုနှစ်၊ ဧပြီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ထွက်ရှိ

 

 

နေပြည်တော်  ဧပြီ  ၁၉
၁၉၇၃  ခုနှစ်၊  ဇူလိုင်လမှစတင်ထုတ်ဝေခဲ့ပြီး  နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ   လက်ခံအားပေးလာခဲ့သော  သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့်  လူငယ်ရေးရာစာစောင် ဟု   အမည်ပြောင်းလဲကာ   မျက်နှာဖုံးဒီဇိုင်း၊  အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့  အပြောင်းအလဲများပြုလုပ်ပြီး  ဆယ်ကျော် သက်လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေ လျက်ရှိသည်။  နိုင်ငံတကာထုတ်  စာအုပ်စာစောင်များမှကောင်းနိုး ရာ  ခေတ်မီအကြောင်းအရာများနှင့်   ယခုလအတွက်   အထူးပြု ရေးသားသည့်  “သိမှတ်စရာ  ဒီမိုကရေစီရေးရာ”  မျက်နှာဖုံးဆောင်းပါး ကြီးများပါဝင်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် (ဧပြီလ) ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ဖြန့်ချိလိုက် ပြီ ဖြစ်သည်။
၂၀၂၂ ခုနှစ်၊ ဧပြီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် တွင် ဇော်ဇော်အောင် (မန္တလေး)၊ K. M. A ၊ သန့်လွင်ထွန်း (MPA)တို့ ၏   “သိမှတ်စရာ    ဒီမိုကရေစီရေးရာ”   မျက်နှာဖုံးဆောင်းပါးများ၊ ဒေါက်တာခင်မောင်ညို၊   ကောင်းသန့်၊   ဟိန်းလတ်၊   မောင်ဒီပ  (ပညာရေး)၊  ညီမော်သိမ်း၊ ပါမောက္ခကိုကိုအောင်၊ မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)၊  နေသူရိန်၊  ဒေါက်တာလွင်သန့်၊   မီးအိမ်ရှင် ဒေါက်တာနိုက်တင်ဂေးလ်တို့၏      လူငယ်ရေးရာဆောင်းပါးများ၊ အောင်မြတ်စည်သူ၏             အတွေးအခေါ်နှင့်တက်ကျမ်းဆိုင်ရာ ဆောင်းပါး၊ အေးထွန်းမင်း၏ နိုင်ငံတကာဆိုင်ရာဆောင်းပါး၊ ဦးစိုင်း ကျော်သူ၏  ရွေးကောက်ပွဲဆိုင်ရာဆောင်းပါး၊ ဒေါက်တာမြင့်သန်း၊  ရဲထက်ဇော်၊  ကြည်လွင်ဦး  (ရေနံ)   တို့၏ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ၊ မြသိန်း၊ ကိုဇော်ဌေး (ယဉ်ကျေးမှု) တို့၏ သဘာဝ ပတ်ဝန်းကျင်ရှုထောင့်ဆိုင်ရာဆောင်းပါးများ၊   ထက်ဝေအောင် (စစ်ကိုင်း)  ၏   အမုန်းစကားဆိုင်ရာဆောင်းပါး၊   ဦးဘသန်း  (မဟာဝိဇ္ဇာ)၊   စိုးစိုး  (ပန်းတောင်း)၊  ဆောင်းဝင်းလတ်၊ ဒေါက်တာ မြင့်သန်းထွန်း  (ပြည်သူ့ကျန်းမာရေး)၊ ဒေါက်တာစန်းဦး၊ စိန်ဝင်းမော်၊ မော် (သန်လျင်)  တို့၏  ကဗျာ၊  ဟာသ၊  ဖြစ်ရပ်မှန်၊  ဝတ္ထုတိုနှင့်  အထွေထွေကဏ္ဍများကို ရောင်စုံ၊  ဖြူ/ မည်း  သရုပ်ဖော်ပုံဝေဝေ ဆာဆာဖြင့်  စီစဉ်တင်ဆက်ထားသည်။
အဆိုပါ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ် လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ အမှတ် (တ-၅၅)၊  သပြေကုန်းဈေး၊  နေပြည်တော်၊ ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည် လမ်း၊ ရန်ကုန်မြို့၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ ၈၆ လမ်း၊  ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ၀၂- ၄၀၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက  စာပေဗိမာန် စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁)၊   ကုန်သည်လမ်း၊   ရန်ကုန်မြို့၊  ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁- ၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်