
မိုဘိုင်းဖုန်းတွေရဲ့စွမ်းဆောင်ရည် မြင့်လာ တာနဲ့အမျှ ဂိမ်းတွေကိုလည်း 3D ရုပ်ထွက် တွေနဲ့ ပိုကောင်းအောင်လုပ်လာကြလို့ 2D ဂိမ်းဆိုရင် ဒီနောက်ပိုင်းမှာ လူကြိုက် များတာ သိပ်မရှိပါဘူး။ Ninja Arashi ဂိမ်းကတော့ ၁ နဲ့ ၂ နှစ်ခုထွက်ထားရာမှာ နှစ်ခုလုံးဟာ 2D ဂိမ်းဖြစ်ပေမယ့် လှပတဲ့ နောက်ခံရုပ်ပုံတွေ၊ သပ်ရပ်တဲ့ လှုပ်ရှားပုံ တွေနဲ့ ဆော့ရခက်တဲ့ ဂိမ်းပလေးကြောင့် လူကြိုက်များတဲ့ဂိမ်းဖြစ်ပါတယ်။
Ninja Arashi ဂိမ်း ၁ နဲ့ ၂ နှစ်ခုလုံးဟာ ခပ်ဆင်ဆင် အက်ရှင်ဂိမ်းတွေဖြစ်ပြီး လုပ်ရတဲ့ Mission တွေနဲ့ လက်နက်အချို့ သာ ကွာခြားပါတယ်။ နင်ဂျာတစ်ယောက် အနေနဲ့ အန္တရာယ်တွေ၊ ထောင်ချောက် တွေ ပြည့်နေတဲ့လမ်းမှာ အနီးကပ်/အဝေး ပစ် လက်နက်တွေသုံးပြီး ရန်သူတွေကို တိုက်ခိုက်သွားရမှာဖြစ်ပါတယ်။ Ninja Arashi ဂိမ်း ၁ မှာ အခန်း ၄၅ ခန်းနဲ့ ၂ မှာ အခန်း ၈၀ ပါဝင်ပါတယ်။ ဂိမ်းနှစ်ခုလုံး ဟာ 2D ဂိမ်းဖြစ်လို့ ဖိုင်ဆိုက်သေးပြီး ၁ က 62MB နဲ့ ၂ က 118MB ပဲရှိပါတယ်။ ဖုန်းအမျိုးအစားလည်း မရွေးဘဲ မော်ဒယ် နိမ့်တဲ့ဖုန်းတွေနဲ့လည်း အဆင်ပြေပြေ ဆော့နိုင်ပါတယ်။ ကျော်ဇင်ဦး