(၂၉) နှစ်မြောက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

 

စတုတ္ထမဏ္ဍိုင်ပီသသည့်  စာနယ်ဇင်းသမားကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းလက်တွဲဆောင်ရွက်

 

ရန်ကုန်    မေ    ၃
မြန်မာနိုင်ငံ    သတင်းမီဒီယာကောင်စီက ကြီးမှူး၍ (၂၉) နှစ်မြောက်   ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) အထိမ်းအမှတ် အခမ်းအနားကို  ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ     မြန်မာနိုင်ငံ    သတင်းမီဒီယာ ကောင်စီရုံးခန်းမ၌ ကျင်းပသည်။
 အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက Video Message  ပေးပို့၍(ယာပုံ) အမှာစကားပြောကြားရာ၌ ယခုနှစ် World Press Freedom Day ဆောင်ပုဒ် ဖြစ်သည့် “ဒစ်ဂျစ်တယ်ထိုးနှက်မှုအောက်မှ ဂျာနယ် လစ်ဇင်”ဆိုရာမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်းသမားများ၏  ဘေးကင်းမှု၊ သတင်းရယူခွင့် နှင့်    ကိုယ်ရေးကိုယ်တာအပေါ်   ဒစ်ဂျစ်တယ်ခေတ်၏ သက်ရောက်မှုများသည်      အရေးကြီးကြောင်းကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်ပါကြောင်း၊     အချက် အလက်   ခိုင်မာတိကျမှုမရှိသည့်   သတင်းမှားများ၊ လုပ်ကြံသတင်းများ၊     သက်ဆိုင်ရာဥပဒေများကို ဖောက်ဖျက်ကျူးလွန်ပြီး     ရေးသားထုတ်လွှင့်မှုများ သည်  လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊  သတင်း လွတ်လပ်ခွင့်တို့၏ အခြေခံလွတ်လပ်ခွင့်နှင့် အရေးပါ မှုကို များစွာထိခိုက်စေသည့် အကြောင်းအရာများ ဖြစ်ပါကြောင်း။
 သတင်းလွတ်လပ်ခွင့်ဟုဆိုရာတွင်  နည်းမှန် လမ်းမှန်နှင့် အခြေခံလူ့အခွင့်အရေးကို အလွဲသုံးမှု မပြုဘဲ   မှန်ကန်သည့်    မီဒီယာကျင့်ဝတ်များကို လိုက်နာပြီး   ပြည်သူများအတွက် စတုတ္ထမဏ္ဍိုင် ပီသစွာ    ရပ်တည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းတာဝန်သည် စာနယ်ဇင်းလောကသားများ၏ တာဝန်ပင်ဖြစ်ပြီး      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် လွတ်လပ်သည့် ပုဂ္ဂလိကမီဒီယာ များ    ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်    နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် စတုတ္ထမဏ္ဍိုင်၏ အခန်းကဏ္ဍ သည် အမြဲအရေးကြီးသည်ဆိုခြင်းကို ခြွင်းချက်မရှိ အလေးအမြတ်ပြုပြီးဖြစ်ပါကြောင်း။
ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် မြန်မာ နိုင်ငံအတွင်းရှိ သတင်းမီဒီယာအသီးသီးမှ စာနယ် ဇင်း ဆရာ ဆရာမများအားလုံး၊ မီဒီယာအဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများအားလုံး ကျန်းမာရွှင်လန်း ပြီး     မီဒီယာလုပ်ငန်းများကို    ဆတက်ထမ်းပိုး ရွက်ဆောင်ရင်း တည်ဆဲဥပဒေများနှင့်အညီ စတုတ္ထ မဏ္ဍိုင်ပီသသည့်   စာနယ်ဇင်းသမားကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာနယ်ဇင်းသမားတို့က မိမိတို့၏ အခန်း ကဏ္ဍမှ ဝိုင်းဝန်းလက်တွဲဆောင်ရွက်ပေးကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါကြောင်း ပြောကြား သည်။
ထို့နောက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ၏ အမှာစကားကို ဒုတိယဥက္ကဋ္ဌ(၁) ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)က ဖတ်ကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးအောင်ပြည့်စုံ၊ ကောင်စီဝင်များ ဖြစ်ကြသည့်   ပါမောက္ခဒေါက်တာမြသိန်းဟန်၊ ဒေါက်တာဇော်သန်း၊ ဒေါက်တာအေးမင်း (ဒေါက်တာ အောင်ထက် - ဆေး(၁))  နှင့်    ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းတို့က      “သတင်းအမှန်    ပြည်သူ့ထံ” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပသည်။
ယင်းနောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ(၂) ဦးတင်မောင်ဦး (ကြို့ပင်ကောက် တင်မောင်ဦး)က  ကျေးဇူးတင်စကား  ပြောကြားခဲ့ သည်။ 
သတင်းစဉ်