(၂၉) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

 

 

နေပြည်တော်   မေ   ၁၀
(၂၉)ကြိမ်မြောက်     မြန်မာ့ တပ်မတော်  ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ       ဒုတိယနေ့ ကို     ယနေ့    နံနက်ပိုင်းက နေပြည်တော်ရှိ တပ်မတော်ဆေးရုံ ကြီး (ခုတင်- ၁၀၀၀)နှင့် ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကု ဆေးရုံကြီး   (ခုတင်- ၅၀၀) တို့၌ Online Hybrid      စနစ်ဖြင့် တစ်ပြိုင်နက်တည်း   ဆက်လက် ကျင်းပပြုလုပ်ရာ    တပ်မတော် ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက် ရေးကော်မတီ ဥက္ကဋ္ဌ၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး  ညွှန်ကြားရေး မှူး         ဗိုလ်ချုပ်   ကိုကိုလွင်၊ ဆေးဝန်ထမ်းတပ်ဖွဲ့မှ တပ်မတော် အရာရှိကြီးများ၊     ပါရဂူများ၊ ဆေးမှူးများ၊   သူနာပြုအရာရှိများ၊ သူနာပြုများ၊      နိုင်ငံတကာမှ ဆေးပညာရှင်များ၊ ဆေးဝန်ထမ်း တပ်ဖွဲ့မှ     အငြိမ်းစားအရာရှိကြီး များ၊     ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ   တက်ရောက် ကြသည်။ 
ယနေ့တွင် Major Symposium အဖြစ်       Development   and Changes  We  Need: Medical Education  and  Impact of  the COVID-19၊  Clinical Session ကို လည်းကောင်း၊ အခြား Symposium များအဖြစ်     Nurses’ Resilience in   Myanmar  Military  in  the Face  of  COVID-19 ၊ Optimising Pulmonary      Function     by Rehabilitation ၊   Quality  Care in Anaesthesia: Nurturing the Culture in   COVID-19    Era ၊ COVID-19  and   Patients with CKD        on       Maintenance Haemodialysis ၊    Impact of Recent Changes   in   COVID-19 Pandemic from Women’s Health Perspective ၊     Mistakes    in Gastro- enterology      and Hepatology ၊            COVID-19: Challenges     for  Physicians၊ Medicolegal    Issues     in Obstetrics and Gynaecology ၊ Building Shared Vision in Myanmar    Military    Medical Practice နှင့် Special  Talk ၃ ခု တို့ကို   Auditorium   ၄ နေရာ၌ ဆွေးနွေးကြသည်။
ထို့အပြင်        သုတေသန စာတမ်းများအဖြစ်     ဆေးပညာ၊ စိတ်ရောဂါပညာ၊        ပြည်သူ့ ကျန်းမာရေး၊  ဆေးဝါးဗေဒ၊ အဏု ဇီဝဗေဒ၊ ဆေးပညာသင်ကြားရေး၊ ဇီဝကမ္မဗေဒ၊     ဇီဝဓာတုဗေဒ၊ ရောဂါဗေဒ၊  သူနာပြုပညာ၊ မေ့ဆေး ပညာ၊     အရိုးရောဂါကုပညာ  စသည့် ဘာသာရပ်ဆိုင်ရာ သုတေ သနစာတမ်း  စုစုပေါင်း ၄၅ စောင် တို့ကို Auditorium ၄ နေရာတွင် ပါဝင်ဖတ်ကြားတင်သွင်းကြသည်။
ထို့ပြင်   တက်ရောက်လာသူ များက        သိလိုသည်များကို မေးမြန်းကြရာ     သက်ဆိုင်ရာ သုတေသီတို့က  ရှင်းလင်းဖြေကြား ဆွေးနွေးကြပြီး      ဒုတိယနေ့ အစီအစဉ်များကို     ညနေပိုင်းတွင် ရပ်နား၍    မေလ ၁၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်  ဖြစ် ကြောင်း သိရှိရသည်။
နှီးနှောဖလှယ်ပွဲသို့ Inperson တက်ရောက်သူများ    အနေဖြင့် တပ်မတော်ဆေးရုံကြီး (ခုတင် - ၁၀၀၀)    တွင်    ၁၁၃    ဦးနှင့် တပ်မတော်အရိုးရောဂါ အထူးကု ဆေးရုံကြီး  (ခုတင်- ၅၀၀) တွင် ၂၂၄ ဦး    စုစုပေါင်း ၃၃၇ ဦး တက်ရောက်ခဲ့ပြီး   Online    မှ တက်ရောက်သူများ   အနေဖြင့် ဆေးဝန်ထမ်းတပ်ဖွဲ့မှ အငြိမ်းစား အရာရှိကြီးများ၊            အခြား တပ်မတော်ဆေးရုံ၊   ဆေးတပ် အသီးသီးတို့မှ    ပါရဂူ၊    ဆေးမှူး၊ သူနာပြု (အရာရှိ)နှင့်   သူနာပြု စုစုပေါင်း ၅၀၈ ဦး   တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်