(၂၈)ကြိမ်မြောက် မိုင်းဆတ်ခရိုင်နှင့် မိုင်းတုံခရိုင် လားဟူတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပ

 

နေပြည်တော် ဇန်နဝါရီ  ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)   (၂၈)ကြိမ်မြောက် မိုင်းဆတ်ခရိုင်နှင့် မိုင်းတုံခရိုင် လားဟူတိုင်းရင်းသား စုပေါင်း  နှစ်သစ်ကူးပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် မိုင်းဆတ် မြို့ ဝိန်းဝိုင်ရပ်ကွက်ရှိ   လားဟူ စာပေနှင့်    ယဉ်ကျေးမှုကွင်း၌ ပြုလုပ်ရာ  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်   တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံ တိုင်းရင်းသားများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများက (၂၈)  ကြိမ်မြောက် မိုင်းဆတ်ခရိုင်နှင့်   မိုင်းတုံခရိုင် လားဟူတိုင်းရင်းသား   စုပေါင်း နှစ်သစ်ကူးပွဲတော်အား   ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး    ပြည်နယ် ဝန်ကြီးချုပ်နှင့်   တိုင်းမှူးတို့က နှစ်သစ်ကူး    အဖွင့်အမှာစကား ပြောကြားကြသည်။  ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လားဟူ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေး မှုအဖွဲ့အား   ထောက်ပံ့ငွေများ ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး သဘာပတိအဖွဲ့ဝင် လားဟူ  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့နာယက သိက္ခာ တော်ရဆရာတော် ဦးကျရှောက နှစ်သစ်ကူး   ကြိုဆိုအဖွင့်အမှာ စကားပြောကြားသည်။ 
ထို့နောက်     ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ၅၇  ဦးအား   တာဝန်ရှိသူတစ်ဦး က   ဂုဏ်ပြုဆုများပေးအပ်ရာ ကျောင်းသား   ကျောင်းသူများ ကိုယ်စား   ကျောင်းသူတစ်ဦးက လက်ခံရယူပြီး    လားဟူရိုးရာ လက်ဆေးမင်္ဂလာခံယူခြင်း ဆက် လက်ကျင်းပသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊    တိုင်းမှူး နှင့် တက်ရောက်လာကြသူများက လားဟူ၊ ရှမ်း၊ ဝ၊ အာခါ၊ လီဆူး တိုင်းရင်းသားရိုးရာ  ယဉ်ကျေးမှု အကအဖွဲ့များ၏ ကပြဖျော်ဖြေမှု များကို    ကြည့်ရှုအားပေးပြီး လားဟူတိုင်းရင်းသား ယဉ်ကျေးမှု ပြခန်းအား   လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်