၂၇-၄-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊  ဧပြီ ၂၇ ရက် မွန်းလွဲ  ၁  နာရီတွင်  ပြန်ကြားရေးဝန်ကြီးဌာန၊   ဝန်ကြီးရုံး  စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 


(ယမန်နေ့မှအဆက်)


Myanmar Public Press သတင်းဌာနမှ တာဝန်ခံအယ်ဒီတာ ဒေါက်တာ ဦးစိုးမြင့်ဦးက  မိမိတို့နိုင်ငံတွင် အဂတိလိုက်စားမှုသည် တော်တော်မြင့်တက်လာကြောင်း၊       ထိုအဂတိလိုက်စားမှု၏ နောက်ဆက်တွဲဆိုးကျိုးက   နိုင်ငံတော်အပေါ်တွင်   ကြည်ညိုမှု အားနည်းလာကြောင်း၊   တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလည်း ထိခိုက်လာကြောင်း၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကိုလည်း ပျက်သုဉ်း စေသည့်အထိ ဖြစ်နိုင်ကြောင်း၊ ယင်းကိစ္စများနှင့်ပတ်သက်ပြီး နိုင်ငံ အတွင်း၌ဖြစ်နေသည့် တရားစီရင်ရေးနှင့် မြေယာပြဿနာ ဖြေရှင်းမှု များသည် ယခင်စနစ်အတိုင်းသာ သွားနေမည်ဆိုလျှင် ဒုံရင်းဒုံရင်းပင် ဖြစ်နေမည်ဖြစ်ကြောင်း၊ အဆင်ပြေမည်မဟုတ်ကြောင်း၊ အဘယ် ကြောင့်ဆိုသော် တိုင်းဒေသကြီးအစိုးရကို ပြန်ပြီးတင်ပြရန်ညွှန်ကြားလိုက်သည့်အခါ တိုင်းဒေသကြီးမှ ခရိုင်၊ ခရိုင်မှ မြို့နယ်၊ တစ်နည်းအား ဖြင့်ပြောရလျှင်   မြို့နယ်မှ   အကျင့်ပျက်ဝန်ထမ်းများက လုပ်နေ ကြောင်း၊   ထိုအကျင့်ပျက်ဝန်ထမ်းများက ပြန်ပြီးတင်ပြသည့်အခါ လိမ်လည်လှည့်ဖြားနေကြောင်း၊ ယင်းစနစ်ကို မိမိတို့က အမျိုးသား အကျိုးစီးပွားအတွက် ရည်ရွယ်ပြီး ထိုအဂတိ လိုက်စားမှုတိုက်ဖျက် ရေးကို ချေဖျက်နိုင်ရေးအတွက် မဟာဗျူဟာချမှတ်ပြီး ဆောင်ရွက် နိုင်လျှင် အဆင်ပြေမည်ဟုထင်ကြောင်း၊ မိမိတို့ အရပ်ဘက်ပညာရှင် များ၊ ပုဂ္ဂိုလ်များကိုပါ ဖိတ်ကြားဆွေးနွေးပြီး မဟာဗျူဟာရေးဆွဲခြင်းကို ပြုလုပ်စေလိုကြောင်း။

 


သို့သော် နိုင်ငံတော်အစိုးရအနေဖြင့်   အချိန်ကာလနည်းသည့် အတွက်   မဆောင်ရွက်နိုင်ဘူးဆိုလျှင် လတ်တလော  ၎င်းစနစ်ကို ထိန်းကျောင်းပေးစေလိုကြောင်း၊  အဘယ်ကြောင့်ဆိုသော် မိမိတို့ ဆိုလျှင် တိုင်ကြားစာနှင့်ပတ်သက်ပြီး မတိုင်ကြားသည်မှာ ကြာသွား ပြီဖြစ်ကြောင်း၊   တိုင်စာတင်ခြင်းကိုလည်း   အားမပေးကြောင်း၊ တင်လိုက်လျှင် တိုင်းဒေသကြီး(သို့မဟုတ်)  ပြည်နယ်အစိုးရကို ပြန်လည် တင်ပြရန်ညွှန်ကြားကြောင်း၊ ညွှန်ကြားသည့်အခါ နောက်ဆုံးတွင် ဒုံရင်းဒုံရင်းနှင့်သာ စရိတ်များထပ်ပြီးကုန်ကြောင်း၊ တော်တော်ဆိုးဆိုး ရွားရွား  အခြေအနေများကိုလည်းတွေ့ရကြောင်း၊ ဥပမာ - ရခိုင် ပြည်နယ်    အမ်းမြို့တွင်   ယခင်လွတ်လပ်ရေးမရခင်ကတည်းက နှစ်ပေါင်းရာချီပြီးနေခဲ့သည့် ချင်းတိုင်းရင်းသားရွာလေးရှိခဲ့ကြောင်း၊ ထိုရွာကို လုပ်ငန်းရှင်များက မျက်စိကျလာသည့်အတွက် ဖျက်သိမ်း ခြင်းကိုခံရကြောင်း၊ ထိုသို့ဖျက်သည့်အခါ တရားရင်ဆိုင်ဆဲကာလတွင် တစ်စုံတစ်ယောက်က ဖိအားပေးပြီး ရဲကလာဖျက်ကြောင်း၊ မှတ်တမ်း ဓာတ်ပုံရိုက်သည့်အခါ ဓာတ်ပုံများကို သိမ်းခြင်းခံရကြောင်း၊ ထိုဖြစ်စဉ် များကို မိမိတို့က ထပ်ပြီး မဖြစ်စေလိုကြောင်း၊ အိမ်များတင်မကဘဲ ကိုယ်ထူကိုယ်ထစာသင်ကျောင်းပါ အဖျက်ခံလိုက်ရကြောင်း၊ ယင်း ကိစ္စများကို ပြန်လည်သုံးသပ်ပေးစေလိုကြောင်း၊ မိမိတို့ ဘေးပတ်ဝန်း ကျင်ကလူပင် တော်တော်လေးခံစားနေရကြောင်း။

 


တရားစီရင်ရေးတွင်လည်း  တော်တော်လေးအခြေအနေဆိုးနေကြောင်း၊   ရန်ကုန်တိုင်းမြို့နယ်တစ်ခုတွင် မြေရှင်တစ်ယောက်က ၎င်း၏မြေကို  ပိုင်းပြီးရောင်းကြောင်း၊  ဝယ်သည့်သူကစရန်ပေးပြီး ကျန်သည့်ငွေကိုမပေးဘဲ စာချုပ်အပေါ်တွင် လက်ဗွေအတုဖြင့်လုပ်ပြီး ဂရန်ရအောင် ကြိုးစားလိုက်ကြောင်း၊ ထို့နောက် ရောင်းသည့်မြေရှင်ကို ပြန်ပြီးတရားစွဲကြောင်း၊ တစ်ဖက်ကခံရသည့်  မြေပိုင်ရှင်ပုဂ္ဂိုလ်က လည်း  ထိုသူကိုပြန်ပြီး လက်မှတ်အတုပြုလုပ်သည့်အတွက်  CID ထောက်ခံချက်နှင့်  ပြန်ပြီးတရားစွဲကြောင်း၊  သို့သော်   ဟိုဘက်က စွဲသည့်အမှုသာ တက်လာပြီး မြေယာရောင်းသည့်သူက ထောင်ကျနေ ကြောင်း၊ CID လက်မှတ်ရသော်လည်း  ဒီဘက်ကပြန်စွဲထားသည့်  အမှုက နှစ်နှစ်ကျော်ကြာကြောင်း၊ ရဲနှင့်ဥပဒေရုံး ဘော်လီဘောပုတ် နေကြကြောင်း၊ ယင်းကဲ့သို့ အကျည်းတန်ရုပ်ဆိုးနေသည့် ဖြစ်ရပ် များကို ရှောင်ရှားနိုင်အောင် လတ်တလောအနေအထားဖြင့်   လုပ်မည် လား၊ ရေရှည်အတွက်မျှော်လင့်ပြီး မဟာဗျူဟာချမှတ်ပြီး လုပ်မည် လား၊ မည်သည့်နည်းလမ်းဖြင့်လုပ်မည်လဲ သိလိုပါကြောင်း မေးမြန်း သည်။ 

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက    ရခိုင်ပြည်နယ်     အမ်းကိစ္စကို အထောက်အထားများပေးခဲ့၍ရကြောင်း၊ အဂတိတိုက်ဖျက်ရေးမှာ နိုင်ငံတိုင်းတွင်  အလေးထားပြီးတိုက်ဖျက်နေသည့်  လုပ်ငန်းများ ဖြစ်ကြောင်း၊  ယင်းတို့ကို  ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံကိုထူထောင်လျှင် ပိုပြီးလိုအပ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး ပြည်သူများပူပေါင်းဆောင်ရွက်နိုင်အောင် တချို့နေရာ များတွင် ဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်ကိုလည်း   စာနှင့်တိုင်ကြားခြင်း၊   တိုင်ကြားသည့်  နည်းလမ်းများ ဖွင့်လှစ်ပေးသည်များရှိကြောင်း၊ ထိုထက်ပြည်သူများ ပူးပေါင်းပါဝင်လာနိုင်သည့်   အခွင့်အရေးများကိုလည်း    အဂတိ  လိုက်စားမှု   တိုက်ဖျက်ရေးကော်မရှင်က  ဖြေကြားပေးရန်  မေတ္တာ ရပ်ခံလိုကြောင်း ပြောကြားသည်။ 

 


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦး က ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံမှ ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗန်းရှင်းကို အတည်ပြုဝင်ရောက်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင်   အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို  ပြဋ္ဌာန်းခဲ့ ကြောင်း၊ ဥပဒေကိုပြဋ္ဌာန်းပြီးသည်နှင့် ၂၀၁၄ ခုနှစ်တွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို  ဖွဲ့ခဲ့ကြောင်း၊ မြန်မာနိုင်ငံ တွင်ဖြစ်ပေါ်နေသည့် အဂတိလိုက်စားမှုများကို လျော့နည်းကျဆင်း သွားအောင်  မဟာဗျူဟာစီမံချက်များရေးဆွဲခဲ့ပြီး ဆောင်ရွက်ခဲ့ ကြောင်း၊ ကာလတို လေးနှစ် စီမံကိန်းများကိုဆောင်ရွက်နေကြောင်း၊ ထိုအထဲမှ လုပ်ငန်းတာဝန်သုံးရပ်အနေဖြင့်   အဂတိလိုက်စားမှုကိုတားဆီးကာကွယ်မည်၊  အရေးယူဆောင်ရွက်မည်၊  အသိပညာပေး မည်ဆိုသည့် ကိစ္စရပ်များနှင့်  လေးနှစ် တစ်ကြိမ်  မဟာဗျူဟာစီမံချက် များကိုရေးဆွဲပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ၊ ၂၀၂၂ ခုနှစ်မှ စတင်ကာ ထပ်ပြီး လေးနှစ် တစ်ကြိမ် ဒုတိယ အကြိမ် မဟာဗျူဟာစီမံချက်ကာလတို စီမံချက်ရေးဆွဲပြီး ဆောင်ရွက် လျက်ရှိသည်ကို အသိပေးပြောကြားလိုကြောင်း။

 


ထိုအထဲတွင်   အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဆောင်ရွက်သည့်အပိုင်းနှင့် ကော်မရှင်တစ်ခုတည်းတင် မဟုတ်ဘဲ ပြည်သူလူထုကပါ ပူးပေါင်းဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာန  အဖွဲ့အစည်းများမှ  ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းတို့ကို အမြဲတမ်းဆောင်ရွက်နေသည့် အကြောင်းအရာများကို သတင်းစာများတွင်လည်းဖော်ပြကြောင်း၊    မိမိတို့ဌာန Facebook စာမျက်နှာများတွင်လည်း ဖော်ပြထားကြောင်း၊ ပြည်သူလူထုမှ ဝန်ကြီးဌာနအဖွဲ့အစည်းများကိုသွားပြီး ဝန်ဆောင်မှု ရယူနေသည့်အချိန်တွင် ထိုသူတို့၏ဆောင်ရွက်ချက်များ၊ လိုအပ်ချက် များကို   သွားပြီးတင်ပြသည့်အချိန်   ကျေနပ်မှုရှိ/မရှိ ယခင်က ကမ္ဘာ့ဘဏ်များတွင် ပူးပေါင်းဆောင်ရွက်မှု၊ ယခုက Public People Programming ဆိုသည့်အပိုင်းဖြင့် ဆောင်ရွက်နေကြောင်း၊ ယင်းတို့ ကိုဆောင်ရွက်သည့်အတွက်  နောက်ပိုင်းတွင်   အဂတိလိုက်စားမှုက လျော့နည်းလာသည်ကို  တွေ့ရှိရမည်ဖြစ်ကြောင်း၊   အာရှဆိုင်ရာ  ဖောင်ဒေးရှင်းက ဆောင်ရွက်သည့်ကိစ္စများတွင် မြန်မာနိုင်ငံတွင်ရှိ သည့်  အဂတိလိုက်စားမှုများ  လျော့နည်းကျဆင်းမှုကို မိမိတို့၏ ဆောင်းပါးများ၊ Facebook စာမျက်နှာများတွင် တင်ပြထားပါကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံးတိုင်းတာနိုင်၊ ဆောင်ရွက်နိုင်သည့်ကိစ္စမှာ အများကြီး လျော့နည်းကျဆင်းလာသော်လည်း တစ်ဦးတစ်ယောက် အနေဖြင့် အနည်းငယ်အခက်အခဲရှိနိုင်ကြောင်း။

 


ထို့ကြောင့်  အခက်အခဲရှိနေသည်ဆိုလျှင် ကော်မရှင်ကို တိုင်ကြား ရမည့်ကိစ္စများကို စာတိုက်မှတိုင်ကြား၍ရနိုင်ကြောင်း၊ ကော်မရှင်သို့ လည်း  တိုင်ကြား၍ရနိုင်ကြောင်း၊  G.mail ဖြင့်လည်း တိုင်ကြား၍ ရနိုင်သည်ကို  သတင်းစာများတွင် ထည့်ပြီးကြော်ငြာထားကြောင်း၊ ထိုနည်းလမ်းအတိုင်းသာဆောင်ရွက်ပါက ကော်မရှင်အနေဖြင့် ပေးပို့ လာသည့်  တိုင်ကြားစာများအပေါ်တွင်  အရေးယူဆောင်ရွက်မှုရှိ ကြောင်း၊    မိမိတို့ဆောင်ရွက်ပေးနိုင်သည့်    အတိုင်းအတာအပြင် အကြံပြုအ‌ကြောင်းပြန်စာများလည်းရှိကြောင်း၊  တချို့ကိစ္စများတွင် အနည်းငယ်ရှိသော်လည်း  များသောအားဖြင့် ကော်မရှင်အနေဖြင့် အကြံပြုပြန်ကြားချက်၊  ဆောင်ရွက်ချက်များရှိကြောင်း  ပြန်လည် ဖြေကြားသည်။  

 


ဆက်လက်၍ Myanmar Public Press သတင်းဌာနမှ အယ်ဒီတာ ဒေါက်တာ စိုးမြင့်ဦးက   တကယ်လက်တွေ့တွင်   ကော်မရှင်ကို တိုင်လိုက်သည့် စာတော်တော်များသည် တိုင်းဒေသကြီးကို ရက် ၆၀ အတွင်း အကြောင်းပြန်ရန်ပို့လိုက်သည့်စာများ၊  အခြားဌာနများတရား ရေးကတစ်ဆင့် အရေးယူရန်စသဖြင့် တကယ့်ကို ထိထိမိမိပိုင်ပိုင်နိုင်နိုင် တိုင်ကြားသည်ကိုပင်  အရေးယူနိုင်မှုအားနည်းနေသည်ကို  တွေ့ရ ကြောင်း၊ ထိုအရာကလည်း တချို့အခြေအနေများ ရှိကောင်းရှိလိမ့်မည် ဖြစ်ကြောင်း၊ ၂၀၂၀ ခုနှစ်တွင် အဂတိ တိုက်ဖျက်ရေးကော်မရှင်၏ ကျင့်ဝတ်ထဲတွင် အရပ်ဘက်အဖွဲ့ အစည်းများကို ဖိတ်ခေါ်ရန်၊ တန်းတူ ရည်တူဆက်ဆံရန်ပါဝင်သော်လည်း အဂတိတိုက်ဖျက်ရေးအဖွဲ့များ ကို တရားမဝင်သလို ထင်ယောင်ထင်မှားဖြစ်စေမည့် ကြော်ငြာချက် များ ထုတ်ဖူးကြောင်း၊  အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေသည်  အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့နှင့်သာ   အကျုံးဝင်ကြောင်း၊ ရဟန်းဝိနည်းသည် ရဟန်းနှင့်သာဆိုင်ကြောင်း၊ သို့သော် အမြို့မြို့ အနယ်နယ်၌ရှိသော  အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့များသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အကျုံးမဝင်ပါဟု ကြေညာ ကြောင်း၊ ထို့သို့ကြေညာခြင်းသည်  ပြည်သူများအတွက် ထင်ယောင် ထင်မှားဖြစ်စေကြောင်း၊  ပြည်သူအများစုက ဥပဒေကို နားမလည်ကြ ကြောင်း၊    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေသည်  အဂတိ  လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကသာ        ဆောင်ရွက်ခွင့်ရှိသော  ဥပဒေကိုဆိုလိုသည်ကိုမသိဘဲ   အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို အကျုံးမဝင်ဘူးဆိုလျှင် ထိုအဖွဲ့များက လူလိမ်များ ဖြစ်နေ သည်လား၊ လိမ်ညာ၍လုပ်နေသယောင်ဖြစ်စေကြောင်း၊ ပြည်သူလူထု ပူးပေါင်းပါဝင်ရန်     အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က လည်း  ကြိုဆိုသင့်ကြောင်း၊  ဥပဒေကိုသာသိကြပြီး Quate ကို မသိကြ ကြောင်း၊ မိမိတို့အနာဂတ်အတွက် ထိုအဂတိလိုက်စားမှုကို လျှော့ချ နိုင်ရန်    မည်သည့်နိုင်ငံမျှ မကင်းကြောင်း၊  မည်သည့်ပြစ်ဒဏ်ပေးပေး မကင်းကြောင်း၊ တရုတ်ပြည်တွင် သေဒဏ်ပေးသည်ကိုတောင် မကင်း ကြကြောင်း၊ သို့သော် အဂတိမြင့်တက်လျှင် နိုင်ငံတိုးတက်မှု အလွန် အင်မတန်ဆုတ်ယုတ်ပြီး စိတ်ဓာတ်ပျက်ပြားသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့်  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို     အလေးထား ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

 


ဆက်လက်၍   ဒုတိယမေးခွန်းအနေဖြင့်   မိမိတို့နိုင်ငံတော်က သဘောထားကြီးစွာဖြင့် ပြန်လွှတ်ပေးသည်များ များစွာရှိပါကြောင်း၊ နိုင်ငံတော်အတွက် အကျိုးရှိမည့်ကိစ္စများအတွက် ကြိုဆိုပါကြောင်း၊ အနုပညာရှင်များလည်း   လွှတ်ပေးထားကြောင်း၊   နိုင်ငံတော်ကို အကျိုးပြုနိုင်ရန်ရည်ရွယ်၍ လွှတ်ပေးထားသည်ဟုသိရကြောင်း၊ BPI စက်ရုံမှူး ဒေါက်တာ အောင်ဇော်ကို လွှတ်ပေးလိုက်ခြင်းသည် နိုင်ငံ အတွက် တကယ်ကိုအကျိုးရှိကြောင်း၊ ကိုဗစ်ကာကွယ်ဆေးထုတ်ပေး သည့်အတွက် အလွန်အင်မတန်မှ ဝမ်းသာဂုဏ်ယူမိကြောင်း၊ အမျိုး သား ကြီးပွားတိုးတက်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်နှင့် ပတ်သက်၍    ကြားရသည့်သတင်းများက  ထိုအချိန်ကာလတွင်  အခြေအနေကြောင့် အရေးယူခံရသည့် အကြောင်းတရားများလည်းရှိသည်ဟု ကြားမိပါ ကြောင်း၊ သတ္တုတွင်းဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းများကိုလည်း ခွင်ထဲဝင်အောင် ဖန်တီးပြီးအရေးယူမှုများရှိသည်ဟူ၍လည်း ကြားဖူး ကြောင်း၊ နိုင်ငံတော်အတွက်ဖြေလျှော့မှုများ အားလုံးထဲမှ ဦးစိုးထွန်း ရှိန်တို့ပါလာလျှင်  နိုင်ငံတော်အတွက်  အကျိုးကျေးဇူးရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊   ၎င်းကုမ္ပဏီတွင်  တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏ဘဝလည်း ပိုမိုစိုပြည်လာမည်ဖြစ်ကြောင်း၊ ယင်းကိစ္စ များနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ပေးမည့် အခြေအနေများရှိ/မရှိ သိလိုပါကြောင်း မေးမြန်းသည်။ 

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက     သတင်းထောက်ကြီးပြောသည့်   အကြောင်းအရာကို မှတ်သားထားမည်ဖြစ်ကြောင်း  ပြန်လည်ပြောကြားသည်။

 


နေပြည်တော် အွန်လိုင်းသတင်းဌာနမှ အယ်ဒီတာ ဦးမင်းမောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏  ကမ်းလှမ်းချက်အရ  ငြိမ်းချမ်းရေးဖော်ဆောင်မှု NCA  လမ်းကြောင်းအပေါ် EAOs  အဖွဲ့ အစည်းများထဲက တက်ရောက်မည့်အဖွဲ့များရှိသည်ဟု ကြားသိရပါ ကြောင်း၊ NCA  လမ်းကြောင်းအပေါ် ယုံကြည်မှုနည်းပြီး ဝေဖန်မှုများ လည်းရှိကာ မတက်ရောက်မည့် အဖွဲ့အစည်းများလည်း ရှိသည်ဟု ကြားသိရပါကြောင်း၊ မိမိသိလိုသည်မှာ NCA  လမ်းကြောင်းအပေါ် တက်မလာသည့် EAOs အဖွဲ့အစည်းများကို ဆက်လက်ပြီး မည်သို့ ဆောင်ရွက်မည်ကို သိလိုပါကြောင်း၊   NCA  လမ်းကြောင်းအပေါ် တက်ရောက်လာသည့်  EAOs အဖွဲ့အစည်းများကို မည်မျှအထိ လိုက်လျောမှု၊  ဖြေလျှော့မှုများ၊  ညှိနှိုင်းမှုများဆောင်ရွက်မည်ကို သိလိုပါကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက ယင်းကိစ္စနှင့်ပတ်သက်၍ မည်သည့် ကန့်သတ်ချက်မျှမထားဘဲဆွေးနွေးမည်ဟု     ပြောပြီးဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်မျိုးသည် မရှိသလောက်ရှားပါးကြောင်း၊ ယခုလောက်ဆို မိမိတို့ပြောထားသည်မှာ ပြည့်စုံလုံလောက်ပြီဖြစ်ကြောင်း၊ တွေ့ဆုံ သည့်နေရာတွင်လည်း ဆုံးဖြတ်ပေးနိုင်မည့်လူအချင်းချင်း တွေ့ဆုံ ခြင်းသာဖြစ်ကြောင်း၊ ယခုထက်မြင့်မားသော ကြီးမားသည့်ဆွေးနွေး မှုရှိနိုင်မည်မဟုတ်ကြောင်း၊   အဆုံးအဖြတ်ပေးနိုင်သူအချင်းချင်း တွေ့ဆုံသည့်နေရာတွင် ကြိုတင်ကန့်သတ်ချက်မရှိဘဲ ဆွေးနွေးနိုင်ရေး ဆိုသည့်အချက်   ပါပြီးဖြစ်သည့်အတွက်  ပြည့်စုံလုံလောက်ပြီဟု ပြောလိုကြောင်း၊   NCA လက်မှတ်ရေးထိုးသည့်သူများ၊   NCA လမ်းကြောင်းနှင့်ပတ်သက်ပြီး သွေဖည်သူများ စသည်တို့မှာ အမျိုးစုံ ပြောနေခြင်းဖြစ်ကြောင်း၊ NCA နှင့်ပတ်သက်ပြီး လိုသည့်သူများရှိသလို မလိုသည့်သူများလည်းရှိကြောင်း၊ လက်မှတ်ရေးထိုးခါနီးတွင် စဉ်းစား ပြီး လက်မှတ်ရေးထိုးရန် မြန်မာနိုင်ငံအတွင်းရှိ နာမည်ကြီးပုဂ္ဂိုလ်များ ပင်လျှင်  ပြောခဲ့ခြင်းဖြစ်ကြောင်း၊ သူ့ယူဆချက်နှင့်သူရှိကြောင်း၊ မိမိတို့အနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ငြိမ်းချမ်းရေးကိုသွားမည် ဆိုပါက စည်းစနစ်တကျနှင့်သွားခြင်းက ပို၍တန်ဖိုးရှိကြောင်း၊ ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို သွားမည်ဆိုလျှင် အားလုံးအသိ အမှတ်ပြုထားသည့် မူဘောင်ထဲက သွားခြင်းသည်သာ ပိုပြီးအသင့် လျော်ဆုံးဖြစ်သည်ဟု ပြန်လည်ဖြေကြားသည်။ 

 


နေပြည်တော်တိုင်း  အွန်လိုင်းသတင်းဌာနမှ  အယ်ဒီတာ ဦးမင်းမောင်က မြန်မာနိုင်ငံကထုတ်လုပ်သည့် Myancopharm ကိုဗစ် ကာကွယ်ဆေးနှင့်ပတ်သက်၍ ဧပြီလထဲတွင် ကျန်းမာရေးဝန်ကြီးဌာန ကို လွှဲပြောင်းပေးရန် ကြားသိရကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန အား လွှဲပြောင်းပေးပြီးပြီလား၊ စတင်အသုံးပြုနေပြီလား မည်မျှအထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမည်ဆိုသည်ကို ပြည်သူလူထုသိအောင် ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။ 

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက ကာကွယ်ဆေး ၁ သန်းကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင်  စက်မှုဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ကြီးဌာနကို လွှဲမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။ 

 


ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဗိုလ်ချုပ်ပြသွား သည့် ဇယားထဲတွင်လည်းပါကြောင်း၊ မိမိတို့အနေဖြင့် ကာကွယ်ဆေး ထိုးပြီးသည်မှာ သန်း ၅၀ ကျော်၊ ၆၀ နီးပါးခန့်ရှိကြောင်း၊ မိမိတို့ လက်ထဲတွင်လည်း   လက်ကျန်ဆေး ၁၀ သန်းခန့်ရှိသောကြောင့် Myancopharm ကိုလည်း   ကိုဗစ်ကာကွယ်ဆေးစာရင်းထဲတွင် ထည့်သွင်းအသုံးပြုမည်ဖြစ်ကြောင်း၊ လုပ်ထုံးလုပ်နည်းအရ စောစော Expired ဖြစ်စေမည့်ဆေးကို အရင်ထိုးကြောင်း၊ ထိုးပြီးလျှင် ကျန်ဆေး များကို အစဉ်လိုက်အသုံးပြုသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

 


တဲ့ပြောအွန်လိုင်းသတင်းမီဒီယာမှ အယ်ဒီတာချုပ် ဦးဇော်ရဲ ထက်က ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင်  NLD  ပါတီကမှတ်ပုံတင်ပြီး ညောင်နှစ်ပင်၌ ညီလာခံလုပ်သည့်အချိန် မိမိအနီးကပ်ရှိပါကြောင်း၊ ညောင်နှစ်ပင်ညီလာခံတွင်  ၎င်းတို့  သပိတ်မှောက်သွားကြောင်း၊ လက်ရှိတာဝန်ထမ်းဆောင်နေသည့် အစိုးရက လက်ရှိကျင့်သုံးနေ သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖြစ်အောင် ကြိုးစားခဲ့ကြောင်း၊  ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကျင်းပပေးခဲ့ကြောင်း၊ ထပ်မံပြီး သပိတ် မှောက်သည်ဟု NLD ကဆိုကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲမဝင် ခဲ့ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်သည့်အတွက် သပိတ်မှောက်သည်ဟုပြောပြီး ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ ဝင်လာကြောင်း၊ ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲထပ်လုပ် ကြောင်း၊ ရွေးကောက်ပွဲတွင် မသမာမှုဖြစ်သည့်အတွက် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က  အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြောင်း၊ နိုင်ငံရေးကိစ္စကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းရမည်ဖြစ်ကြောင်း၊ မဖြေ ရှင်းသည့်အတွက် ယခုလိုကိစ္စမျိုးပေါ်လာခြင်းဖြစ်ကြောင်း၊ သတင်း များအားလုံးကိုစုထားသည့် သတင်းဌာနများ၏ သတင်းထောက် များကပိုသိကြောင်း၊ နိုင်ငံရေးကို နိုင်ငံရေးနည်းနှင့် မဖြေရှင်းသည့် အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၃ ခုနှစ် တွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟု ကြေညာထားကြောင်း၊ လဝက အနေဖြင့်လည်း ပန်းခင်းစီမံချက်ဖြင့် ဝန်ထမ်းများ မနေမနားလုပ်နေရ ကြောင်း၊ ၎င်းတို့အနေဖြင့် စနေ၊ တနင်္ဂနွေနေ့တောင် မနားရကြောင်း၊ မိမိတို့က လိုက်ကြည့်နေသည့်အတွက်သိကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း၊  ၂၀၁၀ ခုနှစ်တွင် ကရင်ပြည် နယ်တွင်ဖြစ်ခဲ့သည့် သာဓကတစ်ခုရှိကြောင်း၊ ရွေးကောက်ပွဲကျင်းပ သည့်နေ့တွင် တိုက်ပွဲဆင်နွှဲခဲ့ပြီး မဲပုံးများအတင်းဝင်လုကြကြောင်း၊  လက်ရှိ NLD ပါတီက ပေါက်ဖွားလာသည့်  NUG သည် မည်သည့်နိုင်ငံ တွင် ရုံးတည်ထားသည်ကို  မိမိတို့မသိကြောင်း၊  မည်သည့်နေရာ တွင် ရုံးတည်ထားသည်ကိုပြလျှင် မိမိကိုယ်တိုင် သွားကြည့်မည် ဖြစ်ကြောင်း၊    အလုံးစုံပျက်သုဉ်းရေးသည်   မိမိတို့နိုင်ငံအတွက် အလားအလာမကောင်းကြောင်း၊ ၂၀၁၀ ခုနှစ်လို သာဓကမျိုး NUG များက အလုံးစုံပျက်စီးအောင်လုပ်ခဲ့လျှင် ၎င်းတို့ပင် သပိတ်မှောက်ပြီး ၎င်းတို့ကပဲ ရွေးကောက်ပွဲလုပ်ကြောင်း၊ ယင်းလိုမျိုးထပ်လုပ်မည်ဟု မပြောနိုင်ကြောင်း၊   ထို့ကြောင့် ရွေးကောက်ပွဲကိုပျက်စီးအောင် လုပ်ခဲ့မည်ဆိုလျှင် ဗိုလ်ချုပ်တို့အနေဖြင့် ရွေးကောက်ပွဲကော်မရှင်နှင့် လက်ရှိအစိုးရအနေဖြင့် မည်သို့ဆောင်ရွက်ရန်ရှိမည်ဆိုသည်ကို သိလို ပါကြောင်း မေးမြန်းသည်။ 

 

ဗိုလ်ချုပ် ဇော်မင်းထွန်းက  ရွေးကောက်ပွဲသည်  လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရမည်ဖြစ်ကြောင်း၊ လွှမ်းမိုးမှုဟု ဆိုရာတွင်လက်နက်ကိုင်ပဋိပက္ခများ၊ ခြိမ်းခြောက်အကျပ်ကိုင်မှုများ၊ မတရားလွှမ်းမိုးမှုများရှိကြောင်း၊ နိုင်ငံရေးပါတီများက ရွေးကောက်ပွဲ တွင် လူထုကိုစည်းရုံးရသည်ဖြစ်ကြောင်း၊   တရားသောနည်းဖြင့် လွှမ်းမိုးမှုက ဟောပြောကြကြောင်း၊  လိုက်လံစည်းရုံးကြကြောင်း၊ မတရားလွှမ်းမိုးမှုသည် အကြောက်တရားလူအုပ်ဖြင့် လုပ်ဆောင်ကြ ကြောင်း၊   ယင်းကိစ္စများမရှိမှသာ  လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပြည်သူများ ၏  ဆန္ဒများကို  အမှန်အတိုင်းဖော်ထုတ်နိုင်သည့်  လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲကို    နိုင်ငံတစ်ဝန်းလုံး၌    ပျံ့ပျံ့နှံ့နှံ့ အကြားအလပ်မရှိဆောင်ရွက်ရန်     ကြိုးစားဆောင်ရွက်လျက်ရှိ ကြောင်း၊ ထိုသို့ ကြိုးစားဆောင်ရွက်နိုင်အောင် ခြိမ်းခြောက်မှုများမရှိဘဲ ၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်ဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေး၊ လက်နက် ကိုင်ပဋိပက္ခများနှင့် ပတ်သက်ပြီး မိမိတို့ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး  ဖိတ်ခေါ်ပြီးဖြစ် ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးတွင်  မိမိတို့သည် မည်သည့်အဖွဲ့နှင့် မဆွေးနွေးနိုင်ဘူးဆိုပြီးပါဝင်ကြောင်း၊ မည်သည့် အဖွဲ့နှင့်  မဆွေးနွေးနိုင်ဘူးဆိုလျှင်  လက်နက်ကိုင်ပဋိပက္ခများချုပ် ငြိမ်းရေးကို မည်သို့လုပ်မည်လဲဆိုသည်ကို အဖြေထဲတွင် ပါဝင်ပြီး ဖြစ်ကြောင်း၊ ထိုအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဖြေကြားသည်။ 

 


ဆက်လက်၍ တဲ့ပြောအွန်လိုင်းသတင်းမီဒီယာမှ အယ်ဒီတာချုပ် ဦးဇော်ရဲထက် က ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ်တော်တော်များများ ကို အရေးယူထားကြောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ချိပ်ပိတ်ထားသည့်အိမ်များ၊ အဆောက်အအုံများ၊  ပစ္စည်းများရှိ ကြောင်း၊ ၎င်းတို့ကို  လက်ရှိအစိုးရအနေဖြင့်  မည်သည့်ဌာနတွင် မှတ်ပုံတင်ပြီး အသေးစိတ်ကို မည်သို့သိမ်းဆည်းထားပါသလဲ၊ ၂၀၀၄ ခုနှစ်၊  ၂၀၀၅ ခုနှစ်တွင်  ကြက်ဆူစိုက်ခင်းဆိုပြီး ကရင်ပြည်နယ် မြဝတီမြို့တွင် မြေ ၂၅ ဧကပေးခဲ့ကြောင်း၊  ယင်းကို (စ)သုံးလုံးက မြေကိုသိမ်းသလိုလို၊ ထွေအုပ်ကသိမ်းသလိုဖြစ်ကြောင်း၊ NLD  အစိုးရ တက်လာသည့်အခါ   ပြည်ပြေးဖြစ်နေသည့်   မန်းဝင်းခိုင်သန်းနှင့် ပူးပေါင်းပြီး ၎င်းတို့ကို မြေအကွက်ရိုက်ကြကြောင်း၊  ယင်းသို့လုပ် ဆောင်သည့်အတွက်    နိုင်ငံအတွက်နစ်နာကြောင်း၊   ထိုသို့ဖြစ်မှာ ကြောက်သည့်အတွက်  မည်သည့်ဌာနကသိမ်းထားသည်လဲဆိုသည် ကို သိလိုကြောင်း မေးမြန်းသည်။ 

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက  ယင်းမြေများကို အစိုးရအနေဖြင့် သိမ်းခြင်းဖြစ်ကြောင်း၊      တရားရုံး      လုပ်ထုံးလုပ်နည်းများဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊  ၎င်းတို့နှင့်ပတ်သက်ပြီး လေလံတင် ခြင်း၊ ထုခွဲခြင်း စသည့်လုပ်ငန်းစဉ်များရှိကြောင်း၊ အသေးစိတ်ကို ပြည်ထဲရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနက ပြန်လည် ဖြေကြားပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

 


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦး က ပြဋ္ဌာန်းဥပဒေနှင့်အညီ ပေးပို့လာသည့်တိုင်ကြားစာများကို  အခန်း ၃ ပုဒ်မ ၁၆ ၊ ပုဒ်မ ၁၇  တာဝန်နှင့် အလုပ်အပိုဒ်ခွဲများနှင့်အညီ အဂတိ လိုက်စားမှုကျူးလွန်သူများကို အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ တက်ရောက်လာသည့် သတင်းထောက်ကြီးများသိပြီးဖြစ်ကြောင်း၊ ထို့ပြင် အဂတိလိုက်စားမှုကျူးလွန်သည့်အတွက်ကြောင့် ရရှိလာသည့် ငွေကြေးပစ္စည်းများကို   မိမိတို့ဌာနက   ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်း ဆည်းရန်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းတို့ကို ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းခြင်းနှင့်ပတ်သက်ပြီး သိမ်းဆည်းသည့် အဆောက် အဦများကို သက်သေခံပစ္စည်းအဖြစ် တရားရုံးသို့တင်ပြကြောင်း၊ တရားရုံးမှ တင်ပြထားသည့်အတိုင်း ၂၀၂၀ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ တွင် နိုင်ငံတော်သမ္မတရုံးက အမိန့်ကြေညာစာအမှတ် ၈၆/ ၂၀၂၀ နှင့်အညီဖွဲ့စည်းထားသည့် သက်သေခံပစ္စည်း ထိန်းသိမ်းထားရေး ကော်မတီရှိကြောင်း၊ ထိုအဖွဲ့ထံသို့ သက်သေခံပစ္စည်းများကို လုပ်ထုံး လုပ်နည်းနှင့်အညီအပ်ပါကြောင်း၊ သက်သေခံပစ္စည်းထိန်းသိမ်းရေး ကော်မတီမှ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသည်ဟု တရားရုံးမှ အမိန့်ချသည်နှင့် ဆက်လက်ပြီးလုပ်ဆောင်ကြောင်း၊ ယင်းက ၈၆/ ၂၀၂၀ ၏     ဖွဲ့စည်းထားသည့်အမိန့်ဖြစ်ကြောင်း၊      ၎င်းတို့တွင်  သက်ဆိုင်ရာဗဟိုကော်မတီရှိကြောင်း၊ ခရိုင်တွင် ဖွဲ့စည်းထားသည့် ကော်မတီများရှိကြောင်း၊ မြို့နယ်တွင်ဖွဲ့စည်းထားသည့် ကော်မတီ များရှိကြောင်း၊  ထိုအဖွဲ့အစည်းများကသာ သက်ဆိုင်ရာ ပေးအပ် ထားသည့် ပုဂ္ဂိုလ်များမှစီမံဆောင်ရွက်လျက်ရှိကြောင်း ပြန်လည် ဖြေကြားသည်။

 


ဆက်လက်၍ တဲ့ပြောအွန်လိုင်းသတင်းမီဒီယာမှ အယ်ဒီတာချုပ် ဦးဇော်ရဲထက်က လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေ ဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း၌ ရုံးအမှတ်များ ရှိကြောင်း၊   အကူအညီတောင်းမည်ဆိုလျှင် ရုံးအမှတ်နှင့်တိုင်နိုင် ကြောင်း၊ ယခုNLD မှ ပေါက်ဖွားလာသည့် NUG အစိုးရ၏ ရုံးအမှတ်ကို မိမိရှာသော်လည်း  မတွေ့ကြောင်း၊  မည်သည့်နိုင်ငံမဆို မိမိသွား၍ တွေ့ချင်ကြောင်း၊ လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ အကုန်လုံး၏ အသေးစိတ်စာရင်းကို  ၎င်းတို့က အကျင့်ပျက်စာရင်း ကြေညာကြောင်း၊  ထုတ်ပယ်ကြောင်း၊  မိမိတို့လက်ရှိ နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီအစိုးရမှ တည်ငြိမ်အေးချမ်းရေးဆောင်ရွက်ရန် လက်ရှိကျွမ်းကျင်ဝန်ထမ်းများကို အသက် ၆၂ နှစ်အထိ ဥပဒေ၊ နည်း ဥပဒေများအနေနှင့် ဆက်လက်ထမ်းဆောင်ခွင့်ပြုကြောင်း၊ တချို့ကို လည်း နိုင်ငံတော်၏ လိုလားချက်အရ ၎င်းတို့၏  သဘောဆန္ဒကို ပြုကြကြောင်း၊   များသောအားဖြင့်   မိမိတို့   စောင့်ကြည့်သည့်အခါ တော်တော်များများက     သဘောဆန္ဒပြုပြီး      နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ကြကြောင်း။      

 


ယခု PDF ဟု   ခေါ်ကြသည့်သူများသည် အနန္တောအနန္တဂိုဏ်းဝင် သံဃာတော်များကိုသတ်ကြောင်း၊    မိမိတို့ကို  စာသင်ပေးသည့်  အနန္တောအနန္တဂိုဏ်းဝင်ဆရာများကိုလည်း သတ်ကြောင်း၊  လက်မခံ နိုင်သည့်  အနေအထားကိုရောက်လာကြောင်း၊ ထို့ကြောင့်    ဝန်ထမ်း များအနေဖြင့်   ရှေ့တွင်အလုပ်လုပ်နေပြီး နောက်မှာကျောမလုံဘူးဆိုပြီး ဝန်ထမ်းတော်တော်များများ မိမိတို့ကိုပြောလာကြောင်း၊ ထို့ကြောင့် ဦးစီးအရာရှိ၊ ဒုဦးစီးအရာရှိရာထူးများကို သေနတ်ထုတ်ပေးထားရန်  အစီအစဉ်ရှိမည်လား၊ ထို့နည်းအတူ နိုင်ငံတာဝန်ကို အခက်အခဲကြား မှာ အသက်စွန့်ပြီး ထမ်းဆောင်ရသည့် ဝန်ထမ်းများအတွက် ယခု ရောက်နေသည့် မိမိတာဝန်ကျနေသည့်နေရာ၌ သက်ပြည့်တာဝန်ထမ်းဆောင်ခဲ့သည့်ဝန်ထမ်းများ၊ လုပ်သက် ၂၅ နှစ်၊ ၃၀ နှစ် ဝန်ထမ်း များကို လစာမတိုးပေးနိုင်သော်လည်း ၎င်းတို့ထွက်လျှင် အနားယူ ရန်အတွက်  မြေနေရာများပေးရန် အခွင့်အရေးတစ်ခုအဖြစ် စဉ်းစားဆုံးဖြတ်ထားခြင်းများရှိပါသလား သိလိုကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက ဝန်ထမ်းများနှင့်ပတ်သက်၍ မိမိတို့ ယခုလုပ်ပေးနေသည်မှာ ယမန်နေ့က ပညာရေးဝန်ကြီးဌာနမှ အစည်း အဝေးလုပ်ကြောင်း၊   ပညာရေးဝန်ထမ်းများကို  ထောက်ပံ့ပေးရန် အစည်းအဝေးလုပ်ခဲ့ကြောင်း၊  တခြားဝန်ထမ်းများမှာလည်း  ဝန်ကြီး ဌာနအလိုက်  ထိုသို့  အစီအစဉ်များရှိလိမ့်မည်ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် မိမိပြောခဲ့သလို ဝန်ထမ်းများနှင့်ပတ်သက်၍ သက်ပြည့် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများ၊ လုပ်သက်အပြည့် တာဝန် ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများ၊ အငြိမ်းစားယူသည်အထိ တာဝန် ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများနှင့် ပတ်သက်၍ အစိုးရအဆက်ဆက် ချီးမြှင့်ခြင်းများရှိကြောင်း၊  ထိုသို့ချီးမြှင့်ခြင်းများသည်   ၎င်းတို့၏ နေထိုင်နိုင်ရေး   အဆင်ပြေနိုင်အောင်   လုပ်ဆောင်ပေးသည်များ ရှိကြောင်း၊ မိမိတို့ လက်ထက်ရှိဝန်ထမ်းများနှင့်ပတ်သက်၍ ယင်းအစီ အစဉ်မျိုးများ အစိုးရတွင်ရှိသည်ဟု ပြောလိုကြောင်း၊ ဝန်ထမ်းများ၏ လုံခြုံရေးနှင့်ပတ်သက်၍ သတင်းထောက်ကြီးပြောသကဲ့သို့ လက်နက် ထုတ်ပေးနိုင်ခြင်း၊ မထုတ်ပေးနိုင်ခြင်းသည် မိမိတို့အနေဖြင့် ဖွဲ့စည်း သည့်အခါ ပြည်သူပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ဟု မိမိပြောခဲ့ခြင်း ရှိကြောင်း၊ ယင်းနှင့် ပတ်သက်၍ အကျုံးဝင်သောအကြောင်းအရာများ ရှိနိုင်လိမ့်မည်ဖြစ်ကြောင်း၊ ယခုလောလောဆယ် အကျုံးဝင်သည်မှာ ပြည်သူ့စစ်ဖြစ်ကြောင်း၊ ပြည်သူ့စစ်နှင့်ပတ်သက်၍ မိမိတို့အားစိုက်ပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လုံခြုံမှုရှိရန်လည်း ပိုမိုဆောင်ရွက်ပေး မည်ဖြစ်ကြောင်း။

 


ဝန်ထမ်းများ ခြိမ်းခြောက်ခံရခြင်းနှင့်ပတ်သက်၍ မိမိတို့သတင်း ကြားနေရခြင်းများလည်းရှိကြောင်း၊ ဖရဲသီးဟုခေါ်သည့် တချို့ဝန်ထမ်း  များသည်   ဌာနထဲနေပြီး   တခြားဝန်ထမ်းများကို     စည်းရုံးခြင်း၊  ခြိမ်းခြောက်ခြင်းများလုပ်နေသည်ကို  သိရကြောင်း၊  မိမိတို့ထံနှင့် သက်ဆိုင်ရာဌာနများကို   တိုင်ကြားမှုများ၊   သက်သေအထောက် အထားများနှင့်  ရောက်နေသည်များလည်းရှိကြောင်း၊ ယင်းနှင့် ပတ်သက်၍ မိမိပြောလိုသည်မှာ   ဝန်ထမ်းများအနေဖြင့်   အခြေခံ ကိစ္စသည် လွတ်လပ်စွာမဲပေးပိုင်ခွင့်ရပြီးဖြစ်ကြောင်း၊ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟု ပါပြီးဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများကို မည်သူ့ကို ထောက်ခံပါ၊    မည်သူ့ကို မထောက်ခံပါနှင့်ဟု     မိမိတို့   ပြောခွင့် လည်းမရှိကြောင်း၊   လူတစ်ယောက်၏  လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့် ဖြစ်ကြောင်း၊ သို့ရာတွင် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တရား၊ မိမိဝန်ကြီးဌာန၏    အုပ်ချုပ်ရေးယန္တရားကို    ပျက်ပြားအောင် နှောင့်ယှက်နေလျှင်  ထိုဥပဒေအရ  အရေးယူခံရမည်ဖြစ်ကြောင်း၊ ထိုဝန်ထမ်းများကြောင့် စိတ်ပျက်နေရသည့် ဝန်ထမ်းများလည်းရှိ ကြောင်း၊ ပွင့်ပွင့်လင်းလင်းပြောရလျှင် နေပြည်တော်အသိုင်းအဝိုင်းတွင်ပင်ရှိကြောင်း၊  တချို့ဝန်ကြီးဌာနများတွင်ရှိကြောင်း၊ ယင်းနှင့် ပတ်သက်၍ ဆင်ခြင်ကြရန် မိမိပြောလိုကြောင်း၊  ထိုအရာများသည် ကောင်းမွန်သည့်  အကျင့်စရိုက်များ မဟုတ်ကြောင်း။

 


မည်သည့်အစိုးရတက်တက်၊ မည်သည့်ပါတီ တက်တက်  ဝန်ထမ်း များသည် ဝန်ထမ်းသာဖြစ်ကြောင်း၊ မိမိတို့သည်လည်း စစ်သားသာ ဖြစ်ကြောင်း၊   တပ်မတော်နှင့်ပတ်သက်၍ Professional  တာဝန် ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ အခြေခံဥပဒေအရ တပ်မတော်သည် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ရ မည်ဆို၍ ယခုတာဝန်များကို ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခု နိုင်ငံတော်တာဝန်ယူနေရသည့်အတွက်   နိုင်ငံတော်တာဝန်များကို မိမိတို့   တစ်ဖက်တစ်လမ်းက   ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊  ထို့ကြောင့် Professional ပီသစေလိုကြောင်း၊  မိမိပြောခဲ့သလို  ထိုသို့သော    ဝန်ထမ်းများ ပါနေခြင်းကြောင့်    တချို့ပြဿနာများရှိ နေခြင်းဖြစ်ကြောင်း၊ ယင်းနှင့်ပတ်သက်၍  အတိုချုံးပြောရလျှင်  နံပါတ် (၁)အနေ ဖြင့်   ဝန်ထမ်းများသည်   ဝန်ထမ်းအတိုင်းပီသခြင်းသည်   ကောင်းပါကြောင်း၊  Professional  ပီသစေလိုကြောင်း၊ နံပါတ် (၂)အနေဖြင့် လုံခြုံရေးနှင့်ပတ်သက်၍ အတတ်နိုင်ဆုံး  ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း၊ ဝန်ထမ်းနှင့်ပတ်သက်၍ ဝန်ကြီးဌာနအလိုက် အသိ အမှတ်ပြုရန်၊  ချီးမြှောက်ပေးရန်လုပ်နေသည်များရှိပြီး   နိုင်ငံတော် အစိုးရအနေဖြင့်လည်း သင့်တော်သည့်အချိန်များတွင် ဆောင်ရွက် ပေးမည်ဟု ပြောလိုပါကြောင်း ပြန်လည်ဖြေကြားသည်။

 


တဲ့ပြောအွန်လိုင်းမီဒီယာမှ အယ်ဒီတာချုပ် ဦးဇော်ရဲထက်က ဗိုလ်ချုပ်ပြောခဲ့သည့်          အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍတွင် တပ်မတော်ပါဝင်နေသည်ကို      မိမိလက်ခံပါကြောင်း၊    ယခုမိမိတို့ ကရင်ပြည်နယ်မှာဆိုလျှင်  နိုင်ငံခြားသားများပါသည့် အဖွဲ့အစည်း များကို မိမိတွင် အထောက်အထားအဖြစ် ဗီဒီယိုဖိုင်လည်းရှိကြောင်း၊ ၎င်းတို့ကို ယခုလိုပဲ ညင်သာစွာဖြင့်  ကိုင်တွယ်နေမည်ဆိုလျှင်   မိမိတို့ နိုင်ငံသည်  ပျက်သုဉ်းရန်သေချာနေပြီဖြစ်ကြောင်း၊ ယင်းကို လက်ရှိ အစိုးရအနေဖြင့်    ပြတ်ပြတ်သားသား    မည်သို့ဆုံးဖြတ်မည်ကို သိလိုကြောင်းနှင့် ယခု မိမိတို့ကရင်ပြည်နယ်၌ ရှေ့ရက်ပိုင်းက PDF၊  KNDO နှင့် DKBA မှ   ဗိုလ်စလုံးအဖွဲ့ပေါင်းခဲ့ပါကြောင်း၊   အင်အားက တန်းစီထားသည်မှာ ၅ ယောက်တန်း ၂၀ တန်းနှင့် အယောက် ၁၀၀ သာရှိပြီး  ခေတ်သစ်မီဒီယာမှ  ဖော်ပြခဲ့သည်မှာ အင်အား ၂၀၀ ကျော်ပြခဲ့ကြောင်း၊   မိမိတွင်   ဗီဒီယိုရှိပါကြောင်း၊  ထိုအထဲတွင် နိုင်ငံခြားသားများကို မိမိတွေ့ရကြောင်း၊ အမျိုးသမီး ခြောက်ယောက် တွေ့ရကြောင်း၊ နိုင်ငံခြားသား တော်တော်များများသည် ထိုနေရာတွင် စစ်သင်တန်းလာပေးနေသည်ကို မှတ်တမ်းများရှိကြောင်း၊ မိမိတို့ ပြည်တွင်းရေးတွင် ယခုကဲ့သို့ နိုင်ငံခြားသားများပါဝင်လာခြင်းကို လက်ရှိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ကိုယ့်နိုင်ငံသားအချင်းချင်းဆိုပြီး  ငြိမ်းချမ်းရေးနှစ်ဟုဆို၍ လက်ကိုင်စွဲပြီး ရင်ဝယ်သားကဲ့သို့ လုပ်နေသည့်အပေါ်တွင်  ထိုသို့  နိုင်ငံခြားသားများလုပ်နေသည်ကို   မိမိသည် မြန်မာနိုင်ငံသား တစ်ယောက်အနေဖြင့် လက်မခံနိုင်ကြောင်း၊  ထို့ကြောင့် ပြတ်ပြတ်သားသားမည်သို့လုပ်မည်လဲ၊ ယခုကဲ့သို့ ညင်ညင် သာသာလေးကိုင်နေမည်ဆိုလျှင်  ပို၍ဆိုးရွားလာမည်ဖြစ်ကြောင်း၊ သူခိုးလွန်လျှင် ဓားပြဖြစ်လာမည်၊ ဓားပြလွန်လျှင် သူပုန်ဖြစ်လာ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကရင်ပြည်နယ်၌ မည်သို့ပြတ်ပြတ် သားသားကိုင်တွယ်မည်ကို သိလိုကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက ယင်းနှင့်ပတ်သက်၍ ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားသည့် အဖွဲ့များရှိကြောင်း၊ ငြိမ်းချမ်းရေးဖိတ်ခေါ်ထားသည့်အဖွဲ့များအထဲတွင် မပါသည်ကို   သတင်းထောက်ကြီးတွေ့ရ မည်ဖြစ်ကြောင်း၊  ထိုသို့ဆိုလျှင်  မိမိတို့  မည်သို့ဆက်လုပ်မည်ဆို သည်ကို သတင်းထောက်ကြီး သိပြီးလိမ့်မည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

 


Trend မီဒီယာမှ အယ်ဒီတာချုပ် ကိုဝဏ္ဏက နိုင်ငံသားအဖြစ်က ပယ်ဖျက်ထားသည့် ပန်ဆယ်လိုနှင့် ပန်ဆယ်လိုကဲ့သို့  အိမ်များကို ချိပ်ပိတ်ခံထားရသူများရှိကြောင်း၊ ထိုကဲ့သို့ အိမ်များကိုချိပ်ပိတ်ခံထားရသူများသည်  နိုင်ငံအတွင်းကိုပြန်လာရန်ဆိုသည်မှာ  မည်သို့ မျှမဖြစ်နိုင်ကြောင်း၊ နိုင်ငံတော်အစိုးရအနေနှင့် ထိုအိမ်များကို ဘဏ္ဍာ ငွေရရှိရန် လေလံပစ်မည့်အစီအစဉ်ရှိမရှိ၊ ရှိလျှင်လည်း မည်သည့် အချိန်တွင်ပြုလုပ်မည်ကို သိလိုကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက   ထိုကိစ္စနှင့်ပတ်သက်၍    အဂတိ  လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပြောပြီးဖြစ်ကြောင်း၊ တရားရုံး ၏  လုပ်ထုံးလုပ်နည်းများရှိကြောင်း၊  လုပ်ထုံးလုပ်နည်းများပြီးလျှင် နိုင်ငံတော်ဘဏ္ဍာအဖြစ်   မိမိတို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဘဏ္ဍာအဖြစ် ထုခွဲရောင်းချခြင်းများ၊ နိုင်ငံတော်ဘဏ္ဍာ အဖြစ်   လေလံတင်ခြင်းများ  မိမိတို့ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မည်သည့် အတိုင်းအတာနှင့် မည်မျှလောက်ကြာမည်ကို မိမိတို့မှန်းရခက်ကြောင်း၊ ယင်းနှင့်ပတ်သက်၍  မိမိပြောခဲ့သည့် တရားရုံးကိုသက်သေအဖြစ် တင်ခြင်းများ၊ သိမ်းဆည်းခြင်းများ၊ ၅၀၅ နှင့်သိမ်းဆည်းထားခြင်းများ၊ အကြမ်းဖက်မှုနှင့်  သိမ်းဆည်းထားသည်များပါမည်ဖြစ်ကြောင်း၊  အချိန်ကာလချင်း တူနိုင်မည်မဟုတ်ကြောင်း ပြန်လည်ဖြေကြားသည်။

 


  လူထုရင်ဖွင့်သံမှ အယ်ဒီတာ ဦးမင်းဂေါင်က  ဗိုလ်ချုပ် သတင်းစာ ရှင်းလင်းပွဲ စတင်စဉ်က  မီဒီယာများကို မေးမြန်းသည့်မေးခွန်းနှင့် ပတ်သက်၍ တင်ပြလိုကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွား အတွက် မရှေးမရှုဘဲ ငါ့ပါတီ၊ ငါ့အဖွဲ့၊ ငါ့ပုဂ္ဂိုလ် ငါ့အကျိုးအတွက်ဟုဆိုပြီး ဆောင်ရွက်၍သာ ယခုကဲ့သို့ဖြစ်နေသည်ဟု မိမိတို့အဖွဲ့အနေဖြင့် ရှုမြင်ကြောင်း ပြောကြားလိုကြောင်း၊ မိမိတို့နိုင်ငံကဲ့သို့ စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံ၌တောင်သူလယ်သမားများ အကျိုးမြှင့်တင်ရန်နှင့် တောင်သူလယ်သမားများ၏ အခွင့်အရေးကို ကာကွယ်ရန်ဆိုရာတွင် ယင်းဥပဒေက  တောင်သူလယ်သမားများ၏နစ်နာမှုနှင့် အကျိုးစီးပွား အတွက်  မိမိတင်ပြလိုသည့် All round အနေဖြင့်  တစ်ဆက်တည်း မေးမြန်းလိုကြောင်း၊  ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေတွင်  တောင်သူ လယ်သမားများ၏   မူလပိုင်ရှင်အခွင့်အရေးနှင့်   တောင်သူများကို တရားစွဲဆိုရန်ဆိုလျှင်   လယ်ယာမြေစီမံခန့်ခွဲမှု   နည်းလမ်းနှင့် မသက်ဆိုင်သောအမွေမှုမှလွဲပြီး ကျန်သည့်အမှုများကို တရားရုံးများ တွင် တရားစွဲဆိုခွင့်မရှိကြောင်း၊ သို့သော် ယင်းကိစ္စများနှင့် ပတ်သက် ၍ ဧရာဝတီတိုင်းဒေသကြီး  မအူပင်မြို့နယ် ကျေးရွာတစ်ရွာရှိ ကုမ္ပဏီ တစ်ခုက တောင်သူဦးကြီးများ မူလလုပ်ပိုင်ခွင့်မှ ကျော်လွန်ပြီး ၎င်းတို့ သတ်မှတ်သည့် ငါးကန်များကို ဧကထောင်ချီတူးဖော်သည့်အပြင် မွေးရေမှချပေးသည့် ဧက ၂၀၀ ကျော်သာရှိသည်ကို နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သည့် မူလပိုင်ရှင် တောင်သူဦးကြီး ဦးစောမိုင်းနှင့် ဦးအေးမြင့်  တို့ ဦးဆောင်သည့် တောင်သူအဖွဲ့ ၆၀ ဦးအပေါ်တွင် တရားရုံးများက လည်း တရားစွဲခွင့် လုပ်ပိုင်ခွင့်ကို မည်သို့ရလာသည်ကို သေချာစိစစ် ခြင်းမရှိဘဲ တရားစွဲမှုလက်ခံပြီး ကိုဗစ်ကာလ စီးပွားရေးကျပ်တည်း နေသည့်ကာလတွင် တောင်သူဦးကြီးများခံနေရသည်ရှိကြောင်း။ 

 


လယ်ယာမြေဥပဒေတွင်   အမွေမှုမှလွဲပြီး    မူလပိုင်ရှင်နှင့် ဆက်စပ်သည့် အခွင့်အရေးပေးထားသကဲ့သို့ တောင်သူများကိုနစ်နာ အောင် တောင်သူခေါင်းဆောင်များအပါအဝင် တောင်သူအများစုကို ရည်ရွယ်ချက်ရှိရှိဖြင့် တရားစွဲဆိုနေသည်များကို သက်ဆိုင်ရာ ဥပဒေ ပါအတိုင်း  လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကသာ စနစ်တကျစိစစ်ပြီး စစ်ဆေးပေးနိုင်ရန်   အစီအစဉ်ရှိ/မရှိနှင့်  တရားရုံးများတွင်လည်း တောင်သူများကို တရားစွဲနေသည့်အမှုများကို သက်ဆိုင်ရာအဖွဲ့များက လယ်ယာမြေဥပဒေစည်းကမ်း ညွှန်ကြားချက်အတိုင်း သက်ဆိုင်ရာ မှ စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် အစီအစဉ် ရှိ/မရှိသိလိုကြောင်း၊ ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်  တင်ပြထားပြီးကြောင်း၊ ကိုဗစ် ကာလတွင် တောင်သူများ   အခက်အခဲအကျပ်အတည်း  စီးပွားရေး ပျက်ကပ်အနေအထားတွင် ဌာနဆိုင်ရာများမှ နိုင်ငံတော်အကျိုးဟု ဆိုကာ သိမ်းထားပြီးဆောင်ရွက်နေသော်လည်း မြေပြင်အခြေအနေ တွင် တကယ်စိုက်ပျိုးထားခြင်းမရှိကြောင်း၊ ယခုကဲ့သို့ စီးပွားပျက် ကာလတွင်  တောင်သူများ၏ မိသားစုစီးပွားရေးသာမက နိုင်ငံ၏ ကုန်ထုတ်စီးပွားပါ တိုးတက်ဆောင်ရွက်နိုင်ရန်အတွက် မေးမြန်းခြင်း ဖြစ်ကြောင်း မေးမြန်းသည်။

 


 ယင်းကိစ္စကို ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းထောက်ကြီးမေးခဲ့ သည့်အချက်အလက်များအတိုင်း ဆက်လက်ပြီး သက်ဆိုင်ရာတိုင်း ဒေသကြီးများကို  အသိပေးမည်၊ သက်ဆိုင်ရာဝန်ကြီးဌာနများကို မေးပေးမည်ဖြစ်ကြောင်း၊  အချိန်ကို  ငဲ့ကွက်သောအားဖြင့် တချို့ မေးခွန်းများကို အသေးစိတ်ဖြေစေလိုလျှင် ကြိုတင်မေးခွန်းပေးရန် လိုအပ်ကြောင်း၊ သို့မှသာ အသေးစိတ်ဖြေကြားပေးနိုင်မည် ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပြည်သူလူထုကိုအလေးထားကြောင်း၊ သတင်း စာရှင်းလင်းပွဲ၌ မေးမြန်းသော တချို့မေးခွန်းများသည် တစ်စုံတစ်ဦးက နစ်နာပါသည်ဟု       လာရောက်တင်ပြခြင်းများလည်းရှိကြောင်း၊ သတင်းထောက်ကြီးတို့ပြောသည့် နစ်နာသည်ဆိုသည့် လူများသည် ဦးဖြူဖြစ်စေ၊  မောင်မဲဖြစ်စေ၊  တစ်ဖက်တွင်ရှိသော   မောင်ညိုနှင့် မောင်လုံးတို့၏   နစ်နာမှုကို   မိမိတို့မသိနိုင်ကြောင်း၊   ထို့ကြောင့် သတင်းစာရှင်းလင်းပွဲတွင်  ယင်းကို  အခွင့်အရေးတစ်ရပ်ဟုယူဆပြီး တစ်ဖက်သားကိုစွပ်စွဲခြင်းသည်   မသင့်တော်ပါကြောင်း၊   သတင်း ထောက်ကြီးတို့ပြောနေသည့်  တောင်သူလယ်သမားအကျိုးစီးပွား၊ ပြည်သူလူထုအကျိုးစီးပွားကို မိမိတို့အလေးအနက်ထားပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မကြာခဏပြောပါကြောင်း၊ မိမိတို့ နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ပြီး    စိုက်ပျိုးရေးကိုလုပ်ကိုင်ကြကြောင်း၊   နိုင်ငံ၏   အခြေခံစီးပွားရေးသည် စိုက်ပျိုးမွေးမြူရေးဖြစ်ကြောင်း၊ ထို့ကြောင့် အလေးပေးရမည်ဟု ပြောပြီး ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။                        

သတင်းစဉ်