၂၇-၄-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊  ဧပြီ ၂၇ ရက် မွန်းလွဲ  ၁  နာရီတွင်  ပြန်ကြားရေးဝန်ကြီးဌာန၊   ဝန်ကြီးရုံး  စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
(ယမန်နေ့မှအဆက်)
Myanmar Hard Talk သတင်းဌာနမှ သတင်းထောက် ကိုဥက္ကာ က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုသည် ဂျပန်နိုင်ငံမှ   မြန်မာနိုင်ငံ  အမျိုးသားပြန်လည်သင့်မြတ်ရေးအထူး ကိုယ်စားလှယ်  မစ္စတာဆာဆာကာဝါ၏   ငြိမ်းချမ်းရေးခရီးစဉ်နှင့် ဆက်စပ်မှု ရှိ/မရှိ သိလိုကြောင်းမေးမြန်းသည်။
လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းမှရမည်
ဗိုလ်ချုပ် ဇော်မင်းထွန်းက အဆိုပါကိစ္စနှင့်ဆက်စပ်မှုမရှိကြောင်း၊  သို့သော် မစ္စတာဆာဆာကာဝါသည် မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်း စဉ်များတွင်    ထဲထဲဝင်ဝင်ပါဝင်ကူညီဆောင်ရွက်နေသူဖြစ်ကြောင်း၊  AA နှင့်ဖြစ်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများနှင့် ပတ်သက်ပြီး ထပ်မံ မဖြစ်ပွားအောင်    အဓိက   အကျိုးဆောင်နေသည့်သူဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအနေဖြင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍   အာဆီယံအထူး ကိုယ်စားလှယ်အနေဖြင့် ဆောင်ရွက်ရန် မစ္စတာဆာဆာကာဝါပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သတင်းထောက်ကြီးမေးသလို ဖိတ်ခေါ်ခဲ့ခြင်းသည်  မစ္စတာဆာဆာကာဝါနှင့်  ဆက်စပ်ခြင်းမရှိ ကြောင်း ပြောလိုကြောင်း၊  မိမိတို့ဖိတ်ခေါ်ခဲ့ခြင်းသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ယခင်ကတည်း ကတိုင် ပြောခဲ့ပြီးဖြစ်ကြောင်း၊ လွတ်လပ်ရေးရရှိသည်မှာ ၇၅ နှစ်ရှိပြီ ဖြစ်သော်လည်း   ပြည်သူများအနေဖြင့်   လွတ်လပ်ရေး၏အရသာ၊ ဒီမိုကရေစီ၏အရသာ၊ ငြိမ်းချမ်းရေးအရသာကို အပြည့်အဝမခံစား ရသေးကြောင်း၊  ထို့ကြောင့် ပြည်သူများ  အပြည့်အဝခံစားနိုင်ရန် မိမိတို့အနေဖြင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းမှရမည်ဆိုသည့် ခံယူချက်ဖြင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လည်း  သက်ဆိုင်ရာခေါင်းဆောင်များကို  တိုက်ရိုက်တွေ့ဆုံမည် ဖြစ်ကြောင်း။ 
ယင်းကိစ္စနှင့်ပတ်သက်၍ EAOs အဖွဲ့ခေါင်းဆောင်များကို မိမိ အနေဖြင့် မေတ္တာရပ်ခံလိုသည်မှာ ယခင်က ခေါင်းဆောင်များကပြော လေ့ရှိသည်မှာ ငြိမ်းချမ်းရေးလုပ်ဆောင်ရာတွင် အစိုးရကတစ်မျိုး၊ တပ်မတော်ကတစ်မျိုး၊ လွှတ်တော်ကတစ်မျိုးဟု ပြောလေ့ရှိကြောင်း၊ လက်ရှိလုပ်ဆောင်မည်မှာ  တစ်ဦးတည်းဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိအခြေအနေ၊ အချိန်အခါမျိုးသည် မရှိနိုင်ကြောင်း၊ သဘောထား ရိုးသားစွာဖြင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်သည်ဟု ပြောခဲ့ပြီးဖြစ် ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုတွင် အချို့ EAOs အဖွဲ့သည် EAOs အဖွဲ့ ချင်းတူသော်လည်း သမိုင်းကြောင်းများမတူညီသလို နယ်မြေလည်း မတူညီခြင်းကြောင့် တောင်းဆိုမှုများလည်းကွဲပြားမှုရှိနိုင်ကြောင်း၊ သို့သော်  တူညီသည့်အချက်များလည်းရှိမည်ဖြစ်ကြောင်း၊   မိမိတို့ အနေဖြင့်     တွေ့ဆုံဆွေးနွေးရာတွင်   အားလုံးကိုတွေ့ဆုံမည်လား၊ တစ်ဖွဲ့ချင်းတွေ့ဆုံမည်လားဆိုသည်မှာ      နှစ်မျိုးလုံးဖြစ်နိုင်ကြောင်း၊ အခြေခံအချက်အလက်များမတူညီသည့်အတွက်     နှစ်မျိုးစလုံး ဖြစ်နိုင်သည်ဟု ပြောလိုကြောင်း၊ ထို့ကြောင့် လက်ရှိအချိန်အခါမျိုးသည် မရှိသလောက်ရှားသည်ဟု မိမိအနေဖြင့်ပြောလိုကြောင်း။
သမိုင်းကိုပြန်လှည့်ကြည့်မည်ဆိုပါက  ဆွေးနွေးမှုများ  များစွာ ပြုလုပ်ခဲ့ကြောင်း၊    ၁၉၆၂ တော်လှန်ရေးကောင်စီတက်လာသည့် အချိန်တွင် KNC အဖွဲ့ (ကရင်တော်လှန်ရေး ကောင်စီ)ဘွဲ့ထူးဂုဏ်ထူး ပေးလိုက်သည့် စောဟန်တာသာမွှေး ဦးဆောင်သည့်အဖွဲ့နှင့် မြန်မာ နိုင်ငံတွင်  ငြိမ်းချမ်းရေးပထမဆုံး တရားဝင်လက်မှတ်ရေးထိုးသည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း၊     တပ်မတော်အစိုးရလက်ထက်တွင်လည်း တစ်ယောက်တည်းဖြစ်ကြောင်း၊ အဆိုပါကာလတွင် အဖွဲ့ကြီး၊ အဖွဲ့ ငယ် ၁၇ ဖွဲ့လည်း   ငြိမ်းချမ်းရေးစာချုပ်   လက်မှတ်ရေးထိုးနိုင်သည့် အဆင့်မရောက်ရှိခဲ့သော်လည်း     ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို  နှစ်ပေါင်းဆယ်စုနှစ်ချီ၍ လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် အချို့ ဒေသများတွင် ဖွံ့ဖြိုးတိုးတက်မှုများရှိလာခဲ့ကြောင်း၊ ထိုအခြေအနေ များကို EAOs အဖွဲ့ခေါင်းဆောင်များအနေဖြင့်   မိမိတို့နေထိုင်သည့် တိုင်းရင်းသားပြည်သူလူထု၊       မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် တိုင်းရင်းသားပြည်သူလူထုတို့၏   အကျိုးကိုငဲ့ကွက်သောအားဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန်     ပြောလိုကြောင်းနှင့်    ပူးပေါင်း ဆောင်ရွက်ရန်အသင့်ရှိနေသည်ဆိုသည့်  စကားသံများဖြင့် အဖွဲ့လိုက် ရှင်းပြပြီး ရရှိပြီးဖြစ်ကြောင်း၊ EAO  အဖွဲ့ခေါင်းဆောင်တစ်ဦးပြောခဲ့ သည့် စကားကိုရည်ညွှန်းပြီးပြောလိုကြောင်း၊ “သတ္တိရှိလို့ စစ်တိုက်ရင် ဒါ့ထက်ပိုပြီး သတ္တိရှိရင် ငြိမ်းချမ်းရေးစကားလည်း ပြောရဲရမှာပေါ့” ဆိုသည့်အတိုင်း မိမိအနေဖြင့် အထူးအလေးအနက်ထားပြီး တိုက်တွန်း လိုကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar National Post သတင်းဌာနမှ   အယ်ဒီတာချုပ် နောင်တော်လေးက NLD အစွန်းရောက်ကိုယ်ကျိုးရှာ နိုင်ငံရေးသမား များ၏ လှုံ့ဆော်မှုကြောင့် PDF ထဲကို ရောက်ရှိနေသည့် လူငယ်အချို့ သည် ၎င်းတို့၏မိဘ၊ နေရပ်ထံကိုပြန်လိုကြသည့် သတင်းများကြား သိရကြောင်း၊ မိဘများအနေဖြင့်လည်း  ပြန်လည်ခေါ်ဆောင်လိုကြ လိုသည်များလည်းကြားသိရကြောင်း၊  ထိုသို့  အကြမ်းဖက်အဖွဲ့အတွင်း ရောက်ရှိနေသည့်လူငယ်များအတွက်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်      မည်သို့ပြန်လည်ဆောင်ရွက်ပေးနိုင်သည်ကို သိလိုကြောင်း၊ PDF အတွင်းရောက်ရှိပြီးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ ဆက်သွယ်ပြီးဝင်ရောက်လာ သည့် လူငယ်များကို ပြန်လက်ခံပြီးစောင့်ရှောက်ပေးခြင်းမျိုး ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။
ပြန်လည်လက်ခံသွားရန် အသင့်ရှိ
ဗိုလ်ချုပ် ဇော်မင်းထွန်းက မိမိတို့အနေဖြင့် ယင်းကိစ္စနှင့်ပတ်သက် ပြီး    သတင်းစာထဲတွင်လည်း   အသေးစိတ်ကြေညာထားပြီးဖြစ် ကြောင်း၊   လူငယ်များသည်တက်ကြွသူများဖြစ်ကြောင်း၊  စူးစမ်းလေ့လာလိုစိတ်ရှိသူများဖြစ်ကြောင်း၊   ယင်းသို့   စိတ်ဓာတ်တက်ကြွ သည့်လူငယ်များကို   လမ်းမှားရောက်အောင်   တွန်းပို့ခဲ့သည့်လူ များလည်းရှိကြောင်း၊  ထို့ကြောင့်  အကြမ်းဖက်အဖွဲ့ PDF အတွင်းသို့ ရောက်ရှိသူများ၊ အကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသည့် သူများလည်းရှိကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်များ ထုတ်ပြန်ထားကြောင်း၊  ရာဇဝတ်မှုတစ်ခုခုကို  ကျူးလွန်ခြင်းမရှိပါက တရားဥပဒေအရ ကင်းလွတ်ခွင့်ရမည်ဖြစ်ပြီး ပြန်လည်လက်ခံကြိုဆို ခြင်းခံရမည်ဖြစ်ကြောင်း၊   တစ်ဖက်နှင့်တစ်ဖက်   နှစ်ပေါင်းများစွာ တိုက်ခိုက်လာကြသည့်အဖွဲ့များပင်  အလင်းဝင်လာပါက   လက်ခံရ သည်ဖြစ်ကြောင်း၊ လူငယ်များသည် ပြည်သူလူထု၏ သား၊ သမီးများ ပင်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ပြည်သူလူထုများ၊ မြန်မာနိုင်ငံသား များပင်ဖြစ်ကြောင်း၊ မည်သူသေသေ မြန်မာနိုင်ငံသားများသေခြင်းဖြစ် သောကြောင့် ယင်းကိစ္စကိုလေလုံးထွားပြီး ဂုဏ်ယူနေစရာအကြောင်း မရှိဟုပြောလိုကြောင်း၊  ထို့ကြောင့်  မိမိတို့အနေဖြင့် ပြန်လည်လက်ခံ သွားရန်၊  ပြန်လည်စောင့်ရှောက်သွားရန်  အသင့်ရှိသည်ဟု   ပြောလို ကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar National Post သတင်းဌာနမှ   အယ်ဒီတာချုပ် နောင်တော်လေးက     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေးမိန့်ခွန်းသည်    ကြိုဆိုရမည့် ကိစ္စတစ်ခုဖြစ်သည်ကို  အများစုက လက်ခံထားရှိကြောင်း၊ သို့သော် ယနေ့ ဒီအချိန်အထိ NLD အစွန်းရောက်များက အကြမ်းဖက်လုပ်ရပ်များ ကို  နေ့စဉ်ရက်ဆက်လုပ်ဆောင်လျက်ရှိပြီး  သတ်ဖြတ်မှုများလည်း လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကြမ်း ဖက်များက မည်သို့နှောင့်ယှက်လာနိုင်ခြေရှိသည်။ နှောင့်ယှက်လာပါ က မည်သို့ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသည်ကို သိလိုကြောင်း၊ ဆက်စပ်မေးခွန်းအဖြစ်  လေးနှစ်သင် ပညာရေးဒီဂရီကောလိပ်များတွင် ဒုတိယနှစ်မှစတင်ပြီး သင်ရိုးညွှန်းတမ်းများ ပြည့်စုံမှုမရှိသေးသည်ဟု ကြားသိရကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန အပိုင်းက ဆောင်ရွက်နေသည်များကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြိမ်းချမ်းရေးဖိတ်ခေါ်သည့်အကြောင်း နှင့်ပတ်သက်ပြီး EAOs များ၏သဘောထားကို မိမိအနေဖြင့်အဖွဲ့လိုက် ပြောခဲ့ကြောင်း၊  NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များ၊  မရေးထိုးရသေးသည့်အဖွဲ့များနှင့်ပတ်သက်ပြီး သဘောထားများသည် မိမိ ပြောခဲ့သည့်အတိုင်းပင်ဖြစ်ကြောင်း၊   လက်ရှိအချိန်အထိ   နေ့စဉ် အကြမ်းဖက်မှုကျူးလွန်ခြင်းများ ရှိကြောင်း၊   လုံခြုံရေးနှင့်ပတ်သက်၍ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊   လုံခြုံရေးနှင့်ပတ်သက်၍  ပြည်သူပါဝင်သည့် အင်အား၊ လိုအပ်သည့်အထောက်အပံ့ပစ္စည်း အပြည့် အစုံဆောင်ရွက်ပေးသွားရန် အစီအစဉ်ရှိကြောင်း၊  ထိုသို့ လုပ်ဆောင်ရာ တွင်  မိမိအနေဖြင့် မေတ္တာရပ်ခံလိုသည်မှာ  မြန်မာနိုင်ငံတွင်   ငြိမ်းချမ်း ရေးနှင့်ပတ်သက်ပြီး   ဖြစ်ပေါ်တိုးတက်အောင် မီဒီယာများအနေဖြင့်  တတ်နိုင်သည့်ဘက်မှ  စတုတ္ထမဏ္ဍိုင်ပီသစွာ     ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြရန် မေတ္တာရပ်ခံလိုကြောင်း ပြန်လည်ဖြေကြားသည်။ 
ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပညာရေးဒီဂရီ ကောလိပ်များတွင်  လေးနှစ်သင်  သင်တန်းများနှင့်ပတ်သက်၍ လောလောဆယ်  ပညာရေးဒီဂရီကောလိပ်များတွင် လက်ရှိဖွင့်လှစ် ထားရှိသည့်  ပထမနှစ်နှင့်   ဒုတိယနှစ်သင်တန်းများအတွက် သင်ရိုး ညွှန်းတမ်းများ   ဆောင်ရွက်ပြီးဖြစ်ကြောင်း၊   ကျန်ရှိသည့်သင်တန်း များမှာ    ဖွင့်လှစ်ခြင်းမရှိသေးသဖြင့်    ဆောင်ရွက်ဆဲသာရှိကြောင်း၊ ပညာရေးဒီဂရီကောလိပ်နှင့်ပတ်သက်သည့် ဆရာအတတ်သင်ပညာ ဦးစီးဌာနအတွက်   ညွှန်ကြားရေးမှူးချုပ်လည်းရောက်ရှိနေပြီဖြစ် ကြောင်း၊  ယင်းဦးစီးဌာနသည်အသစ်ဖြစ်သည့်အတွက် ၎င်းဦးစီးပြီး ဆက်လက်ဆောင်ရွက်နေကြောင်း ဖြည့်စွက်ပြောကြားသည်။
People Media မှ သတင်းထောက်ချုပ် ဦးကျော်စိုးဦးက PDF များကို လက်နက်များတပ်ဆင်ပေးခြင်း၊ စစ်သင်တန်းပေးခြင်းများဆောင်ရွက် ပေးနေသည့် KNU၊ KIA အဖွဲ့များနှင့်ပတ်သက်ပြီး အစိုးရနှင့် ၎င်းအဖွဲ့ များ  ဆက်ဆံရေးအခြေအနေကို  သိလိုကြောင်း၊ အကြမ်းဖက်အဖွဲ့ အစည်းများကို မွေးထုတ်ပေးသည့် လက်နက်ကိုင်အဖွဲ့များကို မည်သို့ ပြောလိုသည်ကို  သိလိုကြောင်းမေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက  PDF  အဖွဲ့များကိုအဓိကအားဖြင့် လက်နက်နှင့်   သင်တန်းပေးနေသည့်  အဖွဲ့အစည်းများရှိကြောင်း၊ သတင်းထောက်ကြီးပြောသည့်  အဖွဲ့အစည်းများပါသလို အခြားအဖွဲ့ အစည်းများလည်းပါဝင်ပတ်သက်နေကြောင်း၊ လက်တွေ့ဖြစ်ပျက်နေ သည့်အခြေအနေကို  သုံးသပ်ရန်လိုကြောင်း၊  ယခင်တုန်းက EAOs အဖွဲ့များရှိနေသည့် နယ်မြေများသာနစ်နာမည်ဖြစ်ကြောင်း၊ ယခင် ငြိမ်းချမ်းခဲ့စဉ်က    ဖွံ့ဖြိုးတိုးတက်မှုရှိခဲ့ကြောင်း၊   ယခုအချိန်တွင် သေနတ်သံ၊ ဗုံးသံများပြန်လည်ကြားနေရကြောင်း၊ ၎င်းတို့အကြား တွင်လည်း သဘောထားကွဲလွဲမှုများရှိသည်ဟု ကြားသိခဲ့ရကြောင်း၊ KNPP ကကန့်ကွက်ထားသည့်  NUG က  ၎င်းတို့နယ်မြေထဲတွင် ယင်းတို့အုပ်ချုပ်ရေးစနစ်များ၊       ကြေညာခြင်းများရှိခြင်းကြောင့် သဘောထားကွဲလွဲမှုများရှိနေကြောင်း၊ ထို့အပြင်အခြား သဘောထား ကွဲလွဲမှုများလည်း ရှိသေးကြောင်း။
ငြိမ်းချမ်းရေးအတွက်  အစွမ်းကုန်  ကြိုးပမ်းဆောင်ရွက်
မိမိပြောလိုသည်မှာ EAOs  အဖွဲ့များအနေဖြင့်  မိမိတောင်းဆိုချက်၊ မိမိတို့၏ရပ်တည်ချက်များကို ပြန်လည်ဆန်းစစ်ရန်လိုကြောင်း၊ ခြုံငုံ ပြောရလျှင်    တကယ်တောင်းဆိုနေသည်မှာ  တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် တိုင်းရင်းသားနယ်မြေများ၏ အခွင့်အရေးဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် တိုင်းရင်းသားနယ်မြေများ၏ အခွင့်အရေးကိုရရှိရန်အတွက်   မဲလိမ်၊   မဲခိုးမှုကို  ရှင်းလင်းခြင်းမပြုဘဲ မဲလိမ်မဲခိုးမှုကို ရှင်းနိုင်သည့်အခွင့်အရေးများ၊ ညှိနှိုင်းနိုင်သည့်အခွင့် အရေးများပေးထားလျက် မရှင်းဘဲ အကြမ်းဖက်လုပ်ရပ်ကိုရွေးချယ်ပြီး ထွက်ပြေးသွားသည့်    လူများကိုထောက်ခံမှ၊    ပံ့ပိုးမှ  EAOs    များ တောင်းဆိုနေသည့် တိုင်းရင်းသားများ၏အခွင့်အရေး၊ တိုင်းရင်းသား နယ်မြေများ၏  အခွင့်အရေးက  ရမည်လား၊ နံပါတ်တစ်အနေဖြင့် ယင်းအချက်ကို စဉ်းစားရန်လိုကြောင်း၊ နံပါတ်နှစ်အနေဖြင့် ဖြစ်တည် မှုသမိုင်းကြောင်း၊ ရပ်တည်ချက်များ  မတူညီသည်ကိုသတိပြုရန် လိုကြောင်း၊ ဖြစ်တည်မှုသမိုင်းကြောင်း ရပ်တည်ချက်များ မတူညီပါက မည်သည့် အကြောင်းများဖြစ်လာနိုင်မည်ကိုလည်း သိနိုင်မည်ဖြစ် ကြောင်း၊  ထို့ကြောင့်   မိမိအနေဖြင့်  ပြောကြားခြင်းဖြစ်ကြောင်း၊ အကြောင်းမဲ့ပြောခြင်းမဟုတ်ကြောင်း၊ ပဲခူးရိုးမမှ ဗကပ (ဗဟို) အရှေ့ မြောက်ဒေသကို  ရောက်သွားသည့်အချိန်တွင် အရှေ့မြောက်ဒေသ ဖြစ်သွားသည်ကို  မိမိပြောခြင်းဖြစ်ကြောင်း၊ အရှေ့မြောက်ဒေသ၌ ဗကပချုပ်ငြိမ်းသွားသည့်အချိန်တွင်  ယင်းဒေသ  မည်သို့ဖြစ်သွား သည်ဆိုသည်ကို မိမိပြောခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းကိစ္စနှင့် ပတ်သက်၍ မိမိပြောလိုသည်မှာ  တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက်အစွမ်းကုန်  ကြိုးပမ်းဆောင်ရွက် နိုင်ရေးအတွက် တံခါးဖွင့်နိုင်သမျှဖွင့်၍ ဆောင်ရွက်လျက်ရှိကြောင်း။
ထို့ကြောင့် EAOs     များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားဒေသ များ၏အကျိုး၊ မိမိတို့၏နယ်မြေဒေသအကျိုး၊ မြန်မာပြည်သူလူထုတစ်ရပ်လုံး၏အကျိုး၊ တိုးတက်ဖွံ့ဖြိုးလိုသည့်အကျိုးများကို ရှေးရှုပြီး ပူးပေါင်းပါဝင်လက်တွဲပြီးဆောင်ရွက်နိုင်ပါက မိမိတို့ အာမခံထားသည့် တပ်မတော်နှင့် နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို အာမခံပြီးဖြစ်ကြောင်း၊ အာမခံ သည်ကို  ပြန်လည်ခွဲခြမ်းစိတ်ဖြာကြည့်မည်ဆိုပါက  နံပါတ်တစ် အနေဖြင့် ဒီမိုကရေစီစနစ်ကို အာမခံကြောင်း၊ မည်သို့သောဒီမိုကရေစီ စနစ်လည်းဆိုလျှင် ပါတီစုံဒီမိုကရေစီစနစ်ကို အာမခံကြောင်း၊ နံပါတ်နှစ် အနေဖြင့် ဖက်ဒရယ်ကိုအခြေခံသည့်  ပြည်ထောင်စုစနစ်ကို အာမခံ ကြောင်း၊ EAOs များအနေဖြင့်  မည်သည်ကိုတောင်းဆိုနေတာလဲဟု မေးလိုကြောင်း၊   တောင်းဆိုသည့်အထဲတွင်   ဖက်ဒရယ်ဆိုသည့် စကားရပ်အမြဲပါလေ့ရှိကြောင်း၊       ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို အာမခံပြီးဖြစ်ကြောင်း၊ ဖက်ဒရယ်ဆိုသည့်နေရာ တွင် လုပ်ပိုင်ခွင့်အာဏာနှင့်  ခွဲဝေရယူခြင်းဆိုသည့်ကိစ္စကို မိမိတို့ ပြောပြီးဖြစ်ကြောင်း၊   ထို့ကြောင့်     တိုင်းရင်းသားများ၊ EAOs ခေါင်းဆောင်များ  သတိချပ်စေလိုသည်မှာ NLD လက်ထက်တွင် ၎င်းတို့တောင်းဆိုခဲ့သည့်  ပုဒ်မ-၂၆၁  ဝန်ကြီးချုပ်ခန့်ထားရေးနှင့် ပတ်သက်၍ တောင်းဆိုခဲ့သည့်နေရာတွင် ပြည်နယ်က တိုင်းရင်းသား များတင်လိုသည့်၊ တိုင်းရင်းသားပါတီများတင်လိုသည့်  ဝန်ကြီးချုပ် တင်လျှင်ကောင်းမည်ဟုဆိုသည့်   အဆိုကို  ပထမဆုံးထောက်ခံခဲ့ သည်မှာ တပ်မတော်သာဖြစ်သည်ကို မမေ့ရန်လိုသည်ဟု မိမိပြောလို ကြောင်း ပြန်လည်ဖြေကြားသည်။
 မီဒီယာများနှင့်  ပူးပေါင်းဆောင်ရွက်
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက မိမိအနေဖြင့် မေးခွန်းမမေးမီ ဗိုလ်ချုပ်ကမီဒီယာများကို ဖြေကြားပေးရန် မေးခွန်းထုတ် သွားတာရှိပါကြောင်း၊ ထိုအထဲမှ မေးခွန်းတစ်ခုကို ဖြေကြားလိုပါကြောင်း၊ UEC အနေဖြင့် မဲစာရင်းမှားယွင်းမှုကိစ္စနှင့် ပတ်သက်ပြီး မီဒီယာများ အနေနဲ့ မေးမြန်းမှုများရှိပါသလား၊ ၎င်းတို့က ဖြေကြားမှုရှိခဲ့လားဆို သည်ကို မိမိပြောကြားလိုကြောင်း၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မိမိကိုယ်တိုင်ကြုံတွေ့ခဲ့ရသည်မှာ မိမိသည် မဲရုံတစ်ရုံကိုသွားကြောင်း၊ မဲရုံမှူးနှင့်အဆင်ပြေကြောင်း၊ မဲရုံထဲတွင် ရိုက်ကူးရေးလုပ်၍ရကြောင်း၊ ထိုအချိန်တွင် မဲရုံ၏အပြင်၌ရှိနေသည့် အဖွဲ့တစ်ဖွဲ့က  ကန့်ကွက်မှုများ လုပ်ပြီး ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌကိုလှမ်းပြီး အကြောင်းကြား ကြောင်း၊ ရပ်/ကျေး ဥက္ကဋ္ဌနှင့် မိမိက ကြိုတင်မဲပေးသည့်အချိန်တွင် ရင်းနှီးပြီးသားဖြစ်ကြောင်း၊  သို့သော် ၎င်းဥက္ကဋ္ဌရောက်လာပြီး မိမိ ရိုက်ပြီးသားဓာတ်ပုံများကို ပြခိုင်းခဲ့ကာ တရားဥပဒေအရ တရားစွဲခံ ရမည်ဟု ပြောသည်အထိရှိခဲ့ကြောင်း၊ ထိုနေ့ကဖြစ်စဉ်ကို စာနယ်ဇင်း ကောင်စီအတွင်းရေးမှူးဖြစ်သည့်   ဦးမြင့်ကျော်ထံ   သတင်းပို့ခဲ့ ကြောင်း၊    အဘယ်ကြောင့်  ထိုသို့သတင်းပို့ရသည်ဆိုပါက အကယ်၍ မိမိအဖမ်းအဆီးခံရမည်ဆိုပါက    စာနယ်ဇင်းကောင်စီအနေဖြင့် ရှင်းလင်း၍ရနိုင်ရန်ဖြစ်ကြောင်း၊ ထိုကဲ့သို့ပင်  ရွေးကောက်ပွဲပြီးသည့် အချိန်တွင် UEC ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သတင်းထောက်ညီမငယ်တစ်ဦးက နေပြည်တော်မဲရုံတွင်ဖြစ်ပေါ်ခဲ့သည့် ၎င်း၏ကိုယ်တွေ့မှားယွင်းနေသည့်ကိစ္စများ ပြောပြသည့်အချိန်၌ တာဝန်ဝတ္တရားနှောင့်ယှက်မှုနှင့် တရားစွဲခံရမည်ဟု ပြောသွားသည့် ကိစ္စမှာ ရုပ်သံဗီဒီယိုဖိုင်များလည်းရှိကြောင်း၊  ထိုသို့ပြောဆိုခဲ့သည့် အပြင်    အချက်အလက်ခိုင်ခိုင်မာမာနှင့်    ပြောသွားသည်ကို “စိတ်ကူးယဉ်ဆန်နေတာလား” ဆိုသည့် ပြောကြားမှုမျိုးရှိခဲ့ကြောင်း၊ ထိုကိစ္စများဖြစ်ပွားပြီးသည့်နောက်ပိုင်းတွင်  မီဒီယာများသည် UEC  နှင့်  မဲကိစ္စများနှင့်ပတ်သက်၍  ထိုအချိန်က ရှေ့ဆက်ပြောဆိုရန် မဖြစ်နိုင်တော့သည်ကို   သဘောပေါက်သွားကြောင်း၊  ထိုကိစ္စက ဗိုလ်ချုပ်မေးသည့် မေးခွန်းကို ဖြေပြီးသားဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ အကြံပေးသည့်ကိစ္စနှင့်ပတ်သက်၍  အကြံပြုလိုသည်မှာ လာမည့် ရွေးကောက်ပွဲတွင် လက်ရှိ UEC အနေဖြင့်  အလားတူဖြစ်စဉ်မျိုးအား စံနမူနာထား၍   မီဒီယာများနှင့်  ပူးပေါင်းဆောင်ရွက်ပေးနိုင်ရန် မိမိအနေဖြင့် တိုက်တွန်းလိုကြောင်း၊  မိမိအနေဖြင့် အကြံပြုတိုက်တွန်း လိုသည့်  အကြောင်းအရာတစ်ခုရှိကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး အရှေ့ပိုင်းတွင် ဗိုလ်ချုပ်ပြောခဲ့ကြောင်း၊ သတင်းသမားတစ်ယောက်၏ မေးမြန်းမှုကို ဖြေကြားသည့်အချိန်တွင်  မီဒီယာများသည် စတုတ္ထ မဏ္ဍိုင်တစ်ခုအနေဖြင့်   ငြိမ်းချမ်းရေးဖော်ဆောင်မှု  ဆွေးနွေးပွဲများ လုပ်ဆောင်နေသည့်အချိန်တွင်   ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် ပြောခဲ့ကြောင်း။
NLD အစိုးရလက်ထက်က ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအကျဉ်းထောင် ထဲတွင်  ရှိနေဆဲဖြစ်သည့်    ပုဂ္ဂိုလ်များထဲတွင်    ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ထိထိရောက်ရောက် အကျိုးဆောင်ပေးနိုင်သည့် ပုဂ္ဂိုလ် များရှိနေကြောင်း၊ ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌကြီးအနေဖြင့် သာသနာရေးဝန်ကြီးဟောင်းဖြစ်သည့် ဦးအောင်ကိုအား  ပြစ်ဒဏ်ထက်ဝက်လျှော့ချပေးလိုက်သည် ဆိုသည့် ကိစ္စကို  နိုင်ငံတော်အမိန့်ပြန်တမ်းနှင့်  ထုတ်ပြန်ခဲ့ကြောင်း၊ မိမိ ပြောသွားသည့် ငြိမ်းချမ်းရေးအကျိုးဆောင်ပုဂ္ဂိုလ်များအနက် လက်ရှိ ကာလတွင် ပြစ်ဒဏ်အနည်းငယ်သာကျန်တော့သည့် ပုဂ္ဂိုလ်များလည်း ရှိကြောင်း။
ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် 
ပူးပေါင်းဆောင်ရွက်ရန် အကြံပြု
NLD ပါတီ၏နိုင်ငံရေးအကောက်ကြံမှုကြောင့် လက်ရှိအကျဉ်း ကျခံနေရသည့် UDP ပါတီဥက္ကဋ္ဌ နှင်းဆီ ဦးကျော်မြင့်ဆိုလျှင် လက်ရှိ ပြစ်ဒဏ်ကာလမှာ တစ်နှစ်ကျော်သာကျန်တော့ကြောင်း၊  အရှေ့ပိုင်း တွင် လွှတ်ပေးခဲ့သည့် အချို့ပုဂ္ဂိုလ်များဆိုလျှင်  ပြစ်ဒဏ် ၁၂ နှစ်ကို ခြောက်နှစ်အထိလျှော့ချပေးခဲ့ကြောင်း၊ ဦးကျော်မြင့်ကဲ့သို့ ပုဂ္ဂိုလ်မျိုး ဆိုပါက  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်   ထိထိရောက်ရောက် ထဲထဲဝင်ဝင်ရှိသည်ကို  အကြံပြုလိုကြောင်း၊ ဦးကျော်မြင့်၏ယောက္ခမ ဆိုလျှင် ဗကပကာလက စစ်ဦးစီးချုပ်ဖြစ်ခဲ့ကြောင်း၊ “ဝ” ဒေသတွင် လည်း ဗဟိုကော်မတီဝင်ဖြစ်ခဲ့ကြောင်း၊ ဦးကျော်မြင့်ကိုယ်တိုင်မှာ လည်း  ထိုအချိန်က  ဗျူဟာမှူးတစ်ဦးအဆင့်ရှိခဲ့သကဲ့သို့ လက်ရှိ မြောက်ပိုင်းရှစ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သည့် UWSA ဦးပေါက်ယူချမ်း နှင့်လည်း  သွေးသောက်ညီအစ်ကိုဖြစ်ခဲ့ကြောင်း၊ ယခုငြိမ်းချမ်းရေး ဖော်ဆောင်မှုတွင်  ၎င်းအပါအဝင်  ကျန်သည့်ပုဂ္ဂိုလ်များလည်းရှိ ကြောင်း၊ မိမိအနေဖြင့် နာမည်မမှတ်မိကြောင်း၊ ၎င်းပုဂ္ဂိုလ်များကို ပူးပေါင်းဆောင်ရွက်ရန်  ဗိုလ်ချုပ်တို့အနေဖြင့် ဖိတ်ခေါ်ပြီး ၎င်းတို့၏ ပြစ်ဒဏ်များကို     ပြန်လည်လွတ်ငြိမ်းခွင့်ပေး၍    ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင်  ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ရန် အကြံပြုလိုကြောင်း၊ ယခုလက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အဆင်ပြေအောင်မြင်၍ တိုင်းပြည်ငြိမ်းချမ်းသွားပြီဆိုပါက  အနာဂတ်ကာလတွင်   မြေပေါ်မြေအောက်ပေါင်းစပ်မှု ဖြစ်သွားမည်ဖြစ်သည့်အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန် တိုးမြှင့်လုပ်ဆောင်နိုင်တော့မည်ဖြစ်ကြောင်း၊            အောင်မြင်ရန် အလားအလာမှာ    ဗိုလ်ချုပ်ပြောသွားသည့်  အချက်အလက်များနှင့် မြေပြင်အခြေအနေအရ    လက်ရှိတွင် ၅၀  ရာခိုင်နှုန်းအထက်၌ရှိနေ ကြောင်း၊    ကျန်သည့်ကိစ္စအနည်းငယ်ကိုသာ   အားစိုက်ထုတ်ရန် လိုသည်ကို တွေ့ရကြောင်း၊   ထို့ကြောင့် နစကအနေဖြင့် လက်ရှိတွင် လုပ်ငန်းအစီအစဉ်၊  စီမံချက်များရေးဆွဲထားပြီးဖြစ်သည်ဟုလည်း ကြားရကြောင်း၊ ၎င်းကိစ္စများကို  ပြည်သူများသိရှိနိုင်ရန်  မည်သည့် အချိန် ချပြမည်ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့ လုပ်ဆောင်ထားသည့်ကိစ္စများရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌကလည်း  မကြာခဏပြောကြောင်း၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့အနေဖြင့်      ငြိမ်းချမ်းရေးနှင့်ပတ်သက် ပြီး ၂၀၂၂ ခုနှစ်တွင် လုပ်ဆောင်သွားမည့်  မဟာဗျူဟာများ၊  နည်း ဗျူဟာများရှိပြီးဖြစ်ကြောင်း၊ မိမိတို့အစိုးရသည် (intern)အစိုးရ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို နိုင်ငံတစ်ဝန်း၌ အကြားအလပ်မရှိ ကျင်းပနိုင်ရန်    ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊  ရွေးကောက်ပွဲ ကို General election ဆိုသည့် နာမည်နှင့်အညီ တစ်နိုင်ငံလုံး ပျံ့ပျံ့နှံ့နှံ့ မျှမျှတတကျင်းပနိုင်ရန်  ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကိစ္စများ ပြီးပါက   မိမိတို့အနေဖြင့်   မိမိတို့၏တာဝန်များကိုသာ  ဆက်လက် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း။                   အမျိုးသားရေးရည်မှန်းချက်
မိမိတို့လက်ရှိတာဝန်ယူဆဲကာလ၌  နိုင်ငံတော်ကိုတည်ငြိမ် အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်မှုရရှိရန်  အမျိုးသားရေးရည်မှန်းချက် ချမှတ်၍   ဆောင်ရွက်လျက်ရှိကြောင်း၊    ထိုကိစ္စကိုလည်း   ပြည်သူ လူထုအား ပြောပြီးဖြစ်ကြောင်း၊     မိမိတို့     ယခုဆောင်ရွက်နေသည့် အမျိုးသားရေးရည်မှန်းချက် (၂)ရပ်၊ နိုင်ငံတော် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကိစ္စများကိုလည်း   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်အနေနှင့်  အသေးစိတ်အစီ အစဉ်များကို Cabinet အစည်းအဝေးများ၊  မိန့်ခွန်းများနှင့်  ကောင်စီ အစည်းအဝေးများတွင်    မကြာခဏပြောပြီးဖြစ်ကြောင်း၊   ထိုသို့ ပြောကြားချက်များရှိသည်ဟု ရိုးရိုးသားသားဝန်ခံကြောင်း ပြန်လည် ဖြေကြားသည်။ 
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ဆက်လက် မေးမြန်းရာတွင် မူဝါဒပိုင်းဆိုင်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  ဦးတည်ချက်ငါးချက်တွင်ပါဝင်သည့် ကိုဗစ်ကိစ္စနှင့် ပတ်သက်၍ပြောရလျှင် မည်သို့ပင်ဆိုစေကာမူ အောင်မြင်သွားပြီဟု ပြောလိုကြောင်း၊  ယမန်နေ့အထိဆိုလျှင် ကူးစက်မှုနှုန်း ၀ ဒသမ ၁၉ ရာခိုင်နှုန်းခန့်သာရှိတော့သည်ကို တွေ့ရကြောင်း၊ ကျန်သည့်လေးချက် ကိုလည်း   ဆက်လက်လုပ်ဆောင်နေသည်ကို  တွေ့ရကြောင်း၊ လတ်တလောတွင် မြေပြင်၊ လူမှုကွန်ရက်များနှင့် နိုင်ငံရေးအသိုင်း အဝိုင်းများအကြားတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေ ဖြင့်  မူဝါဒများပြောင်းလဲနိုင်သည်ဆိုသည့်  ပြောဆိုမှုများကိုကြားရ ကြောင်း၊ ထိုသတင်းအချက်အလက်များအရ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအစိုးရအနေဖြင့်  မူဝါဒများပြောင်းလဲရန်  အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါကမည်ကဲ့သို့သော အစီအစဉ်မျိုးဖြစ်သည်ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုလတ်တလောတွင် အစီအစဉ် မရှိသေးကြောင်း၊ မိမိတို့ထုတ်ပြန်ထားသည့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉)ရပ်အတိုင်း သာ   ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊  ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင်ပြောကြားခဲ့သည့် နှစ်ပတ်လည်မိန့်ခွန်းတွင် ပါပြီးဖြစ်သည့် အမျိုးသားရေးရည်မှန်းချက် (၂)ရပ်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်အား ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်၍  ငြိမ်းချမ်းရေးလုပ်ငန်း များကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခြားအစီအစဉ် များမရှိကြောင်း ပြန်လည်ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက မိမိမေးမြန်း သည့်ပထမမေးခွန်းတွင်  အချက်တစ်ချက်ကျန်ခဲ့ကြောင်း၊   အနာဂတ် ငြိမ်းချမ်းရေးဖြစ်စဉ်   ဖော်ဆောင်မှုနှင့်ပတ်သက်ကြောင်း   မေးမြန်း သည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုကိစ္စကို မိမိဖြေခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့သည် intern အစိုးရဖြစ်ကြောင်း၊ မိမိတို့၏ရည်မှန်းချက်များတွင် ငြိမ်းချမ်းရေးအောင်မြင်အောင်လုပ်ဆောင်ရန်   လုပ်ငန်းစဉ်များရှိ သည်ကို ရိုးရိုးသားသားဝန်ခံကြောင်း၊ အနာဂတ်တိုင်းပြည်နှင့် လူမျိုး ဖွံ့ဖြိုးတိုးတက်ရန် နောင်တက်လာမည့်အစိုးရက ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မိမိတို့တွင် လတ်တလောအစီအစဉ်မရှိသည်ကိုလည်း ရိုးရိုးသားသားဝန်ခံသည်ဟု ပြောပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြား သည်။
General Life သတင်းဌာနမှ သတင်းထောက် ဦးအောင်ထူး ထက်က မိမိအနေဖြင့် လက်ရှိမြေယာကိစ္စကို  မေးမြန်းလိုကြောင်း ယခင်က တပ်မတော်မှလိုအပ်ချက်အရ သိမ်းယူခဲ့သည့်မြေများကို ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် ပြန်လည်စွန့်လွှတ်ခြင်းများရှိကြောင်း၊ စွန့်လွှတ်မြေများသည် မူလသိမ်းဆည်းခံတောင်သူများထံ တပ်မတော် မှ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် ပြန်လည်စွန့်လွှတ်ခြင်း ဖြစ်ကြောင်း၊ သို့သော် မြေပြင်ပကတိအခြေအနေတွင် တောင်သူများ လက်ဝယ်သို့   တိုက်ရိုက်ရောက်ရှိသည်များလည်းရှိကြောင်း၊ အခြား သောမြေနှင့်  မသက်ဆိုင်သောသူများထံသို့လည်း  ရောက်ရှိသွား သည်များလည်းတွေ့ရကြောင်း၊   တောင်သူများအနေဖြင့်   ပထမ တစ်ချက် တပ်မတော်က လိုအပ်ချက်အရသိမ်းခဲ့သဖြင့် တစ်ကြိမ်နစ်နာ ကြောင်း၊  ပြန်လည်စွန့်လွှတ်သည့်အချိန်တွင် အခြားသောသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ ရယူသွားသူများရှိသဖြင့် မရရှိတော့သည့် နစ်နာမှုများရှိကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအစိုးရလက်ထက်တွင် တပ်မတော်မှ  လိုအပ်ချက်အရ သိမ်းဆည်းခဲ့သည့်အခြေအနေနှင့်  ဖြစ်ခဲ့သည့်ကိစ္စဖြစ်၍ ယခုလက်ရှိ အစိုးရလက်ထက်တွင် အကောင်းဆုံး မည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းပေး ရန်ရှိသည်ကို သိလိုကြောင်းမေးမြန်းသည်။ 
ဗိုလ်ချုပ် ဇော်မင်းထွန်းက  မြေယာကိစ္စနှင့်ပတ်သက်၍ မိမိတို့ အနေဖြင့် အကြိမ်ကြိမ်ဖြေရှင်းပေးပြီးဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍  တပ်မတော်မှပြန်လည်စွန့်လွှတ်သည့်  မြေယာများကို ပိုင်ရှင်လက်ဝယ်သို့ ထည့်ပေးလိုက်ခြင်းမဟုတ်ဘဲ မြေယာစီမံခန့်ခွဲ ပိုင်ခွင့်ရှိသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြေစာရင်းအရ စာရင်းများသာဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာကိုသာ အပ်နှံ ခြင်းဖြစ်ကြောင်း၊  အစိုးရကိုပြန်လည်အပ်နှံကြောင်း၊    အစိုးရမှ  သက်ဆိုင်ရာကိုပြန်လည်အပ်နှံကြောင်း၊ လုပ်ထုံးလုပ်နည်း အဆင့်ဆင့် လုပ်ရကြောင်း၊ တပ်မတော်မှ မူလပိုင်ရှင်ဖြစ်ခဲ့ခြင်း မဖြစ်ခဲ့ခြင်း ဆိုသည်မှာ   ၎င်းတို့၏   စာရင်းပေါက်သော   စိစစ်သည့်အပေါ်သာ မူတည်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ လတ်တလောပြင်ဆင်ရန် မရှိကြောင်း မြေယာနှင့်ပတ်သက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် မြေစာရင်းတို့ကို ၎င်းတို့၏လုပ်ထုံးလုပ်နည်းနှင့်အညီ ရှင်းပြ ပေးနိုင်ရန် သတင်းစာရှင်းလင်းပွဲသို့ ခေါ်ထားကြောင်း၊ ယခုမေးခွန်း များပြီးပါက တာဝန်ရှိသူများက ရှင်းလင်းပြမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။
General Life သတင်းဌာနမှ သတင်းထောက် ဦးအောင်ထူးထက်က ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အကြား၊   ၂၀၁၅ မှ ၂၀၂၀ ခုနှစ်အကြားတွင် စွန့်လွှတ်မြေကို   ပြန်လည်ပေးအပ်နိုင်ခဲ့ခြင်းအခြေအနေ၏  ဧက ကိန်းဂဏန်းကို သိလိုကြောင်း မေးမြန်းသည်။ 
လိုအပ်သည့်မြေမှအပ ကျန်မြေများကို ပြန်လည်စွန့်လွှတ်
ဗိုလ်ချုပ် ဇော်မင်းထွန်းက လက်ရှိတွင် ကိန်းဂဏန်းများကို မိမိ အနေဖြင့် ဖြေရှင်းပေးနိုင်ခြင်းမရှိကြောင်း သက်ဆိုင်ရာမှ တောင်းခံ ပြီးမှသာ ဖြေနိုင်မည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် မူဝါဒကိုသာဖြေနိုင် မည်ဖြစ်ကြောင်း၊   တပ်မတော်မှ   လိုအပ်ချက်အရသိမ်းဆည်း ထားသည့်မြေများမှ မူဝါဒများချပြီး ပြန်လည်ပေးအပ်လျက်ရှိကြောင်း၊ လက်တွေ့တွင် ယခင်ကစီမံချက်များရှိကြောင်း၊ ယင်းစီမံချက်များကို လက်တွေ့အကောင်အထည်မဖော်ဘဲ   နောင်တွင်လည်း   အကောင် အထည်မဖော်ဖြစ်သည့် မြေများနှင့်ပတ်သက်၌  ပြန်လည်စွန့်လွှတ် ခြင်းများရှိကြောင်း၊ တပ်များတွင် လုံခြုံရေးအရ လိုအပ်သည့်မြေများရှိ ကြောင်း၊  လုံခြုံရေးအရ လိုအပ်သည့်မြေမှအပ   ကျန်မြေများကို ပြန်လည်စွန့်လွှတ်ပါဟု  ခိုင်းထားကြောင်း၊ တပ်မတော်အနေဖြင့် စွန့်လွှတ်ခဲ့ပြီးဖြစ်ကြောင်း၊ ယင်းသို့  စွန့်လွှတ်ခဲ့သည့် မြေများကိုလည်း သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းဖြင့်အညီသာ  လုပ်ရကြောင်း၊ မိမိတို့ကိုယ်တိုင်ပေး၍လည်းမရကြောင်း၊  သက်ဆိုင်ရာအဖွဲ့အစည်းများ ကိုသာအပ်နှံပြီးဖြစ်သည်ဟု ပြောလိုပါကြောင်း၊ ယင်းနှင့်ပတ်သက်၍ ပြည်ထဲရေးနှင့်   မြေစာရင်းဦးစီးဌာနမှ    တာဝန်ရှိသူများကလည်း ဖြေကြားနိုင်သည်များ ဖြေကြားပေးရန် ပြောကြားသည်။ 
လယ်ယာမြေစီမံခန့်ခွဲရေးနှင့်  စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ၂၀၁၆ ခုနှစ်မတိုင်ခင်တွင် တပ်မတော်အပါအဝင် ဌာန ဆိုင်ရာများမှ   သိမ်းဆည်းထားခဲ့သည့်မြေများမှ  စွန့်လွှတ်မြေပေါင်း ၄၂၅၄၀၆ ဒသမ ၈၆ ဧက စွန့်လွှတ်ခဲ့ကြောင်း၊  ထိုအထဲမှ ဧကပေါင်း ၄၀၆၇၁၉ ဒသမ ၂၈၃ ဧကကို မူလပိုင်ရှင်  လက်ရောက်ပေးအပ်ခဲ့ပြီးဖြစ် ကြောင်း၊ ၂၀၁၆ ခုနှစ်နောက်ပိုင်း ယခုကာလတွင် စွန့်လွှတ်မြေပေါင်း ၂၂၂၄၉၈ ဒသမ ၂၃ ဧကရှိပြီး  မူလပိုင်ရှင်များလက်ထဲသို့ ပြန်လည် ပေးအပ်ခဲ့သည့် မြေပေါင်း ၂၁၂၇၂၂ ဒသမ ၃၆၂ ဧကရှိကြောင်း၊ ယင်း နေရာတွင် မေးခွန်းရှင်မေးမြန်းသည့် မေးခွန်းနှင့်ပတ်သက်၍ ဖြေကြား ရမည်ဆိုလျှင်  ယင်းမြေများသည် သိမ်းခဲ့သည့်နှစ်ကာလမှာ မနည်း တော့ကြောင်း၊ နှစ်ကာလ နှစ် ၂၀/၂၅ နှစ်ရှိကြောင်း၊ ယင်းကာလတွင် သက်ရှိထင်ရှားရှိနေသည့်သူများရှိသော်လည်း    မရှိသူများလည်းရှိ ကြောင်း၊  သက်ရှိထင်ရှားရှိသူများအတွက်  ဖြေရှင်းရလွယ်ကူသော် လည်း  သက်ရှိထင်ရှားမရှိဘဲနှင့်  အမွေအကြောင်းအရ  တောင်းခံ သည့်သူများအတွက်   ၎င်းတို့၏အမွေဆိုင်ပြဿနာဆိုသည့်   ကိစ္စ ပေါ်ပေါက်လာကြောင်း၊  ထို့ကြောင့် ယင်းကိစ္စကို တရားဥပဒေနှင့် အညီ ဖြေရှင်းဆောင်ရွက်ပြီးမှသာ မူလပိုင်ရှင်ဆိုသည့်သူကို သတ်မှတ် ပြီးမှ မိမိတို့က ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယင်းနှင့်ပတ်သက်၍ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ် ရေးဗဟိုကော်မတီက မူဝါဒ ၅၂ ချက်ကိုချမှတ်ပြီး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ထိုမူဝါဒ  ၅၂ ချက်ကိုလည်း နိုင်ငံတော်သမ္မတရုံးမှ ယင်းခေတ်ကာလက အမိန့်များထုတ်ပြီး စနစ်တကျဆောင်ရွက်ခဲ့ခြင်း သာဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
                      (ဆက်လက်ဖော်ပြပါမည်)