
ရန်ကုန် မေ ၂၈
(၂၅) ကြိမ်မြောက် အာဆီယံပြန်ကြားရေး ဆပ်ကော်မတီအစည်းအဝေး (25th ASEAN– COCI Sub – Committee on Information Meeting)တက်ရောက်ရန် မြန်မာနိုင်ငံ အာဆီယံ ပြန်ကြားရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ ပြန်ကြား ရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းက လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာ သွားသည်။
အဆိုပါ အာဆီယံပြန်ကြားရေးကဏ္ဍ (ASEAN – SCI) အစည်းအဝေးများကို အာဆီယံဒေသတွင်း သတင်းပြန်ကြားရေး ဆိုင်ရာလုပ်ငန်းများမှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံ များအချင်းချင်း အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှု တိုးပွားခိုင်မာလာစေရေး၊ အာဆီယံ စီမံကိန်းများအား အတူတကွ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့ အတွက် အဓိကရည်ရွယ်ပြီး နှစ်စဉ်ကျင်းပရာ အဖွဲ့ဝင် ၁၀ နိုင်ငံမှ စုံလင်စွာတက်ရောက်ကြ ပြီး ပြန်ကြားရေးကဏ္ဍဆိုင်ရာ လှုပ်ရှားမှုများ နှင့်စီမံကိန်းဆောင်ရွက်မှုများအလိုက် နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ဆွေးနွေး ကြကြောင်း၊ ယင်းအစည်းအဝေးကို အာဆီယံ အဖွဲ့ဝင်နိုင်ငံများက တစ်နှစ်လျှင် တစ်ကြိမ် အလှည့်ကျသဘာပတိအဖြစ် ဆောင်ရွက်ကြ ရာ ယခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့ ၌ မေ ၂၉ ရက်မှ ၃၀ ရက်အထိ ကျင်းပခြင်းဖြစ် ကြောင်း သိရသည်။
သတင်းစဉ်