(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲ စတင်ကျင်းပ

 

နေပြည်တော်  အောက်တိုဘာ  ၂၄


(၂၄)  ကြိမ်မြောက်   မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး   (ဗဟိုအဆင့်)    ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းမှ         စတင်ပြီး ပြည်ထောင်စုနယ်မြေနေပြည်တော် ရှိ သတ်မှတ်နေရာ အသီးသီးတွင် စည်ကားသိုက်မြိုက်စွာ      ကျင်းပ သည်


(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို    မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊   တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ ဗဟိုအဆင့် ဟူ၍ အဆင့်ဆင့်   ကျင်းပခြင်းဖြစ်ပြီး ဗဟိုအဆင့်ပြိုင်ပွဲတွင်   ပြိုင်ပွဲဝင် ၂၃၀၆ ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ် ကာ အကဲဖြတ်ပညာရှင် ၁၇၂ ဦး ဖြင့် စနစ်တကျ  စိစစ်အကဲဖြတ် အမှတ်ပေးသွားကြမည်       ဖြစ် ကြောင်းနှင့်  အဆိုပါပြိုင်ပွဲကြီးကို အောက်တိုဘာ ၂၄ ရက်မှ ၃၁ ရက် အထိ         စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်     ဖြစ်ကြောင်း  သိရသည်။


မဟာဂီတ တေးသီချင်းအဆိုပြိုင်ပွဲ


ယနေ့တွင်     “မဟာဂီတ” တေးသီချင်းအဆိုပြိုင်ပွဲကို မြန်မာ အပြည်ပြည်ဆိုင်ရာ  ကွန်ဗင်းရှင်း ဗဟိုဌာန(၂) Banquet Hall ၌ ကျင်းပရာ  အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင်    မန္တလေး တိုင်းဒေသကြီး၊      ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး      ကရင် ပြည်နယ်၊   ဧရာဝတီတိုင်းဒေသ ကြီး၊     စစ်ကိုင်းတိုင်းဒေသကြီး၊    မွန်ပြည်နယ်၊      ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊  ကချင် ပြည်နယ်နှင့်  ရန်ကုန်တိုင်းဒေသ ကြီးတို့မှ          ပြိုင်ပွဲဝင်များက “ဆောင်ဝဇီယာ”       (ပတ်ပျိုး) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာ ရှင်အဆင့်            (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင်      စစ်ကိုင်း တိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသ ကြီး၊     မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ   ပြိုင်ပွဲဝင်များက “အောင်မြေသာဇံ”   (ပတ်ပျိုး) သီချင်းဖြင့်လည်းကောင်း၊ အဆင့် မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲ တွင်  ကချင်ပြည်နယ်၊   ပဲခူးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ မန္တလေး တိုင်းဒေသကြီး၊   တနင်္သာရီတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊    ရခိုင် ပြည်နယ်၊         ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့်  ချင်းပြည်နယ် တို့မှ   ပြိုင်ပွဲဝင်များက  “မြူဝန်း လို့ခို” (ပတ်ပျိုး) သီချင်းဖြင့်လည်း ကောင်း ယှဉ်ပြိုင်ကြသည်။


“ကာလပေါ်”   တေးသီချင်း အဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) Signing  Room  ၌  ကျင်းပရာ ဝါသနာရှင်အဆင့်      (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် တနင်္သာရီ တိုင်းဒေသကြီး၊      မန္တလေးတိုင်း ဒေသကြီး၊   ချင်းပြည်နယ်၊    မွန် ပြည်နယ်၊     ရန်ကုန်တိုင်းဒေသ ကြီး၊   ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊  ပဲခူးတိုင်းဒေသ ကြီးနှင့်   စစ်ကိုင်းတိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက “ရွှေသဇင်” သီချင်းဖြင့်လည်းကောင်း၊ အခြေခံ ပညာအဆင့်  (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲ တွင်    ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊      ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊   စစ်ကိုင်းတိုင်း ဒေသကြီး၊       မန္တလေးတိုင်းဒေသ ကြီး၊   ကရင်ပြည်နယ်၊    ရှမ်း ပြည်နယ်၊            ကယားပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊   မကွေး တိုင်းဒေသကြီး၊         မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ပဲခူး တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ က  “ရွာသာယာ”   သီချင်းဖြင့် လည်းကောင်း ယှဉ်ပြိုင်ကြသည်။ 


အကပြိုင်ပွဲကို            မြန်မာ အပြည်ပြည်ဆိုင်ရာ  ကွန်ဗင်းရှင်း ဗဟိုဌာန(၂) Plenary Hall ၌ ကျင်းပရာ     ဝါသနာရှင်အဆင့် (ပထမတန်း)  အမျိုးသမီးပြိုင်ပွဲ တွင် ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊            ရန်ကုန်တိုင်း ဒေသကြီး၊          ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊  စစ်ကိုင်း တိုင်းဒေသကြီး၊    မွန်ပြည်နယ်၊ တနင်္သာရီတိုင်း  ဒေသကြီးနှင့် မန္တလေးတိုင်း      ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက   လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့်အမျိုးသားပြိုင်ပွဲတွင်    စစ်ကိုင်းတိုင်းဒေသ ကြီး၊        ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊    ရခိုင် ပြည်နယ်၊   ရှမ်းပြည်နယ်၊   မွန် ပြည်နယ်၊  တနင်္သာရီတိုင်းဒေသ ကြီး၊  ပဲခူးတိုင်းဒေသကြီး၊ ကယား ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊       ချင်း ပြည်နယ်၊      ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များ က လည်းကောင်း ကကြိုးကကွက် စုံလင်စွာဖြင့် ယှဉ်ပြိုင်ကြသည်။ 


 အရေးပြိုင်ပွဲ


အရေးပြိုင်ပွဲကို သာသနာရေး နှင့်   ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပ ရာ ဝါသနာရှင်အဆင့်(ပထမတန်း)ပြိုင်ပွဲတွင်        ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊     ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေ‌သကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊   ပဲခူးတိုင်းဒေသ ကြီး၊       မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊  ရန်ကုန် တိုင်းဒေသကြီးနှင့်  ဧရာဝတီတိုင်း ဒေသကြီးတို့မှ   ပြိုင်ပွဲဝင်များက “ဇာတိပုည ဂုဏ်မာန” ခေါင်းစဉ် ဖြင့် လည်းကောင်း၊ ဝါသနာရှင် အဆင့် (ဒုတိယတန်း)ပြိုင်ပွဲတွင် ကချင်ပြည်နယ်၊  ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊   မကွေးတိုင်း ဒေသကြီး၊   မန္တလေးတိုင်းဒေသ ကြီး၊   ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း     ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ထိန်းသိမ်းစို့လေ ရိုးရာအမွေ”  ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ အဆင့်မြင့်ပညာအဆင့် ပြိုင်ပွဲတွင်        ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊       မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့်   မကွေးတိုင်း ဒေသကြီးတို့မှ   ပြိုင်ပွဲဝင်များက “ဗလငါးတန်ဒို့ရည်သန်” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ အခြေခံပညာ အဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း)    ပြိုင်ပွဲတွင်   ကချင် ပြည်နယ်၊           ကယားပြည်နယ်၊ ကရင်ပြည်နယ်၊   စစ်ကိုင်းတိုင်း ဒေသကြီး၊  တနင်္သာရီတိုင်းဒေသ ကြီး၊          မကွေးတိုင်းဒေသကြီး၊  မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ    ပြိုင်ပွဲဝင်များက “ဝါကျွတ်အခါမီ တူရာသီ”ခေါင်းစဉ် ဖြင့်လည်းကောင်း   ရသစုံလင်စွာ ဖော်ကျူးတေးဖွဲ့       ယှဉ်ပြိုင်ကြ သည်။


စန္ဒရားအတီးပြိုင်ပွဲ


စန္ဒရားအတီးပြိုင်ပွဲကို မြန်မာ အပြည်ပြည်ဆိုင်ရာ  ကွန်ဗင်းရှင်း ဗဟိုဌာန  (၂)  News   Briefing Room ၌ ကျင်းပရာ အခြေခံပညာ အဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း)   အမျိုးသမီးပြိုင်ပွဲတွင် မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသ ကြီး၊   ကချင်ပြည်နယ်၊    ရခိုင် ပြည်နယ်၊   ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊   ရန်ကုန် တိုင်းဒေသကြီး၊    ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း       ဒေသကြီးနှင့် ဧရာဝတီတိုင်း     ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက   “အတိုင်းမသိ မင်္ဂလာ”(ဘွဲ့)  သီချင်းဖြင့်   လည်း ကောင်း၊   အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင်  တနင်္သာရီ တိုင်းဒေသကြီး၊  ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊           ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ကယား ပြည်နယ်၊  ရှမ်းပြည်နယ်၊   ပဲခူး တိုင်းဒေသကြီး၊        စစ်ကိုင်းတိုင်း ဒေသကြီး၊    ကချင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲ ဝင်များက            “ဆန်းနွေဦး” (ယိုးဒယား)     သီချင်းဖြင့်   လည်း ကောင်း၊     ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊         ရခိုင် ပြည်နယ်နှင့်       ရန်ကုန်တိုင်းဒေသ ကြီးတို့မှ         ပြိုင်ပွဲဝင်များက “စိန်ကြယ်ညီးလင်း”(မွန်) သီချင်း ဖြင့်   လည်းကောင်း၊   ဝါသနာရှင် အဆင့် (ပထမတန်း) အမျိုးသမီး ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး နှင့်  မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “တောင်ဇမ္ဗူပိုင်” (ယိုးဒယား)  သီချင်းဖြင့်   လည်း ကောင်း ယှဉ်ပြိုင်ကြသည်။


စောင်းအတီးပြိုင်ပွဲ


စောင်းအတီး       ပြိုင်ပွဲကို အမျိုးသားပြတိုက်(နေပြည်တော်)ရှိ   Mini  Theatre ၌   ကျင်းပရာ အဆင့်မြင့်ပညာအဆင့်အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး မှ ပြိုင်ပွဲဝင်က  “သင်းရရင်းကြိုင်” (ကြိုး) သီချင်းဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့်      အမျိုး သမီးပြိုင်ပွဲတွင်    ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲ ဝင်များက  “ပန်းညောင်လှိုင်ဘွဲ့” (ယိုးဒယား)  သီချင်းဖြင့်   လည်း ကောင်း၊       ဝါသနာရှင်အဆင့် (ပထမတန်း)    အမျိုးသားပြိုင်ပွဲ တွင်     မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊  ရခိုင် ပြည်နယ်၊  ရန်ကုန်တိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲ ဝင်များက “သောင်းကျေးဒီပါဗွေ” (မွန်)  သီချင်းဖြင့်    လည်းကောင်း၊ ဝါသနာရှင်အဆင့်   (ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင်    ဧရာဝတီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊   တနင်္သာရီတိုင်းဒေသ ကြီးနှင့်    မန္တလေးတိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက “လေပြည် ဆော်သွင်မြူး”(ယိုဒယား) သီချင်း ဖြင့်လည်းကောင်း၊   အခြေခံပညာ အဆင့်(အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊           ရှမ်း ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ပဲခူး တိုင်းဒေသကြီးတို့မှ  ပြိုင်ပွဲဝင်များ က   “ဆန်းနွေဦး”  (ယိုးဒယား) သီချင်းဖြင့်         လည်းကောင်း ငြိမ့်ညောင်းသာယာစွာ      တီးခတ် ယှဉ်ပြိုင်ကြသည်။


ဒိုးပတ်အတီး         ပြိုင်ပွဲကို အမျိုးသား         စာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာ ခန်းမ၌   ကျင်းပရာ  ဝါသနာရှင် အဆင့် (ဒုတိယတန်း) အမျိုးသား ပြိုင်ပွဲတွင်    မန္တလေးတိုင်းဒေသ ကြီး၊    မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊   ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီ တိုင်းဒေသကြီး၊     ရန်ကုန်တိုင်း ဒေသကြီးနှင့်   ပဲခူးတိုင်းဒေသကြီး တို့မှ   ပြိုင်ပွဲဝင်များက   လည်း ကောင်း၊  အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင်  တနင်္သာရီ တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ မန္တလေးတိုင်း         ဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲ ဝင်များကလည်းကောင်း၊ ဝါသနာ ရှင်အဆင့်(ပထမတန်း) အမျိုးသား ပြိုင်ပွဲတွင်   ဧရာဝတီတိုင်းဒေသ ကြီး၊      ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်တို့မှ    ပြိုင်ပွဲဝင်များက လည်းကောင်း၊          အခြေခံပညာ အဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း)   အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ   ပြိုင်ပွဲဝင်များက မြူးကြွမြိုင်ဆိုင်စွာ        တီးခတ် ယှဉ်ပြိုင်ကြသည်။


ဆိုင်းအဖွဲ့အလိုက်      အတီး ပြိုင်ပွဲကို          သာသနာရေးနှင့် ယဉ်ကျေးမှု       ဝန်ကြီးဌာနရှိ (လေ့ကျင့်ရေးဇာတ်ရုံ)၌ ကျင်းပ ရာ      အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင်       ရန်ကုန် တိုင်းဒေသကြီး၊   တနင်္သာရီတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသ ကြီတို့မှ   ပြိုင်ပွဲဝင်များကလည်း ကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင်   ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့်   မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက  လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီး ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသ ကြီး၊     စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့်   ရှမ်း ပြည်နယ်တို့မှ    ပြိုင်ပွဲဝင်များက လည်းကောင်း၊   အခြေခံပညာ အဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း)  အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊        ရှမ်း ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသ ကြီးတို့မှ   ပြိုင်ပွဲဝင်များကလည်း ကောင်း မြိုင်မြိုင်ဆိုင်ဆိုင်တီးခတ် ယှဉ်ပြိုင်ကြသည်။ 


တင်ဆက်ကပြယှဉ်ပြိုင်


ရုပ်စုံသဘင် အဖွဲ့လိုက်ပြိုင်ပွဲ ကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာ ခန်းမ၌   ကျင်းပရာ  ရုပ်စုံသဘင် အဖွဲ့လိုက်       ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင်  “ပညာ ရွှေအိုး”         ဇာတ်တော်ကြီးဖြင့် မန္တလေးတိုင်းဒေသကြီး ကိုယ်စား ပြု  မန္တလာပန်တျာရုပ်စုံသဘင် အဖွဲ့က  မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ကျူးသည့် အကအလှများ၊  စကားပြောများ ဖြင့်  တင်ဆက်ကပြ  ယှဉ်ပြိုင်ကြ သည်။


ဇာတ်တော်ကြီး    ပြိုင်ပွဲကို သာသနာရေးနှင့်   ယဉ်ကျေးမှု ဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ ၌ ကျင်းပရာ ဇာတ်တော်ကြီးအဖွဲ့ လိုက် ဝါသနာရှင်အဆင့် (ပထမ တန်း) ပြိုင်ပွဲတွင် “မဟော်သဓာ” ဇာတ်တော်ကြီးဖြင့်  မကွေးတိုင်း ဒေသကြီး ကိုယ်စားပြု မင်းချစ်သူ မဟော်သဓာ         ဇာတ်တော်ကြီး အဖွဲ့က        မူရင်းမဟော်သဓာ ဇာတ်တော်ကြီး၏         တီးလုံး တီးချက်များကို   မြန်မာ့ဇာတ် သဘင်၏ ဆို ငို ပြော ပညာရပ်များ၊ အကအလှများနှင့် အနုပညာ ရသ မြောက် ပေါင်းစပ်ပြီး ယှဉ်ပြိုင်ကြ သည်။


ကြည့်ရှုအားပေး


ယနေ့ကျင်းပသည့် ပြိုင်ပွဲများ သို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီး များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ         တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊  လူမှုရေးရာဝန်ကြီး များ၊ ဥပဒေချုပ်များ၊ တာဝန်ရှိသူ များ၊    ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြိုင်ပွဲဝင်များ၏ အုပ်ထိန်းသူမိဘ များက     ပြိုင်ပွဲနေရာအသီးသီး၌       လာရောက်ကြည့်ရှု အားပေးခဲ့ကြ သည်။


အမျိုးသားယဉ်ကျေးမှု အမွေ အနှစ်များ၊ မြန်မာ့ရိုးရာ အနုသုခုမ ပညာရပ်များကို            တိမ်ကော ပပျောက်ခြင်း မရှိစေရန်အတွက် နိုင်ငံတော်နှင့်   နိုင်ငံသားများ၏ ရေရှည်အကျိုးကို  ရည်မျှော်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု    အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၁၉၉၃ ခုနှစ်က စတင်ကျင်းပခဲ့ရာ ယခုဆိုလျှင်   (၂၄)  ကြိမ်တိုင် ရောက်ရှိခဲ့ပြီဖြစ်သည်။
မြန်မာ့ရိုးရာ       ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကြီးသည် နိုင်ငံတော်က ဖော်ဆောင် လျက်ရှိသည့်   တိုင်းရင်းသား အချင်းချင်း  သွေးစည်းညီညွတ်မှု ကို      အထောက်အကူပြုခြင်း၊ အမျိုးသားယဉ်ကျေးမှု          အမွေ အနှစ်များ   မပျောက်ပျက်စေရေး ကို        အထောက်အကူပြုခြင်း၊ မျိုးဆက်သစ်      လူငယ်မောင်မယ် များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက် ရေးတို့ကို အထောက်အကူပြုခြင်း စသည့် အကျိုးကျေးဇူးများကြောင့် နိုင်ငံတော်          စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ၂၀၂၂ ခုနှစ်က စတင်ပြီး (၂၃)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု   အဆို၊  အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အစဉ် အလာမပျက် ပြန်လည်ကျင်းပပေး ခဲ့ကြောင်း သိရသည်။

သတင်းစဉ်