(၂၂)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး မြန်မာကိုယ်စားလှယ်အဖွဲ့ Video Conferencing ဖြင့် ပါဝင်တက်ရောက်

 

နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာအဆင့်၊ ဒေသအဆင့်နှင့် နိုင်ငံအဆင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေး

 

နေပြည်တော်  ဇူလိုင်  ၁၉


အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း (APSC) မဏ္ဍိုင်၏ (၂၂)ကြိမ်မြောက် နိုင်ငံဖြတ်ကျော် မှုခင်း များဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (22nd ASEAN Senior Officials Meeting on Transnational Crime – 22nd SOMTC) ကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ဇူလိုင် ၁၉ ရက်က Video Conferencing ဖြင့် ကျင်းပခဲ့သည်။ 


မြန်မာနိုင်ငံမှ Online ဖြင့် တက်ရောက်


အဆိုပါအစည်းအဝေးသို့      အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ အတွင်းဝန်များနှင့်   ညွှန်ကြားရေးမှူးချုပ် အဆင့်များ ဦးဆောင်၍ အရာရှိကြီးအဆင့် ကိုယ်စား လှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ နိုင်ငံရေး နှင့် လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ ညွှန်ကြားရေးမှူး နှင့်     တာဝန်ရှိသူများ    တက်ရောက်ကြသည်။ မြန်မာနိုင်ငံအနေဖြင့် SOMTC (မြန်မာ) ခေါင်းဆောင်  မြန်မာနိုင်ငံရဲတပ်ဖွဲ့   ဒုတိယရဲချုပ်(၁)  ရဲဗိုလ်ချုပ် အောင်အောင် ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာ အဆင့် မြင့် အရာရှိကြီးများက နေပြည်တော် ရုံးအမှတ်(၈)  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ရှိ အစည်း အဝေးခန်းမမှ  Online ဖြင့် ပါဝင်တက်ရောက်ကြသည်။ 

 


22nd SOMTC စုံညီအစည်းအဝေးကို ဇူလိုင် ၁၉ ရက် ကမ္ဘောဒီးယားနိုင်ငံ ဒေသစံတော်ချိန်  နံနက် ၉  နာရီတွင်  စတင်ကျင်းပရာ  အစည်းအဝေး သဘာပတိ   ကမ္ဘောဒီးယားနိုင်ငံ    ပြည်ထဲရေး ဝန်ကြီးရုံး အထွေထွေအတွင်းရေးမှူးချုပ် (SOMTC  ခေါင်းဆောင်) ရဲဗိုလ်ချုပ်ကြီး POR PHAK က အဖွင့် အမှာစကား ပြောကြားသည်။ 

 


မူးယစ်ဆေးဝါး ပြဿနာ


ထို့နောက်   အာဆီယံ   ၁၀   နိုင်ငံမှ   SOMTC ခေါင်းဆောင်များက     နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍  နိုင်ငံတကာအဆင့်၊  ဒေသအဆင့်နှင့် နိုင်ငံအဆင့် ပူးပေါင်းဆောင်ရွက်မှု များကို  အမြင်ချင်းဖလှယ်  ဆွေးနွေးကြသည်။ အာရှဒေသတွင်း   စိမ့်ဝင်လာသော အကြမ်းဖက်မှု  အန္တရာယ်   တားဆီးနှိမ်နင်းရေး၊    မူးယစ်ဆေးဝါး ပြဿနာ၊    လက်နက်မှောင်ခိုသယ်ဆောင်မှုများ၊ လူကုန်ကူးမှု၊ ဆိုက်ဘာမှုခင်း၊ တောရိုင်းတိရစ္ဆာန်နှင့် သစ်များ    တရားမဝင်သယ်ဆောင်ရောင်းဝယ်မှု တိုက်ဖျက်ရေးတို့နှင့်စပ်လျဉ်း၍  ရှင်းလင်းဆွေးနွေး  ကြသည်။   အစည်းအဝေးတွင်   မြန်မာ   SOMTC ခေါင်းဆောင် ရဲဗိုလ်ချုပ် အောင်အောင်က မြန်မာနိုင်ငံ ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်၊ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့်    လက်နက်မှောင်ခို တားဆီးနှိမ်နင်းရေးဆောင်ရွက်ခဲ့မှုများ၊ အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း ၍ ရှင်းလင်းဆွေးနွေးသည်။ 

 


လုပ်ငန်းလမ်းညွှန် အတည်ပြု


မွန်းလွဲပိုင်းတွင်    နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ    အာဆီယံလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅)  အကောင်အထည်ဖော်မည့် SOMTC  လုပ်ငန်းစဉ်  (၂၀၂၂-၂၀၂၄)၊  SOMTC  ၏  လုပ်ငန်း လမ်းညွှန် (TOR)  နှင့်  အထွေထွေနိုင်ငံဖြတ်ကျော် မှုခင်းများဆိုင်ရာ SOMTC လုပ်ငန်းအဖွဲ့၏ လုပ်ငန်း လမ်းညွှန် (TOR) တို့ကို အတည်ပြုခဲ့ကြပြီး အကောင် အထည်ဖော်    ဆောင်ရွက်ပြီးစီးခဲ့သော    နိုင်ငံ ဖြတ်ကျော် မှုခင်းများတိုက်ဖျက်ရေးဆိုင်ရာ စီမံကိန်း များ၊  ဆိုင်းငံ့/ဆောင်ရွက်ဆဲ  အခြေအနေများကို နိုင်ငံအလိုက် ရှင်းလင်းဆွေးနွေးကြသည်။ 

 


နိုင်ငံအလိုက် ရှင်းလင်းဆွေးနွေး


ထို့နောက်   အာရှဒေသတွင်း   နိုင်ငံဖြတ်ကျော် မှုခင်းများတိုက်ဖျက်ရေးတွင်  ပူးပေါင်းပါဝင်  ပံ့ပိုးပေး လျက်ရှိသော တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ၊ ကနေဒါ၊   ဥရောပသမဂ္ဂ၊   အိန္ဒိယ၊   နယူးဇီလန်၊ အမေရိကန်နိုင်ငံတို့နှင့်  ပြုလုပ်မည့်  အစည်းအဝေး အစီအစဉ်များနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိ မှုများကို   သက်ဆိုင်ရာနိုင်ငံအလိုက်   ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။ 22nd SOMTC နှင့် ဆက်စပ် အစည်းအဝေးများကို ဇူလိုင် ၂၀ ရက်နှင့် ၂၁ ရက် တို့တွင် ဆက်လက်ကျင်းပသွားရန် သဘောတူညီ ခဲ့ကြပြီး    အစည်းအဝေးကို    ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ သည်။ 


သတင်းစဉ်