(၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲအား ဂုဏ်ပြုကြိုဆိုခြင်း

Type

 

နေနေနိုင်ရည် (တိုင်းရင်းဆေးပညာဦးစီးဌာန)
 

 

 မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကို  ၂၀၀၀  ပြည့်နှစ်မှစတင်ပြီး  နိုင်ငံတော်အဆင့် နှစ်စဉ် အောင်မြင်စွာကျင်းပလာခဲ့သည်မှာ   ယခုဆိုလျှင် (၂၁)ကြိမ်မြောက်   ရှိခဲ့ပြီဖြစ်ပါသည်။    ယခုကဲ့သို့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းသည် တိုင်းရင်းဆေး သမားတော်ကြီးများအားလုံး၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများသာမက နိုင်ငံတော် အစိုးရ၏ ပံ့ပိုးမှုများကြောင့် ဖြစ်ပါသည်။  

 


ယခုအခါ    ပြည်သူလူထု၏  ကျန်းမာရေးကို တိုင်းရင်းဆေးပညာဖြင့် ထိရောက်စွာ  အထောက် အကူပြုနိုင်ရန် အလွှာစုံမှ ပညာရှင်များပါဝင်သော (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော် များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၈ ရက်မှ ၉ ရက် အထိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန(၂)တွင် ကျင်းပသွားမည် ဖြစ်ပါသည်။ 

 


ထိုကဲ့သို့ တိုင်းရင်းဆေးသမားတော်များသာမက နှီးနွှယ်ပညာရှင်များပါ ပါဝင်ပြီး  မြန်မာ့တိုင်းရင်းဆေးသမားတော်များ  ညီလာခံကျင်းပ၍    အတွေ့ အကြုံ၊ အတွေးအမြင်များကို  ဖလှယ်ကြခြင်းဖြင့် မြန်မာ့တိုင်းရင်းဆေးပညာအဆင့်အတန်း မြင့်မား ရန်  အထောက်အကူကောင်းများ   ရရှိမည်ဖြစ်ပါသည်။ 

 


အခြေအနေကောင်းများ ဖြစ်ထွန်းတည်ရှိနေ


ယနေ့ခေတ်ကာလသည် မြန်မာ့တိုင်းရင်းဆေး ပညာကို  နိုင်ငံတော်အစိုးရ၏ အားပေးချီးမြှောက်မှု၊ တိုင်းရင်းဆေးသမားတော်ကြီးများ၏ တိုင်းရင်းဆေး ပညာအကျိုး   ရှေးရှုကြိုးပမ်းဆောင်ရွက်မှုနှင့် ပြည်သူများ၏ မြန်မာ့တိုင်းရင်းဆေးအပေါ် ယုံကြည် ကိုးစားအားပေးမှုတို့    အပြန်အလှန်ပေါင်းစည်း အကျိုးပြုလျက်        မြန်မာ့တိုင်းရင်းဆေးပညာ ထွန်းတောက်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းသွား နိုင်မည့် အခြေအနေကောင်းများ ဖြစ်ထွန်းတည်ရှိနေ ပြီ ဖြစ်ပါသည်။

 


ရှေးယခင်နှစ်ပေါင်းများစွာမှသည်       ပြည်သူ အများစုသည် မြန်မာ့တိုင်းရင်းဆေးများကို အားကိုး အားထားပြုလာခဲ့ကြသည်မှာ ယနေ့မျက်မှောက်ခေတ်ကာလအထိဖြစ်ပါသည်။ အထူးသဖြင့်  ယနေ့ မျက်မှောက်ခေတ်ကာလတွင် တိုင်းရင်းဆေးဆရာ ကြီးများ၏ အရည်အသွေးကို ပိုမိုယုံကြည်လက်ခံ လာကြပါသည်။    ဤကဲ့သို့သော အခြေအနေတွင် မြန်မာ့တိုင်းရင်းဆေးဆရာကြီးများကလည်း မြန်မာ့ တိုင်းရင်းဆေးဖြင့် ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက် ပေးနိုင်ရန်နှင့် မိမိတို့၏ အရည်အသွေး၊ ဂုဏ်သိက္ခာ ကိုလည်း ပိုမိုတိုးတက်သည်ထက် တိုးတက်အောင် ကြံဆောင်နေကြသည်မှာလည်း ဂုဏ်ယူဖွယ်ဖြစ်ပြီး မြန်မာ့တိုင်းရင်းဆေးပညာနှင့် တိုင်းရင်းဆေးဝါးများ   ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပေး နိုင်သည့် နှီးနွှယ်ဆေးပညာရှင်များ၊  ဆေးဝါးဗေဒ၊ ဓာတုဗေဒ၊  ရုက္ခဗေဒ၊  အဏုဇီဝဗေဒ အစရှိသော ကျွမ်းကျင်မှုဆိုင်ရာ ပညာရှင်များနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ 

 


(၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့်  မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို အစီအစဉ်နှစ်ရပ်ဖြင့် ကျင်းပသွား မည်ဖြစ်ပါသည်။ 

 


ရည်ရွယ်ချက်များ


မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအနေဖြင့် မြန်မာ့ တိုင်းရင်းဆေးလောက    ဘက်စုံအဆင့်အတန်း မြင့်မားရေးနှင့်    မြန်မာ့တိုင်းရင်းဆေးပညာအရည် အသွေး ဖွံ့ဖြိုးတိုးတက်မှု  ပိုမိုရရှိစေရန်၊   မြန်မာ့ တိုင်းရင်းဆေးဆရာတို့၏ အရည်အချင်းနှင့် ကျင့်ဝတ် ဂုဏ်သိက္ခာ ပိုမိုမြင့်မားလာစေရန်၊ မြန်မာ့တိုင်းရင်း ဆေးပညာနှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်မှုနည်းပညာများ ပိုမိုဖွံ့ဖြိုးတိုးတက်ရန် ပြည်တွင်းပြည်ပရှိ ဆက်စပ်နှီးနွှယ်ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် စသည့်ရည်ရွယ်ချက်များနှင့် ကျင်းပခြင်းဖြစ်ပါသည်။ 

 


ထို့အတူ  မြန်မာ့တိုင်းရင်းဆေးပညာ  နှီးနှော ဖလှယ်ပွဲကျင်းပရခြင်း၏     ရည်ရွယ်ချက်များမှာ မြန်မာ့တိုင်းရင်းဆေးပညာကုထုံးများဖြင့် ပြည်သူ လူထု၏ကျန်းမာရေးကို ပိုမိုထိရောက်စွာ စောင့်ရှောက် မှုပေးနိုင်ရန်အတွက်  အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များ ဖြစ်လာစေရေး လေ့ကျင့် ပေးရန်၊ အန္တရာယ်ကင်းရှင်း၍ အရည်အသွေးမြင့်မား သည့် အစွမ်းထက်တိုင်းရင်းဆေးဝါးများ ပေါ်ထွက် လာစေရေးအတွက်   တိုင်းရင်းဆေးသုတေသန လုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်ရန်၊  တိုင်းရင်း ဆေးဖြင့်  ပြည်သူလူထုအား  ပဏာမကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးအသိပညာ ပေးခြင်းလုပ်ငန်းများကို      ကျေးလက်ဒေသအထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက် ဒေသခံ   တိုင်းရင်းဆေးဆရာများနှင့်    ပူးပေါင်း ဆောင်ရွက်ရန်တို့ဖြစ်ပါသည်။

 


  ညီလာခံ၏ အသက်သွေးကြော


အထက်ဖော်ပြပါ ရည်ရွယ်ချက်များအပြင် (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှော ဖလှယ်ပွဲတွင် ညီလာခံ၏ အသက်သွေးကြောဖြစ် သည့်  အဆိုပြုချက်များတင်သွင်းပြီး   ထောက်ခံ ဆွေးနွေးချက်များကို   ညီလာခံတွင်   တင်သွင်း ဖတ်ကြားကြမည်ဖြစ်ရာ ဒေသနာနယ၊ ဘေသဇ္ဇနယ၊ နက္ခတ္တနယ၊ ဝိဇ္ဇာဓရနယ ဟူသည့် နယကြီးလေးပါး ကိုအခြေခံသော မြန်မာ့တိုင်းရင်းဆေးပညာ ကုထုံး နည်းစနစ်များကို  အမျိုးသားရေးအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်၍  ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရန်၊ တိုင်းရင်းဆေးသမားတော် များ စောင့်ထိန်းအပ်သည့် နဝရတ်ကတိသစ္စာနှင့် သမားတို့၏ ကျင့်ဝတ်သိက္ခာကို စွဲမြဲစွာနှလုံးသွင်း စောင့်ထိန်းပြီး စည်းလုံးညီညွတ်၍ ဂုဏ်သိက္ခာမြင့်မား သည့် မြန်မာ့တိုင်းရင်းဆေးသမားတော်များဖြစ်စေ ရေး    ဝိုင်းဝန်းထိန်းသိမ်းကြိုးပမ်းဆောင်ရွက်ရန်၊ ခေတ်မီ၍ အရည်အသွေးပြည့်ဝသော မျိုးဆက်သစ် တိုင်းရင်းဆေးပညာရှင်များ  ပိုမိုမွေးထုတ်ပေးနိုင် ရေး အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ အရည် အသွေးပြည့်ဝ၍ အစွမ်းထက်မြက်သော တိုင်းရင်း ဆေးဝါးများပေါ်ထွက်လာစေရေးအတွက် သုတေသန  လုပ်ငန်းများ  စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန် နှင့်  ရိုးရာတိုင်းရင်းဆေးကုထုံး  နည်းစနစ်များနှင့် ဆေးဝါးများကို လက်တွေ့အသုံးချနိုင်ရေးအတွက် စနစ်တကျပြန်လည်ဖော်ထုတ်ရန်တို့ကို   အဆိုပြု တင်ပြ ထောက်ခံဆွေးနွေးကြမည်ဖြစ်ပါသည်။ 

 


မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲနေ့တွင် ရိုးရာတိုင်းရင်းဆေးကုထုံး နည်းစနစ်များနှင့် ဆေးဝါးများကို လက်တွေ့အသုံးချနိုင်ရေးအတွက် စနစ်တကျ ပြန်လည်ဖော်ထုတ်ရန်အဆိုနှင့် နှီးနွှယ် သော ရိုးရာတိုင်းရင်းဆေးကုထုံးနှင့် ဆေးဝါးစာတမ်း များကို  ဖိတ်ခေါ်ပြီး     စာတမ်းများတင်သွင်း ဖတ်ကြားမည်ဖြစ်ပါသည်။   မြန်မာ့တိုင်းရင်းဆေး သမားတော်ကြီးများက   စေတနာ၊ ပညာ၊ ဝါယမ အားစိုက်မှုများဖြင့် နှီးနှောဆွေးနွေးကြကာ မျိုးဆက် သစ်လူငယ်များအတွက် လက်ဆင့်ကမ်းအမွေအနှစ် များပေးနိုင်ရန်    ပူးပေါင်းပါဝင်သွားကြမည်ဖြစ်ပါသည်။ 

 


ပြခန်းငယ်များ


ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာန  တိုင်းရင်း ဆေးပညာဦးစီးဌာန၏     ပြခန်းငယ်များကိုလည်း စိတ်ဝင်စားဖွယ် ခင်းကျင်းပြသထားမည်ဖြစ်ပါသည်။ တိုင်းဒေသကြီးနှင့်   ပြည်နယ်အသီးသီးမှလည်း မိမိတို့၏ အရပ်ဒေသမှထွက်ရှိသည့် တိုင်းရင်းဆေး ၏  မူလအရင်းအမြစ်များဖြစ်သော   အပင်ထွက်၊ ရေထွက်၊ တိရစ္ဆာန်ထွက်၊ တွင်းထွက်ဆေးပစ္စည်းများ ကို စိတ်ဝင်စားဖွယ် ခင်းကျင်းပြသသွားမည်ဖြစ်ပါသည်။ 

 


နိုင်ငံတော်အဆင့်  ညီလာခံကြီး


(၂၁)ကြိမ်မြောက်  မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကြီးကို ကျန်းမာရေးဝန်ကြီးဌာန တစ်ခုတည်းဖြင့် တာဝန်ယူဆောင်ရွက်သည်မဟုတ် ဘဲ နှီးနွှယ်ဆက်စပ်နေသည့် ဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်မှုများဖြင့် နိုင်ငံတော်အဆင့် ခမ်းနား ထည်ဝါစွာကျင်းပမည့်      ညီလာခံကြီးပင်ဖြစ်ပါ သည်။ 
(၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမား တော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲသို့ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်တို့မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ    တိုင်းရင်းဆေးကောင်စီအလုပ်အမှု ဆောင်အဖွဲ့ဝင်များ၊   မြန်မာနိုင်ငံတိုင်းရင်းဆေး ဆရာအသင်းမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းမှ    ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ တိုင်းရင်းဆေးညီလာခံ ကိုယ်စား လှယ်များ၊ ပြည်တွင်း ပြည်ပမှ အစိုးရအဖွဲ့မဟုတ် သောအဖွဲ့အစည်းများနှင့် နှီးနွှယ်ပညာရှင် ကိုယ်စား လှယ်များ   စုံညီစွာတက်ရောက်ဆွေးနွေးကြမည် ဖြစ်ပါသည်။ 

 


ညီလာခံတစ်ရပ်အဖြစ် မြင်တွေ့ရမည်


သို့ဖြစ်ပါ၍ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၂၁)ကြိမ် မြောက်    မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့်   မြန်မာ့တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲကျင်းပရာတွင်  မြန်မာ့တိုင်းရင်းဆေးပညာ လောက၏ အသွင်သဏ္ဌာန်နှင့်  အနှစ်သာရများ ဖွံ့ဖြိုးတိုးတက်လာစေရန်     မြန်မာ့တိုင်းရင်း ဆေးပညာရှင်များ၊ သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပညာရှင်များက ပူးပေါင်းပါဝင်ဆောင်ရွက်ကြမည် ဖြစ်၍ မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံ ကြီးသည် မြန်မာ့တိုင်းရင်းဆေးသမားတော်များ၏ စည်းလုံးညီညွတ်မှုကိုပြသသည့် ပြယုဂ်တစ်ခုဖြစ် သည်နှင့်အညီ တိုင်းရင်းဆေးလောက ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက်  အကြံသစ်ဉာဏ်သစ်များ၊ အတွေးအခေါ်သစ်များ    ဖော်ဆောင်ပေးမည့် ညီလာခံတစ်ရပ်အဖြစ် မြင်တွေ့ရမည်ဖြစ်ပါကြောင်း တင်ပြရင်း    “(၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာနှီးနှောဖလှယ်ပွဲ” အား ဂုဏ်ပြုကြိုဆို လျက် ရေးသားတင်ပြလိုက်ရပါသည်။       ။