
နေပြည်တော် ဒီဇင်ဘာ ၈
(၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပပြုလုပ် သည်။
အခမ်းအနားသို့ (၂၁) ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့ တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ကျင်းပရေး ဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ဌာနေကိုယ်စား လှယ်များ၊ အစိုးရမဟုတ်သော အသင်း/ အဖွဲ့များ၊ တိုင်းရင်းဆေးကောင်စီဝင်များ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းကြီးနှင့် မြန်မာနိုင်ငံ အနှံ့အပြားမှ တိုင်းရင်းဆေးသမားတော် ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင် များ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများ နှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ တက်ရောက်ကြ သည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ဦးစွာ (၂၁) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာ နှီးနှောဖလှယ်ပွဲကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်သည့် ဒေါ်အေးနုစိန်နှင့် ဦးမောင်းဟာ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးနှင့် တိုင်းရင်းဆေးသမားတော်ကြီး ဦးသန်းညွန့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
စက်ခလုတ်နှိပ်ဖွင့်လှစ်
ယင်းနောက် ကျင်းပရေးဦးစီးကော်မတီ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က (၂၁) ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့ တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲသို့ Video Message ဖြင့် ပြောကြားသည့် ဂုဏ်ပြုမိန့်ခွန်းကို ဖွင့်လှစ်ပြသသည်။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံအား စာမျက်နှာ-၃ တွင် သီးခြားဖော်ပြထားပါသည်။)
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် မြန်မာ့တိုင်းရင်းဆေးပညာသည် ခေတ်အဆက်ဆက်မှ ယနေ့ မျက်မှောက်ခေတ် တိုင်အောင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အခြေခိုင်မာစွာ ဖြစ်ထွန်းတည်တံ့ခဲ့သည့် အမျိုးသား ဆေးပညာတစ်ရပ်ဖြစ်ပြီး မြန်မာ့တိုင်းရင်းဆေးပညာ ၏ ပင်မရေသောက်မြစ်ဖြစ်သည့် ဒေသနာ နယ၊ ဘေသဇ္ဇ နယ၊ ဝိဇ္ဇာဓရ နယနှင့် နက္ခတ္တ နယ ဟူသော နယကြီးလေးပါးတို့ကို အခြေတည်ထားသော လက်တွေ့ကုသပျောက်ကင်းမှု မှတ်တမ်းများကို အခြေပြု၍ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် စသည့်ခေတ်အဆက်ဆက် တွင်လည်း ဆေးပညာဆိုင်ရာ ပေပုရပိုက်များ၊ စာပေ ကျမ်းဂန်များနှင့် ဆေးကျမ်းများ ရေးသားပြုစုကာ တိုင်းရင်းဆေးပညာကို ထိန်းသိမ်းစောင့်ရှောက်လာ ခဲ့ကြကြောင်း ဦးစွာပြောကြားသည်။
နှစ်စဉ်ဆောင်ရွက်လျက်ရှိ
ထို့နောက် မြန်မာ့တိုင်းရင်းဆေးပညာရပ်များ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ များကို ၂၀၀၀ ပြည့်နှစ် က စတင်၍ နိုင်ငံတော်အဆင့် နှစ်စဉ်ကျင်းပခဲ့ပြီး ယခုဆိုလျှင် (၂၁) ကြိမ်မြောက် ရှိပြီဖြစ်သည့် အခြေအနေများ၊ တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် အကောင်အထည်ဖော်ခြင်း ဆိုင်ရာ သုတေသနများကို နှစ်စဉ်ဆောင်ရွက်လျက် ရှိပြီး သုတေသနတွေ့ရှိချက်များကို မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံနှင့် တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲများတွင် တင်သွင်းဖတ်ကြားကြခြင်းဖြင့် ပိုမိုကောင်းမွန် ပြည့်စုံသော သုတေသနများ ဆက်လက်ဆောင်ရွက် လာနိုင်စေပြီး တိုင်းရင်းဆေးပညာရပ် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့် အခြေအနေများ၊ (၂၁)ကြိမ် မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲကျင်းပရသည့် ရည်ရွယ်ချက်များ၊ ညီလာခံ နှင့် နှီးနှောဖလှယ်ပွဲနှင့် ညှိနှိုင်းဆွေးနွေးနိုင်မည့် အခြေအနေများ၊ အဆိုပြုချက်များ၊ ထောက်ခံချက် များ၊ တင်ပြဆွေးနွေးချက်များမှ ထွက်ပေါ်လာသောလုပ်ဆောင်သင့်သည့်လုပ်ငန်းစဉ်များကို အကောင် အထည်ဖော်ဆောင်ရွက်သွားရမည့် အခြေအနေများ၊ မျိုးဆက်သစ် တိုင်းရင်းဆေးသမားတော်များအနေ ဖြင့်လည်း မြန်မာတိုင်းရင်းဆေးပညာကို ဂုဏ်ယူ ဝင့်ကြွားစွာ ချပြနိုင်ရန်နှင့် သုတေသနလုပ်ငန်းများ စနစ်တကျလုပ်ကိုင်ပြီး တိုင်းရင်းဆေးပညာ ဖွံ့ဖြိုး တိုးတက်ရန် ဆက်လက်ဆောင်ရွက်သွားရမည့် အခြေအနေများ၊ မြန်မာတိုင်းရင်းဆေးဝါးထုတ်လုပ် ရေးလုပ်ငန်းသည် နိုင်ငံတော်၏ MSME လုပ်ငန်းများ အောင်မြင်ရေးတွင်လည်း တစ်ခန်းတစ်ကဏ္ဍမှပါဝင် သည့်အတွက် နိုင်ငံတော်၏ GDP တိုးတက်မြင့်မားမှု ကိုလည်း အထောက်အကူပြုနိုင်မှု အခြေအနေများ၊ နိုင်ငံတော်အနေဖြင့်လည်း မြန်မာ့တိုင်းရင်းဆေး ထုတ်လုပ်ရေးလုပ်ငန်းများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့်အခြေအနေများနှင့်စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။
ထို့နောက် တိုင်းရင်းဆေးပညာဦးစီးဌာန၏ ဆောင်ရွက်ချက်မှတ်တမ်း Video ကို ပြသသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် တိုင်းရင်းဆေးသမားတော်များ၊ တိုင်းရင်း ဆေးဝါးထုတ်လုပ်သူများ၊ ကိုယ်စားလှယ်တော်ကြီး များ၊ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်သည် တာဝန်ရှိသူများနှင့်အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ခင်းကျင်းပြသထားသည့် တိုင်းရင်းဆေးပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ထို့နောက် (၂၁) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာနှီးနှောဖလှယ်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်၍ (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကို ဆက်လက်ကျင်းပသည်။
ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် (၂၁)ကြိမ် မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကို တက်ရောက်လာကြသည့် ကိုယ်စားလှယ် တော်ကြီးများကို ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်းနှင့် ညစာစားပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ ဝန်ထမ်းများက မြန်မာ့ရိုးရာယဉ်ကျေးမှုအကများ၊ တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့သည်။ ညစာစားပွဲအပြီးတွင် ဂုဏ်ပြုဖျော်ဖြေခဲ့ကြသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ ဝန်ထမ်းများအား (၂၁) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်က ဂုဏ်ပြုလက်ဆောင်များ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်