(၂၁)ကြိမ်မြောက် ASEAN-BAC စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစည်းအဝေးသို့ မြန်မာအဖွဲ့ဝင်များတက်ရောက်

 

ရန်ကုန် ဇန်နဝါရီ   ၂၈
(၂၁)ကြိမ်မြောက်   ASEAN-BAC စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု        အစည်းအဝေးကို ဇန်နဝါရီလ  ၂၄  ရက်က  Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ ASEAN – BAC Myanmar အဖွဲ့ဝင် များဖြစ်သော ဦးဇော်မင်းဝင်း၊ ဦးသောင်းတင်၊ ဦးမိုးကျော်တို့  တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ASEAN - BAC  အင်ဒို နီးရှားဥက္ကဋ္ဌက     အာဆီယံအဖွဲ့ဝင်နိုင်ငံများ အကြား    စီးပွားရေးအလျင်မြန်ဆုံး တိုးတက် စေသောနည်းလမ်းများကို   ကူးပြောင်းခြင်း၊ ပိုကောင်းသော     လမ်းညွှန်ချက်များနှင့်           စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား    ပိုမို၍  အတူတကွ ပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို   လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် အကြိမ်(၂၀)မြောက်   ASEAN- BAC အစည်းအဝေးမှ အနှစ်ချုပ်ဆွေးနွေးချက် များ၊ ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်း များကို တင်ပြခဲ့ပြီး   ဆက်လက်၍    ASEAN - BAC အင်ဒိုနီးရှားဥက္ကဋ္ဌက ၎င်းတာဝန်ယူမည့် ကာလအတွင်း  အကောင်အထည်ဖော်မည့် ခေါင်းစဉ်များနှင့် ဦးစားပေး စီးပွားရေးကဏ္ဍ များ၊   Chairmanship   Structure   တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဩစတြေးလျ၊   ကနေဒါ၊  ဥရောပသမဂ္ဂ၊  အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်၊ ရုရှား တို့မှ အာဆီယံစီးပွားရေးကောင်စီ အဖွဲ့အစည်း များနှင့်   GMS Business Council, ASEAN CSR Network တို့မှ ဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များက ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို အကျဉ်း ချုံး၍  တင်ပြခဲ့ကြသည်။
သီရိ