(၂၁) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကျင်းပ

 

 

နေပြည်တော်   ဒီဇင်ဘာ   ၈


(၂၁) ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီး‌နှော  ဖလှယ်ပွဲ၏  မြန်မာ့တိုင်းရင်းဆေးသမားတော်များ         ညီလာခံကို ယနေ့နံနက်ပိုင်းတွင်      နေပြည် တော်ရှိ         မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။

 


အစီအစဉ်အရ       ညီလာခံ သဘာပတိအဖြစ် မြန်မာ့တိုင်းရင်း ဆေးသမားတော်များ    ညီလာခံ နှင့်    မြန်မာ့တိုင်းရင်း‌ဆေးပညာ နှီးနှောဖလှယ်ပွဲ ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ       ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က သဘာ ပတိအဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင် များအဖြစ် မြန်မာ့တိုင်းရင်းဆေး  သမားတော်များ      ညီလာခံနှင့် မြန်မာ့              တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ        ကျင်းပရေး လုပ်ငန်း    ဆပ်ကော်မတီဥက္ကဋ္ဌ တိုင်းရင်း     ဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စုစုဒွေး၊  တိုင်းရင်းဆေးပညာရပ်  ဆိုင်ရာအကြံပေးအဖွဲ့       ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဦးမိတ်၊ မြန်မာ နိုင်ငံ      တိုင်းရင်းဆေးကောင်စီ နာယက   ဦးမြင့်လွင်နှင့်   မြန်မာ နိုင်ငံ        တိုင်းရင်းဆေးကောင်စီ ဒုတိယဥက္ကဋ္ဌ    ဦးပေါညိမ်းတို့က ဆောင်ရွက်ကြသည်။  
ညီလာခံတွင် သဘာပတိက အဖွင့်အမှာစကား       ပြောကြား သည်။ 

 


ထို့နောက်   ကချင်ပြည်နယ် ညီလာခံကိုယ်စားလှယ်   ဒေါ်အာ ဆာမိက အဆိုပြုချက်  အမှတ်(၁)ဖြစ်သော  ‘‘နယကြီး   (၄)   ပါးကို အခြေခံသော    မြန်မာ့တိုင်းရင်း ဆေးပညာကုထုံး နည်းစနစ်များ ကို   အမျိုးသားရေး    အမွေအနှစ် အဖြစ် ထိန်းသိမ်းစောင့်ရှောက်၍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်ရန်”  အဆိုကို တင်သွင်း ရာ      မန္တလေးတိုင်းဒေသကြီး ညီလာခံကိုယ်စားလှယ် ဒေါ်ခင်မာ လင်း က ထောက်ခံဆွေးနွေးသည်။ 

 


ယင်းနောက်      မွန်ပြည်နယ် ညီလာခံကိုယ်စားလှယ် ဦးစောလှ ထူးကျော်က အဆိုပြုချက် အမှတ် (၂) ဖြစ်သော “နဝရတ်ကတိသစ္စာ နှင့် သမားတို့၏ ကျင့်ဝတ်သိက္ခာ ကို စွဲမြဲစွာနှလုံးသွင်း စောင့်ထိန်း ပြီး စည်းလုံးညီညွတ်၍ ဂုဏ်သိက္ခာ မြင့်မားသည့် မြန်မာ့တိုင်းရင်းဆေး  သမားတော်များ           ဖြစ်စေရေး ဝိုင်းဝန်းထိန်းသိမ်း      ကြိုးပမ်း ဆောင်ရွက်ရန်” အဆိုကိုတင်သွင်း ရာ မကွေးတိုင်းဒေသကြီး ညီလာခံ ကိုယ်စားလှယ်    ဒေါ်တင်တင် အောင်   က    ထောက်ခံဆွေးနွေး သည်။

 


မွန်းလွဲပိုင်းတွင်        ညီလာခံ  ဒုတိယပိုင်း      အစီအစဉ်များကို  ဆက်လက်ကျင်းပရာ (၂၁) ကြိမ် မြောက်    မြန်မာ့တိုင်းရင်းဆေး သမားတော်များ       ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှော  ဖလှယ်ပွဲ     ကျင်းပရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ     ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က သဘာ ပတိအဖြစ်  ဆောင်ရွက်ပြီး သဘာ ပတိအဖွဲ့ဝင်များအဖြစ် ညွှန်ကြား ရေးမှူးချုပ်   ဒေါက်တာ   စုစုဒွေး၊ မြန်မာနိုင်ငံ              တိုင်းရင်းဆေး ကောင်စီဥက္ကဋ္ဌ  ဦးမြင့်ဦး၊ မြန်မာ နိုင်ငံ     တိုင်းရင်းဆေးကောင်စီ နာယက   ဦးမြင့်လွင်၊   တိုင်းရင်း ဆေး   ပညာရပ်ဆိုင်ရာ အကြံပေး အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသန်းညွန့်နှင့် တိုင်းရင်းဆေး     ပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင် ဦးဝထွန်း တို့က ဆောင်ရွက်ကြသည်။ 
ညီလာခံတွင် သဘာပတိ က အဖွင့်အမှာစကား     ပြောကြား သည်။

 


ထို့နောက်        ရှမ်းပြည်နယ် ညီလာခံကိုယ်စားလှယ်      ဦးဇော် လင်း က အဆိုပြုချက် အမှတ်(၃)ဖြစ်သော    “ခေတ်မီ၍     အရည် အသွေးပြည့်ဝသော မျိုးဆက်သစ် တိုင်းရင်းဆေး   ပညာရှင်များ  ပိုမို မွေးထုတ်ပေးနိုင်ရေး     အကောင် အထည်ဖော်   ဆောင်ရွက်ရန်” အဆိုကို   တင်သွင်းရာ    ရန်ကုန် တိုင်းဒေသကြီး ညီလာခံကိုယ်စား လှယ်    ဦးအောင်ဟိန်းသူ       က ထောက်ခံဆွေးနွေးသည်။

 


ထို့နောက်  ပဲခူးတိုင်းဒေသကြီး  ညီလာခံကိုယ်စားလှယ်     ဦးဟန် ငြိမ်းက အဆိုပြုချက် အမှတ်(၄) ဖြစ်သော “အရည်အသွေးပြည့်ဝ၍ အစွမ်းထက်မြက်သော တိုင်းရင်း ဆေးဝါးများ ပေါ်ထွက်လာစေရေး အတွက် သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွား ရန်” အဆိုကိုတင်သွင်းရာ ချင်း ပြည်နယ် ညီလာခံကိုယ်စားလှယ် ဒေါ်မြမြခိုင်က ထောက်ခံဆွေးနွေး သည်။

 


ယင်းနောက်      မကွေးတိုင်း ဒေသကြီး ညီလာခံကိုယ်စားလှယ် ဦးသိုက်ထွန်းက     အဆိုပြုချက်  အမှတ် (၅) ဖြစ်သော       “ရိုးရာ တိုင်းရင်းဆေး  ကုထုံးနည်းစနစ် များနှင့် ဆေးဝါးများအား လက်တွေ့  အသုံးချနိုင်ရေးအတွက်      စနစ် တကျ     ပြန်လည်ဖော်ထုတ်ရန်” အဆိုကိုတင်သွင်းရာ ရခိုင်ပြည် နယ်          ညီလာခံကိုယ်စားလှယ် ဒေါ်သန်းသန်းရီ   က   ထောက်ခံ ဆွေးနွေးသည်။

 


ထို့နောက်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ် မှူးကြီး          မဟာသရေစည်သူ မင်းအောင်လှိုင် က မြန်မာ့တိုင်းရင်း ဆေးသမားတော်များ ညီလာခံနှင့်  မြန်မာ့တိုင်းရင်း ဆေးပညာနှီးနှော ဖလှယ်ပွဲသို့   ပေးပို့သည့်  Video Message ဂုဏ်ပြုမိန့်ခွန်းကို  မှတ် တမ်းတင်ပြီး  (၂၁) ကြိမ်မြောက်      မြန်မာ့တိုင်းရင်းဆေးသမားတော် များ  ညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာနှီးနှောဖလှယ်ပွဲ  ကျင်းပ ရေးဦးစီး      ကော်မတီနာယက  နိုင်ငံတော်        စီမံအုပ်ချုပ်ရေး ကောင်စီ  ဒုတိယဥက္ကဋ္ဌ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း၏ ညီလာခံအဖွင့် မိန့်ခွန်းပါ   မိန့်ကြားချက်များကို       လုပ်ငန်းလမ်းညွှန်အဖြစ်    ခံယူ ဆောင်ရွက်သွားရန်နှင့်    မြန်မာ့ တိုင်းရင်းဆေး     သမားတော်များ     ညီလာခံတွင်    တင်သွင်းသည့် အဆိုပြုချက်များနှင့်  စပ်လျဉ်း၍ အစည်းအဝေး၏ ဆန္ဒသဘော ထား    ရယူကာ   အဆိုများကို    အတည်ပြု     မှတ်တမ်းတင်ခဲ့ကြ ကြောင်း သိရသည်။        

         
  သတင်းစဉ်