
နယူးဒေလီ အောက်တိုဘာ ၁၉
၂၀၄၀ ပြည့်နှစ်တွင် လပေါ်သို့ အာကာသယာဉ်မှူးများ စေလွှတ် ရန် ရည်ရွယ်ထားသည်ဟု အိန္ဒိယ အာကာသအေဂျင်စီက ကြေညာ ခဲ့သည်။
လမျက်နှာပြင်ပေါ်သို့ မကြာ သေးမီကမှ လစူးစမ်းလေ့လာရေး ယာဉ် အောင်မြင်စွာ ဆင်းသက် နိုင်ခဲ့ပြီးနောက် ယခုလိုကြေညာခဲ့ ခြင်းဖြစ်သည်။ အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာမိုဒီသည် အိန္ဒိယ အာကာသသုတေသန အဖွဲ့ အစည်း၏ အကြီးအကဲနှင့် သိပ္ပံ နှင့် နည်းပညာဝန်ကြီးတို့နှင့် တွေ့ဆုံပြီးနောက် အာကာသ စူးစမ်းရှာဖွေရေးတွင် နိုင်ငံတော် ၏ ကတိကဝတ်များကို အတည် ပြုခဲ့သည်။ နိုင်ငံအနေဖြင့် ယခု ထက်ပို၍ ကြီးမားသောရည်မှန်း ချက်ပန်းတိုင်များ ထားရှိသင့် ကြောင်း မိုဒီက ပြောသည်။
လူလိုက်ပါသည့် အာကာသ ယာဉ် လပေါ်သို့ စေလွှတ်နိုင်ရေး နှင့် ၂၀၃၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ၏ ကိုယ်ပိုင်အာကာသစခန်း ဆောက်လုပ်နိုင်ရေးတို့ ပါဝင်သည်။ ဩဂုတ်လအတွင်း ချန်ဒရာယန် -၃ ကို လတောင်ဝင်ရိုးစွန်းတွင် ဆင်းသက်နိုင်ခဲ့ပြီး လူမဲ့ လဆင်း ယာဉ်ကို တောင်ဝင်ရိုးစွန်းတွင် ဆင်းသက်နိုင်သည့် ပထမဆုံး နိုင်ငံဖြစ်လာခဲ့သည်။
အဆိုပါ လဆင်းယာဉ်သည် လမျက်နှာပြင်ပေါ်မှ အချက် အလက်များကို ကောက်ယူ စုဆောင်းခဲ့သည်။ အာကာသ စူးစမ်းလေ့လာရေးတွင် ဦးဆောင် သူနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်လာ စေရန် အိန္ဒိယက ရည်မှန်းထား သည်။
အင်န်အိတ်ချ်ကေ