၂၀၂၇ ခုနှစ်အထိ ရီးရဲမက်ဒရစ်အသင်းနှင့် တိုက်စစ်ကစားသမား ဗင်နီစီးယပ်စ် စာချုပ်သစ် ချုပ်ဆို

 

ရီးရဲမက်ဒရစ်အသင်းတိုက်စစ်ကစားသမား ဗင်နီစီးယပ်စ်သည် ၂၀၂၇ ခုနှစ်အထိရှိမည်ဖြစ်သော   သက်တမ်းတိုးစာချုပ်    ချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ အသက် ၂၃ နှစ်အရွယ် ဘရာဇီးတိုက်စစ်ကစား သမားသည် ပွဲပေါင်း ၂၃၅ ပွဲ ပါဝင်ကစားထားပြီး သွင်းဂိုး ၅၃  ဂိုးသွင်း ယူကာ  ရီးရဲမက်ဒရစ်အသင်းနှင့် ဆုဖလားများစွာ ဆွတ်ခူးရရှိ ထားသူဖြစ်သည်။  လက်ရှိစာချုပ်  သက်တမ်းမှာ လာမည့်နှစ်တွင် ကုန်ဆုံးတော့မည်ဖြစ်သော ဗင်နီ စီးယပ်စ်သည် ၂၀၁၈ ခုနှစ်တွင် ဖလာမင်ဂိုအသင်းမှ ရီးရဲမက်ဒရစ်အသင်းထံသို့   ပေါင် ၃၈   သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာသူ ဖြစ်သည်။ 


ရီးရဲမက်ဒရစ်အသင်းတွင် လာလီဂါအမှတ်ပေး ဖလား နှစ်ကြိမ်၊ စပိန်စူပါဖလား နှစ်ကြိမ်၊ ကလပ် ကမ္ဘာ့ဖလား နှစ်ကြိမ်၊ ကိုပါဒယ်ရေးဖလားနှင့်ဥရောပ စူပါဖလားတို့ကို ဆွတ်ခူးရရှိအောင် စွမ်းဆောင်ထားနိုင်သည်။                                        

အောင်ဇော်