
ရန်ကုန် အောက်တိုဘာ ၁၂
၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန် ပထမအဆင့်ခြေစစ်ပွဲ ပထမ အကျော့အဖြစ် မြန်မာ့လက်ရွေးစင် အသင်းနှင့် မကာအိုလက်ရွေးစင် အသင်းသည် အောက်တိုဘာ ၁၂ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း ၌ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်း က ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ သည်။
မြန်မာ့လက်ရွေးစင် အသင်း အနေဖြင့် ယခုနှစ်အတွင်း ပထမ ဆုံးကစားရသည့် နိုင်ငံတကာ ပြိုင်ပွဲတွင် မကာအိုအသင်းကို ဂိုးပြတ်အနိုင်ရခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် မကာအို အသင်းကို ဂိုးပြတ်အနိုင်ရခဲ့သဖြင့် ဒုတိယအကျော့ အဝေးကွင်း ကစားရန် ကျန်သေးသော်လည်း ဒုတိယအဆင့်ခြေစစ်ပွဲ တက် ရောက်ရန် အခြေအနေကောင်း သွားခဲ့သည်။ မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် ယခုနောက်ပိုင်း ကစားသည့် နိုင်ငံတကာပြိုင်ပွဲ များတွင် ဂိုးပြတ်အနိုင်ရလဒ် ပြန်လည် ရယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
မြန်မာအသင်းသည် ဆန်း ဆက်နိုင် (ဂိုး)၊ ဟိန်းဖြိုးဝင်း၊ စိုးမိုးကျော်၊ ဟိန်းဇေယျာလင်း၊ သက်ဟိန်းစိုး၊ နေမိုးနိုင်၊ ကျော်မင်းဦး၊ လွင်မိုးအောင်၊ မောင်မောင်လွင်၊ အောင်သူ၊ သန်းပိုင်တို့ဖြင့် ပွဲထွက်ခဲ့သည်။ အဝေးကွင်း လာရောက်ကစား သည့် မကာအိုအသင်း၏ ခံစစ် ကစားပုံကြောင့် မြန်မာအသင်း သည် ပွဲစကတည်းက ဖိကစားနိုင် သော်လည်း မကာအိုအသင်းက ခံစစ်တွင် စုပြုံပိတ်ဆို့ကစားနေ သဖြင့် ထင်တိုင်းမပေါက်ခဲ့ပေ။ ၄၃ မိနစ်တွင် မြန်မာအသင်း ဦးဆောင်ဂိုးရခဲ့ပြီး လွင်မိုးအောင် က သွင်းယူကာ ပထမပိုင်းအပြီး တွင် တစ်ဂိုးအသာဖြင့် ဦးဆောင် နေသည်။ ဒုတိယပိုင်းအစတွင် မကာအိုအသင်း ချေပဂိုးပြန်ရရန် ကြိုးပမ်းလာပြီး ၅၅ မိနစ်တွင် တိုရာရိုက ဂိုးပြန်သွင်းခဲ့သည်။ မြန်မာအသင်းသည် ချေပဂိုးပေး လိုက်ရပြီး ခုနစ်မိနစ်အကြာတွင် ဒုတိယဂိုးပြန်ရခဲ့ပြီး နောက်ခံလူ စိုးမိုးကျော်က သွင်းယူခဲ့ခြင်းဖြစ် သည်။ ယင်းနောက်ပိုင်းတွင် မြန်မာအသင်းက ကစားသမား များ ပြောင်းလဲကာ တိုက်စစ်မြင့်ခဲ့ ပြီး ဂိုးထပ်မံရရှိရန် ကြိုးပမ်းခဲ့ သည်။ ကစားအားကျသွားသည့် မကာအိုအသင်းကြောင့် မြန်မာ အသင်း အခွင့်အရေးပိုရလာပြီး ၈၂ မိနစ်တွင် အောင်ကောင်းမာန်၊ ၉၀+၁ မိနစ်တွင် နေမိုးနိုင်၊ ၉၀+၄ မိနစ်တွင် လွင်မိုးအောင်တို့က အနိုင် ဂိုးများ ထပ်မံသွင်းယူခဲ့သည်။
မြန်မာအသင်းနှင့် မကာအို အသင်းတို့၏ ဒုတိယအကျော့ပွဲကို အောက်တိုဘာ ၁၇ ရက်တွင် မကာအို၌ ကျင်းပမည်ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-သော်လေး