၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲဒုတိယအဆင့် အုပ်စုပွဲစဉ်ကို မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်မည်

 

နေပြည်တော်   မတ်   ၁၉
၂၀၂၆    ကမ္ဘာ့ဖလားခြေစစ်ပွဲ    ဒုတိယ အဆင့်   အုပ်စုပွဲစဉ်အဖြစ်   မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းနှင့် ဆီးရီး ယား  လက်ရွေးစင်  ဘောလုံးအသင်းတို့ သည် မတ် ၂၁ ရက် ညနေ ၆ နာရီတွင် ရန်ကုန်မြို့   သုဝဏ္ဏအားကစားကွင်း၌      ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အဆိုပါ  ပွဲစဉ်ကို   ယင်းနေ့   ညနေ ၅ နာရီ ၄၅ မိနစ်မှစတင်၍ MRTV HD Channel ၊ MRTV Parliament Chan-nel၊ Skynet Sports HD ၊ Sports 4 နှင့် Channel 9 တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်သွားမည်ဖြစ်ပြီး မြန်မာ့အသံ ရေဒီယိုနှင့်   MRTV   App:    အပါအဝင် Online     တို့မှလည်း      တစ်ပြိုင်တည်း ထုတ်လွှင့်ပေးမည်ဖြစ်သည်။  
သတင်းစဉ်