၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲအုပ်စုတွင် ပါဝင်သည့်အသင်းများ စုံလင်စွာထွက်ပေါ်လာပြီး မြန်မာအသင်း ဂျပန်နှင့် အဝေးကွင်း စတင်ကစားရမည်

 

ရန်ကုန်  အောက်တိုဘာ  ၁၉


၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုတွင်    ပါဝင်သည့်အသင်းများ    စုံလင်စွာထွက်ပေါ်လာပြီဖြစ်ပြီး   မြန်မာ အသင်းသည်  အာရှထိပ်သီး ဂျပန်အသင်းနှင့်  အဝေးကွင်း  စတင် ကစားရမည်ဖြစ်သည်။


ပထမအဆင့်ခြေစစ်ပွဲများမှာ အောက်တိုဘာ ၁၇ ရက်က  ကျင်းပ ပြီးစီးသွားပြီဖြစ်သောကြောင့် ဒုတိယအဆင့်ခြေစစ်ပွဲ  အုပ်စုအဆင့်  တက်ရောက်သည့်အသင်းများ  စုံလင်စွာထွက်ပေါ်လာပြီး   မြန်မာ အသင်းသည် အုပ်စု (B) ၌ ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီးယားတို့နှင့် ကျရောက်ခဲ့သည်။ ဒုတိယအဆင့်အုပ်စုပွဲများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ မှ ၂၀၂၄ ခုနှစ် ဇွန်လအထိ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့်   ကျင်းပမည်ဖြစ်သည်။       


မြန်မာအသင်းသည်    အုပ်စုပွဲများအဖြစ်   နိုဝင်ဘာ ၁၆  ရက်တွင် ဂျပန်အသင်းနှင့် အဝေးကွင်း၊ နိုဝင်ဘာ ၂၁ ရက်တွင် မြောက်ကိုရီးယားအသင်းနှင့် အိမ်ကွင်း၊ မတ် ၂၁ ရက်တွင် ဆီးရီးယားအသင်းနှင့် အိမ်ကွင်း၊ မတ် ၂၆ ရက်တွင် ဆီးရီးယားအသင်းနှင့်  အဝေးကွင်း၊ ဇွန် ၆ ရက်တွင် ဂျပန်အသင်းနှင့် အိမ်ကွင်း၊ ဇွန် ၁၁ ရက်တွင်  မြောက်ကိုရီးယားအသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။


ပထမအဆင့်ခြေစစ်ပွဲတွင်   မြန်မာအသင်းက မကာအိုအသင်းကို   နှစ်ကျော့ပေါင်း  ၅-၁   ဂိုး၊ ပါကစ္စတန်အသင်းက ကမ္ဘောဒီးယားအသင်းကို နှစ် ကျော့ပေါင်း ၁-ဝ ဂိုး၊  အာဖဂန်နစ္စတန်အသင်းက မွန်ဂိုလီးယားအသင်းကို နှစ်ကျော့ပေါင်း ၂-ဝ ဂိုး၊ ဘင်္ဂလားဒေ့ရှ်အသင်းက   မော်လ်ဒိုက်အသင်းကို နှစ်ကျော့ပေါင်း ၃-၂ ဂိုး၊ စင်ကာပူအသင်းက  ဂူအမ် အသင်းကို နှစ်ကျော့ပေါင်း ၃-၁ ဂိုး၊ ယီမင်အသင်း က သီရိလင်္ကာအသင်းကို နှစ်ကျော့ပေါင်း  ၄-၁  ဂိုး၊ တရုတ်(တိုင်ပေ)အသင်းကတီမောအသင်းကို နှစ်ကျော့ ပေါင်း ၇-ဝ ဂိုး၊ အင်ဒိုနီးရှားအသင်းက   ဘရူနိုင်း အသင်းကို နှစ်ကျော့ပေါင်း ၁၂-ဝ ဂိုး၊ ဟောင်ကောင် အသင်းက  ဘူတန်အသင်းကို နှစ်ကျော့ပေါင်း ၄-၂  ဂိုး၊ နီပေါအသင်းက လာအိုအသင်းကို နှစ်ကျော့ပေါင်း ၂-၁ ဂိုးဖြင့် အနိုင်ရသည်။

 ထို့ကြောင့်  ပထမအဆင့် ခြေစစ်ပွဲတွင် အသင်းစုစုပေါင်း ၂၀ ဝင်ရောက်ယှဉ်ပြိုင် ရာ     မြန်မာအသင်းအပါအဝင်   အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ စင်ကာပူ၊ ယီမင်၊ ပါကစ္စတန်၊ တရုတ် (တိုင်ပေ)၊ အင်ဒိုနီးရှား၊ ဟောင်ကောင်နှင့် နီပေါအသင်း တို့    ဒုတိယအဆင့်ခြေစစ်ပွဲ    တက်ရောက်ခဲ့သည်။ ဒုတိယအဆင့်အုပ်စုများကို   ပထမအဆင့်  ခြေစစ်ပွဲ မဲခွဲကတည်းက တစ်ပေါင်းတည်း ရေးဆွဲထားခြင်း ဖြစ်ပြီး အုပ်စု (A) တွင် ကာတာ၊ ကူဝိတ်၊ အိန္ဒိယ၊ အာဖဂန်နစ္စတန်၊ အုပ်စု (B) တွင် ဂျပန်၊ ဆီးရီးယား၊ မြောက်ကိုရီးယား၊ မြန်မာ၊ အုပ်စု (C) တွင်  တောင် ကိုရီးယား၊ တရုတ်၊ ထိုင်း၊ စင်ကာပူ၊ အုပ်စု (D) တွင် အိုမန်၊ ကာဂျစ္စတန်၊  မလေးရှား၊  တရုတ်(တိုင်ပေ)၊ အုပ်စု(E)တွင် အီရန်၊ ဥဇဘက်ကစ္စတန်၊ တာ့ခ်မင် နစ္စတန်၊  ဟောင်ကောင်၊ အုပ်စု (F) တွင် အီရတ်၊ ဗီ ယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အုပ်စု(G)တွင် ဆော်ဒီ အာရေဗျ၊ ဂျော်ဒန်၊ တာဂျစ်ကစ္စတန်၊ ပါကစ္စတန်၊ အုပ်စု (H) တွင် ယူအေအီး၊ ဘာရိန်း၊ ယီမင်၊ နီပေါ၊ အုပ်စု(I)တွင် သြစတြေးလျ၊ ပါလက်စတိုင်း၊ လက်ဘနွန် နှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ပါဝင်နေသည်။ 


ရဲရင့်လွင်၊ ဓာတ်ပုံ-MFF