နေပြည်တော်   နိုဝင်ဘာ  ၁၅
အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့က အိမ်ရှင်အဖြစ် ပူးတွဲ ကျင်းပမည့် ၂၀၂၆ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် အာရှဇုန် ခြေစစ်ပွဲ၏ ပထမဆုံးပွဲစဉ်အဖြစ် မြန်မာအမျိုးသား လက်ရွေးစင် အသင်းနှင့် ဂျပန်အသင်းတို့သည် နိုဝင်ဘာ ၁၆ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ဂျပန်နိုင်ငံ အိုဆာကာမြို့ရှိ Panasonic Stadium Suita ၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အဆိုပါ  ယှဉ်ပြိုင်ကစားကြပုံများကို  နိုဝင်ဘာ ၁၆ ရက် (ယနေ့) ညနေ  ၄ နာရီ ၁၅ မိနစ်မှ စတင်၍ MRTV-HD ၊ MRTV Sports Channel ၊ MRTV Farmers’ Channel၊ MRTV Parliament Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်သွားမည်ဖြစ်ပြီး မြန်မာ့အသံရေဒီယို နှင့် MRTV APP: အပါအဝင် Online တို့မှလည်း တစ်ပြိုင်တည်း ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။                  
သတင်းစဉ်
      


