၂၀၂၅ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန်များကို ဆက်လက်ထမ်းဆောင်လိုကြောင်း ထိုင်းဝန်ကြီးချုပ်ပြော

 

ဘန်ကောက်    ဒီဇင်ဘာ   ၇ 


ထိုင်းဝန်ကြီးချုပ်သည်   မကြာမီ ကျင်းပတော့မည့်    အထွေထွေ ရွေးကောက်ပွဲများအပြီး နောက် ထပ် နှစ်နှစ်ကြာသည့်တိုင် ဝန်ကြီး ချုပ်အဖြစ် တာဝန်များ ဆက်လက် ထမ်းဆောင်ရန်         ရည်ရွယ် ထားကြောင်း   ပြောကြားလိုက် သည်။ 
ဝန်ကြီးချုပ်သည်     နိုင်ငံ့ ခေါင်းဆောင်တစ်ဦး   အနေဖြင့် ၎င်း၏    အနာဂတ်နိုင်ငံရေးကို ပထမဆုံး မှတ်ချက်ပြု ပြောကြား ခဲ့ခြင်းဖြစ်သည်။ 
ပရာယွတ်ချန်အိုချာ    သည် သတင်းထောက်များကို ဒီဇင်ဘာ ၆ ရက်က ထိုသို့ပြောကြားလိုက် ခြင်းဖြစ်သည်။ 
ပရာယွတ်ချန်အိုချာ    သည် ဝန်ကြီးချုပ်ရာထူးတွင်  လာမည့် ၂၀၂၅   ခုနှစ်အထိ     ဆက်လက် တာဝန်     ထမ်းဆောင်လိုသေး ကြောင်း ပြောကြားလိုက်သည်။ 
ဖွဲ့စည်းပုံ   အခြေခံဥပဒေက ခွင့်ပြုသည့် ရှစ်နှစ်ကြာသက်တမ်း ပြီးဆုံးချိန်    ၂၀၂၅   ခုနှစ်အထိ တာဝန်များ      ဆက်လက်ထမ်း ဆောင်သွားမည်ဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင်        အာဏာကို  လွှဲပြောင်းပေးမည်   ဖြစ်ကြောင်း   ပြောကြားလိုက်သည်။ 

ဆင်ဟွာ